Saturday, November 17, 2007

ကျနော့အဖော်လေးများ....


ချစ်သူက ငါ့ကို

မတွေ့လိုတဲ့အခါ

ကာရန်၊ကဗျာလေးတွေက

ဘ၀ရဲ့ အဖော်လေးတွေပေါ့...

ချစ်သူက ငါ့ကို

မမြင်လိုတဲ့အခါ

ဂစ်တာ သံစဉ်လေးတွေက

ဘ၀ရဲ့ အဖော်လေးတွေပေါ့...

ချစ်သူက ငါ့အသံကို

မကြားလိုတဲ့အခါ

အတွေးနဲ့ အိပ်မက်တွေက

ဘ၀ရဲ့ အဖော်လေးတွေပေါ့...

ချစ်သူက ငါ့ကို

လက်တွဲဖော်လို့ မထင်တဲ့အခါ

စာပေနဲ့ ၀ထ္ထုတိုလေးတွေက

ဘ၀ရဲ့ အဖော်လေးတွေပေါ့....

အဲဒီတော့ ....ချစ်သူရေ

ထားခဲရင်နေခဲ့မယ်

မင်းမုန်းရင် မေ့ပါကွယ်

မင်းမလိုရင် လက်မတွဲပါနဲ့

ဘ၀ရဲ့အဖော်လေးတွေပဲ ငါ့တစ်သက်စာရယ်...


ကိုသူ