Friday, December 30, 2011

ဓါးသွေးကျောက်များ

ဓါးသွေးကျောက်တွေ
ဓါးများကိုထက်စေခဲ့
ချွန်ဆိုဖို့ရည်ရွယ်ချက်တစ်ခုတည်းနဲ့
ဓါးတွေအတွက်
ဓါးတွေလက်စေ
ဝင်းစေလင်းစေ
ပြောင်စေရောင်စေ
အောင်စေ
ပြီးတော့ ပန်းများကိုလန်းပွင့်စေသော ဥယျာဉ်မှူးများ
(၂၅ကြိမ်မြောက် မုံရွာ အ.ထ.က(၁) အာစရိပူဇော်ပွဲ အမှတ်တရ)
ဆရာများအားလုံးကို လေးစားဦးညွတ်ကန်တော့လျက်)

ကဗျာ..ကဗျာ...

ကဗျာ..ကဗျာ...

တစ်ခါတစ်ခါ အချစ်

တစ်ခါတရံ အလွမ်း

တစ်ခါတလေ အမုန်း

ကြင်နာခြင်းတလှည့်

နာကျင်ခြင်းတစ်လီ

ရူးမိုက်ခြင်းတစ်ခါ

ခွင့်လွှတ်ခြင်းတစ်ဖန်

မှန်ကန်ခြင်းလည်းပါ

မှားတာလည်းရှိ

သိလိုက်မသိလိုက်

သေချာတာကတော့

ကဗျာဟာ...ကဗျာပါပဲလေ.....

နှစ်သစ်မှာ

နှစ်သစ်မှာ
ဘ၀သစ်နဲ့ပျော်မလား
အချစ်သစ်ရှာမလား
ဒီအတိုင်းပဲနေမလား
သေချာတာကတော့
တစ်ခုခုတော့ပြောင်းလဲသင့်တယ်
စိတ်ကလေးပဲသစ်သစ်
ဘ၀တစ်ခုလုံးပဲဖြစ်ဖြစ်
ကောင်းသောပြောင်းလဲခြင်းတစ်ခုသာဖြစ်ရင်တော့
အကောင်းဆုံးတကာအကောင်းဆုံးပေါ့

Saturday, December 24, 2011

အချစ်စစ်

ချစ်တယ်ချစ်တယ်
မဆိုရဲလည်းကွယ်
ချစ်တာချစ်တယ်
ကိုယ့်ရင်ထဲကပဲ
ပိုင်ဆိုင်ဖို့မမျှော်လင့်
စွန့်လွှတ်ရအောင်လည်း လိုမှမလို
ပိုင်ကိုမပိုင်သေးတာ
မဆိုင်လည်း ချစ်တယ်
မပိုင်လည်းချစ်တယ်
ကိုယ့်အတွက်ကတော့ ချစ်နေဖို့ပဲ
အချစ်ရဲ့အဓိကလိုအပ်ချက်

မျှော်လင့်ခြင်းအမှတ် ၁၅၀၀

ငါ့ဘ၀မှာပိုင်ရှင်မရှိဘူး
အဲ့ဒီပိုင်ရှင်မင်းဖြစ်ပေးပါလား
မင်းဘ၀မှာပိုင်ရှင်မရှိပါစေနဲ့
ရျိခဲ့ရင်ငါသာဖြစ်ပေးပါ
ငါလေ အဲဒီအခွင့်အရေးလေးရချင်မိတယ်...

ဘာလို့များ
မင်းနဲ့တွေ့ချင်မိတာလည်း...
ဘာကြောင့်မင်းအသံကြားချင်မိတာလည်း...
ဘာကြောင့်မင်းမျက်နှာမြင်တိုင်း
စိတ်ချမ်းသာနေတာလည်း...
မင်းကိုပျော်ရွှင်စေချင်တာလည်း.....
မင်းကိုခွင့်လွှတ်ချေင်တာလည်း...
မင်းကိုစိုးရိမ်နေမိတာလည်း....
ဒါတွေဟာ နှလုံးသားက ဖြစ်ပေါ်လာတဲ့...
ရင်ခုန်သံစီးချက်တစ်ခုဖြစ်နေတော့...
ဒီရင်ခုန်သံလေးကို
မင်းအသိအမှတ်ပြုနိုင်ပါစေ....

ငါလေမ၀ဲ့မရဲဆုတောင်းနေမိတယ်...
ငါရဲ့အသည်းပိုင်ရှင်ဖြစ်ပေးပါ
အဲဒါဟာ ငါ့ဘ၀ဖြစ်တည်မှုတစ်ခုပါ.....
အဲဒီဖြစ်တည်ခွင့်ကို
မင်းသာအကူအညီပေးမယ်ဆိုရင်ပေါ့.....
ငါလေ ဘာမဆိုရင်ဆိုင်ရဲပါတယ်....
ရင်ဘတ်ထဲမှာရှိတဲ့အစိတ်အပိုင်းတစ်ခုရဲ့
တောင်းဆိုမှုပါ
နားလည်ပေးပါ
လက်ခံပေးပါ
ဟင့်အင်းလို့လည်း မငြင်းလိုက်ပါနဲ့
နိုးလို့လည်း မပြောလိုက်ပါနဲ့
စစ်မှန်တဲ့စကားတစ်ခုမို့
နောက်ဆုတ်ခိုင်းမှာ ကြောက်နေမိတယ်
အကြိမ်ကြိမ်စဉ်းစားပြီးမှ တောင်းဆိုတာပါ
အထပ်ထပ်တွေးပြီးမှ
အရဲစွန့်ပြီး ဘ၀နဲ့ရင်းပြီး
ထာဝရအတွက်ပါ
တဒင်္ဂမဟုတ်ပါ
နက်ရှိုင်းသောတစ်နေရာက
သူ့အလိုလိုပေါ်ထွက်လာလို့ပါ
ဒါကြောင့် အကြင်နာတုန့်ပြန်မှုသာ
စွန့်ကြဲပါလို့
မျှော်လင့်မှုအပြည့်နဲ့
စောင့်မျှော်နေပါရစေ
ငါရဲ့ဝိညာဉ်ကို ပိုင်စိုးပေးမယ့်
ဧကရီသခင်လေးဖြစ်ပေးဖို့
မဝေးဘဲနီးလိုက်ပါလို့
တုန်ခါနေတဲ့ လှိုင်းတစ်ခုမသေအောင်
နိုးထခွင့်ပေးမှာပါလို့
ဆုတောင်းနေမိတယ်ဆိုတာ သိလိုက်ပါလို့
တမ်းတမိနေတဲ့
ကိုယ့်ရဲ့ကြယ်စင်တစ်ပွင့်ရေ.......
၁၉.၁၁.၂၀၁၁
၁၀း၄၀

ခွင့်တောင်းလွှာအမှတ် အပေါင်း ၅၈၂

တကယ်တော့မင်းကိုငါက၅၈၂ထပ်ပေါင်းချင်တာပါ

မင်းရောငါ့အပေါ် အဲဒီလိုရှိနိုင်မလား

မရှိသေးရင်ရှိလိုက်ပါ

ရှိခဲ့ရင်ထပ်တိုးလိုက်ပါ

နောက်ဆုတ်ဖို့မစဉ်းစားထားပါ

ရှေ့တိုးဖို့ခွင့်ပြုလိုက်ပါ

ငါ့အတွက် ဒီအခွင့်အရေးလေးပေးပါ

မဝေပါရစေနဲ့နီးခွင့်ပဲပေးဖို့

အနူးအညွတ်ဒူးထောက်လို့

မင်းရှေ့သို့အထပ်ထပ်တို့

မေတ္တာတရားဆက်သဖို့

ကြာင်နာလို့သစ္စာထားပါရစေတော့

မင်းလည်းငါ့လိုငါနဲ့အတူ

ထပ်တူညီစိတ်ထားလိုပ်ပါ

တစ်သက်တာစိတ်ချစွာနဲ့ပေါ့

သေချာတာမင်းဘယ်တော့မှနောင်တမရရစေဘူး..........

Sunday, December 11, 2011

သိတော့သိလာမှာပါ.....


ကလေးလေး
မင်းအတွက် အာရုဏ်
ကိုယ့်အတွက်ညနေစောင်း
ကောင်းသောနေ့တစ်ခု
မင်းအတွက်ထုဆစ်
ချစ်ပေမယ့်လက်တွဲမ၀ံ့
မချစ်သင့်ပေမယ့်ချစ်တော့ချစ်တာပါပဲလေ
မဖြေပါရစေနဲ့
စကားလုံးထက် ပိုလေးနက်တဲ့
နူးညံ့တဲ့နှလုံးသားက ထွက်လာတဲ့
ရင်ခုန်သံနရီစီးချက်တွေကို
မင်းကြားတတ်မယ်ဆို
တစ်နေ့နေ့တော့
အင်း....တစ်နေ့နေ့ပေါ့
သိတော့သိလာမှာပါ.....

Saturday, November 19, 2011

အိပ်မက်လေး

အိပ်မက်လေး
အဝေးရောက်နေဆဲ
မနီးလဲမျှော်
မလာလည်းတမ်းတ
မရလည်း ရှိ
မသိလည်း အောက်မေ့
မတွေ့လည်း ကိုယ်နဲ့မကွာ
ဒါပေမယ့်လေ....
တစ်ခါတစ်ခါ နိုးမှာစိုးကြောက်နေတတ်ပြန်ပြီလေ..
ကိုသူ(ကဗျာချစ်သူ)

ကဗျာကင်ဆာ.

ရေးသာရေးပါ
ဖတ်မဖတ်ငါမသိ
မသိချင်ရေးချင်
ရေးနေချင်တာ
ကဗျာသည်သာ
ငါ့ကမ္ဘာဖွဲ့
ရေးခဲ့ရေးသည်
ရေးနေသည်လေ
အရူးနေမြင့်
အသက်ရင့်ပြီ
မမှီဆေးစွမ်း
ကဗျာလွှမ်းနေ
ဝေဒနာကိုဆောင်း
နှောင်းအတိတ်ဟာနွေ
ရင်မှာအကြွေမိုး
ရွာသွန်းဖြိုးစေ
တိုးနေရောဂါ
ကဗျာကင်ဆာ....တဲ့....

ကိုသူ(ကဗျာချစ်သူ)

မထင်ရဘူး

မထင်နဲ့
မချစ်လို့ထားခဲသူကို တမ်းတနေမယ်လို့...

မထင်လိုက်နဲ့
နှလုံးသားနုတိုင်း ပျော့ညံ့တတ်မယ်လို့....

မထင်ပါနဲ့
ချစ်တတ်လွန်းသူတိုင်း အယုံလွယ်လိမ့်မယ်လို့....

မထင်နဲ့လေ
သဘောကောင်းတိုင်း အနိုင်ယူရလွယ်မယ်လို့....

မထင်နဲ့နော်
သည်းညည်းခံတိုင်း လွယ်လွယ်အရှုံးပေးတတ်မယ်လို့....

မထင်ရဘူး
အရူးအမူးချစ်တိုင်း လှည့်စားလို့ရမယ်လို့......

မထင်လေနဲ့
နောက်တစ်ယောက်တွဲပြတိုင်း ငိုနေမယ်လို့.....

မထင်နဲ့ဟေ
အသည်းကွဲတိုင်း ဘ၀လမ်းပျောက်သွားမယ်လို့.....

မထင်..မထင် မထင်နဲ့ဟေ့
အချစ်ကိုတန်ဖိုးထားတိုင်း လူညံ့တစ်ယောက်လို့ ထင်ရင်မှားမယ်
အမှားကြီးမှားလေမယ်ကွဲ့ အချစ်ကိုကစားတတ်သူလေးငယ်ရဲ့………
လုံးဝ လုံးဝ လုံးဝကြီးကို မထင်နဲ့နော်လေကွယ်လို့…….

အချစ်သည် တစ်ခါတရံ၌

အချစ်သည် တစ်ခါတရံ အပြုံး
တစ်ခါတလေ အငို

အချစ်သည် တစ်ခါတရံ အမဲ့
တစ်ခါတလေ အရယ်

အချစ်သည် တစ်ခါတရံ စွန့်လွှတ်ခြင်း
တစ်ခါတလေ ခွင့်လွှတ်ခြင်း

အချစ်သည် တစ်ခါတရံ အနိုင်
တစ်ခါတလေ အရှုံး

အချစ်သည် တစ်ခါတရံ အကြောင်းမဲ့
တစ်ခါတလေ အရာရာတိုင်း

အချစ်သည် တစ်ခါတရံ အေးမြ
တစ်ခါတလေ ပူပြင်း

အချစ်သည် တစ်ခါတရံ ပျော်ရွှင်ခြင်း
တစ်ခါတလေ ကြေကွဲခြင်း

အချစ်သည် တစ်ခါတရံ ပေါင်းစပ်ခြင်း
တစ်ခါတလေ လွှဲမှားနေခြင်း
ဘာ့ပဲဖြစ်ဖြစ်
အချစ်ဟာ အချစ်ပါပဲ
အသေအချာမလွဲသောမှန် ကန်ခြင်းတစ်ခု