ဘဝ
မွေးဖွားခြင်းကစခဲ့တယ်။
ဘာမှမသိတဲ့ ကလေးငယ်ဘ၀ကနေ
တရွေ့ရွေ့နဲ့သိလာ
ဒါကအမိ ဒါကအဖတဲ့။
တစစနဲ့ ကြီးပြင်းလာ
ဒါကသူငယ်ချင်း ဒါကမိတ်ဆွေ
ဒါက၀ံပုလွေ ဒါကရန်သူ
ဒါကချစ်သူ ဒါကမယား
ဒါကသား ဒါကမြေးမြစ်
တရစ်ရစ်နဲ့ နှောင်ဖွဲ့လာ
မရုန်းထွက်သာတဲ့ဒီသံယောဇဉ်ကြိုးများ...
ဘကုန်းရယ်
ဝလုံးရယ်
နှစ်လုံးထံနဲ့ ရှုတ်နေတဲ့အရာ
အဲဒါဘ၀ပေါ့...
တစ်ရက်ရက်နဲ့ အိုမင်းလာ
သေခြင်းတရာလည်း နီးကပ်လာတော့
စည်းကပ်ပြီ ဘုရားတရား
မှားပြီးရင်းမှားခဲ့တာတွေ
သွားပြီးရင်သွားရဦးမယ် သံသရာဝဲ
ကဲ...ဘ၀ဆိုတာဒါပါပဲ...
မွေးဖွားခြင်းကစ
သေဆုံးခြင်းနဲ့ တခန်းရပ်
ဘ၀အစနဲ့ နိဂုံးကမတ်
မမုန်းလေသမျှ
လည်ပတ်ကြရလေဦးမှာ
သမုဒ္ဒရာပမာ ဒီသံသရာထဲ...
ကိုသူ
Tuesday, December 11, 2007
ဘဝ
Posted by
wkthu
at
10:58 AM
1 comments
Monday, December 3, 2007
ပါရစေ....
မင်းဘာဖြစ်ဖြစ်
မင်းစိတ်ညစ်ညစ်
မင်းသိပ်ပျော်ပျော်
အဖော်ဘေးနား
အားပေးဖေးမ
ထာဝရပါကွာ
နေပါရစေ..
မင်းဘယ်သွားသွား
မင်းအနားယူယူ
မင်းလှုပ်ရျားရှား
အနားနားမှမခွာ
မကွာအစဉ်မြဲ
လက်တွဲကာသာ
နေပါရစေ...
မင်းဘယ်လိုထင်ထင်
မင်းဘယ်လိုမြင်မြင်
မင်းဘယ်လိုကြားကြား
တစ်ပါးသူစကား
နားမယောင်ပါနဲ့
မင်းစိတ်နဲ့ပြန်လှန်
ဝေဖန်ဆုံးဖြတ်အပြစ်ပေးပါကွယ်...
ငါဘာသိသိ
ငါဘာရှိရှိ
ငါဘာဖြစ်ဖြစ်
မင်ူကိုချစ်တာ
ဒီသစ္စာနဲ့
မေတ္တာတွေသာ
ရှေ့မှာထားမည်
ယုံကြည်ပါနော်
ဖော်မွန်ပမာ
တစ်သက်စာလေ
နေပါရစေ.....
ကိုသူ
Posted by
wkthu
at
3:09 PM
0
comments
အဓိက
ပြောနေတိုင်းလည်း ကြားသည်မဟုတ်ပါ
စိတ်မှာသိကာ ကြားနိုင်ပါသည်။
မြင်နေတိုင်းလည်း တွေ့သည်မဟုတ်ပါ
စိတ်မှာသိကာ တွေ့နိုင်ပါသည်။
အနားနေတိုင်းလည်း ရှိသည်မဟုတ်ပါ
စိတ်မှာသိကာ ရှနိုင်ပါသည်။
သွားပေမယ့်လည်း ရောက်သည်မဟုတ်ပါ
စိတ်မှာသိကာ ရောက်နိုင်ပါသည်။
ပြောပေမယ့် မကြား
မြင်ပေမယ့် မတွေ့
အနားနေပေမယ့် မရှိ
သွားပေမယ့် မရောက်သော
သဘောတွေရှိလေရဲ့...
စိတ်မှာသိက
မပြောလည်းကြား
မမြင်လည်းတွေ့
အနားမနေလည်း ရှိ
မသွားလည်းရောက်သော
ဒီသဘောတွေပါ
စိတ်သာရှိပါ
စိတ်သာအဓိကပါကွယ်...
ကိုသူ
Posted by
wkthu
at
2:21 PM
0
comments