Friday, March 28, 2008

အချစ်နတ်သမီး

လပြည့်ဝန်းလို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့

ငါရဲ့နက်ရှိုင်းတဲ့ နှလုံးသားကို အချစ်စိတ်ပေါက်ပွားစေသလား.....

နှင်းဆီဖူးလို နှုတ်ခမ်းရဲလေးက ချိုသောစကားလေးတွေနဲ့

ငါရဲ့ ကြီးမားခိုင်ခံသော အချစ်တံတိုင်းတွေကို မှိုင်းဗုံးခွဲံဖြိုချဝင်လာသလား....

ပိတုန်းရောင်ကေသာကျော့ကျော့တွေက

ချော့ကာမြူကာ အကြင်နာလှိုင်းတံပိုးများကို တိုးပွားကြီးထွားစေတာလား....

နန်းမဟာဆန်တဲ့ ကိုယ်ဟန်နွဲ့နွဲ့တွေက

ရဲ့ရဲ့လေးသာတောင် မကျန်တော့အောင် ငါ့အသည်းတံခါးကို ရိုက်ချိုးလိုက်လေသလား

ကန္တာရ ဆူးချုံတောလို မလှပတဲ့ ငါ့ဘ၀ကို

အိုအေစစ်တွေ ဖန်ဆင်းပြပြီး ဖျားယောင်းနေတာလား....

ဒဏ္လာရီပုံပြင်ဟောင်းတစ်ပုဒ်လား...

ဂန္ထ၀င်ဂီတကဗျာတစ်ပုဒ်လား...

ဆောင်းနှင်းမြူအိပ်မက်တစ်ခုလား.....

အင်း..ဒါဟာ ခြောက်သွေ့တော အပျော်ပင် ပြုန်းနေတဲ့ ငါ့နှလုံးသားဝိညဉ်တစ်စုံကို

မှော်ဆရာလို အစွမ်း

စုန်းကဝေလိုအတတ်

နတ်ဘုရားလို ဖန်ဆင်း

မင်းက ငါ့အချစ်ဗိမာန်ကို ပိုင်ဆိုးမယ့် ငါရဲ့အချစ်နတ်သမီးလား....







ကိုသူ

Wednesday, March 26, 2008

အချစ်နတ်သမီး



လပြည့်ဝန်းလို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့

ငါရဲ့နက်ရှိုင်းတဲ့ နှလုံးသားကို အချစ်စိတ်ပေါက်ပွားစေသလား.....

နှင်းဆီဖူးလို နှုတ်ခမ်းရဲလေးက ချိုသောစကားလေးတွေနဲ့

ငါရဲ့ ကြီးမားခိုင်ခံသော အချစ်တံတိုင်းတွေကို မှိုင်းဗုံးခွံဖြိုချဝင်လာသလား....

ပိတုန်းရောင်ကေသာကျော့ကျော့တွေက

ချော့ကာမြူကာ အကြင်နာလှိုင်းတံပိုးများကို တိုးပွားကြီးထွားစေတာလား....

နန်းမဟာဆန်တဲ့ ကိုယ်ဟန်နွဲ့နွဲ့တွေက

ရဲ့ရဲ့လေးသာတောင် မကျန်တော့အောင် ငါ့အသည်းတဲခါးကို ရိုက်ချိုးလိုက်လေသလား

ကန္တာရ ဆူးချုံတောလို မလှပတဲ့ ငါ့ဘ၀ကို

အိုအေစစ်တွေ ဖန်ဆင်းပြပြီး ဖျားယောင်းနေတာလား....

ဒဏ္လာရီပုံပြင်ဟောင်းတစ်ပုဒ်လား...

ဂန္ထ၀င်ဂီတကဗျာတစ်ပုဒ်လား...

ဆောင်းနှင်းမြူအိပ်မက်တစ်ခုလား.....

အင်း..ဒါဟာ ခြောက်သွေ့တော အပျော်ပင် ပြုန်းနေတဲ့ ငါ့နှလုံးသားဝိညဉ်တစ်စုံကို

မှော်ဆရာလို အစွမ်း

စုန်းကဝေလိုအတတ်

နတ်ဘုရားလို ဖန်ဆင်း

မင်းက ငါ့အချစ်ဗိမာန်ကို ပိုင်ဆိုးမဲ့ ငါရဲ့အချစ်နတ်သမီးလား....



ကိုသူ

Tuesday, March 18, 2008

အချစ်စစ်=?


'"ဟေ့ကောင် ဒိုးကြီး မင်းဟာ အချစ်စစ်မှ မဟုတ်ပဲကွ..ငါသိတယ်...အချစ်စစ်ဆိုတာ တစ်ယောက်ထဲကိုပဲ ချစ်နေရမယ်...ဒါ ငါ့အမြင်ပဲ...."
"ဒီမှာ ခိုင်ကြီး မင်းအမြင်ကို မှားတယ်လို့ ငါမပြောပါဘူး...အေး..ဒါပေမယ့်...မင်းကိုမချစ်နိုင်တဲ့ ကောင်မလေးတစ်ယောက်ကို မင်းဆက်ချစ်နေလို့ ဘာထူးမှာလည်း...ပြီးတော့ အဲဒီကောင်မလေး ယောက်ျားယူသွားပါပြီတဲ့..မင်းဆက်ချစ်နေဦးမှာလား"
''အေး...ငါ့ကတော့ ရှင်းတယ်..ဆက်ချစ်မယ်...ဒါမှ အချစ်စစ်ကွ...''
''အေး...ငါလည်းရှင်းတယ်....ငါကို မချစ်ရင် ငါ ဆက်မချစ်ဘူး...ကိုယ်ဘယ်လောက်ချစ်ကြောင်း သက်သေပြမယ်...ဒါကိုမှ မယုံရင်...ပြန်မချစ်နိုင်ရင် မချစ်ဘူးကွာ''
'' အာ...မင်းဟာ အတ္တဆန်လွန်းတယ်''
''ဟ...ငါက သူရဲ့ချစ်ပိုင်ခွင့် မချစ်ပိုင်ခွင့်ကို ဇွတ်လုပ်မယူချင်ဘူး...သူ့အလိုလိုပေါက်ဖွားလာတာမျိုးလိုချင်တာ.....ငါလည်း မိန်းကလေးတစ်ယောက်ကို ဘယ်က လာပေါ်မှန်းမသိတဲ့ အချိန်မှာ ချစ်သွားတာမျိုးကွ''
''မင်း..အချစ်က ကြောက်စရာကြီးပါလား...အမြဲတမ်းရှင်သန်နေပါလား....အဟီး''
''အေး မင်းလှောင်လည်း မတတ်နိုင်ဘူး...လူမသေရင် အချစ်မသေသေဘူး မှတ်...ဟား..ဟား...ဟား....''
''တော်ကြပါတော့ကွာ ခိုင်ကြီးနဲ့ ဒိုးကြီး ဒီမှာ ငါ့ကောင်မလေးကို တိတ်တခိုးလေးချစ်တာ လူသိသွားလို့ ဒုက္ခရောက်တဲ့ကြားတဲ့...ခွီး''
''အေး ..မျိုးကြီး...မင်းမှာလည်း သူများမြှောက်ပေးမှ မူးမူးရူးရူးနဲ့ ကောင်မလေးကို ချစ်တယ်သွားပြောတာကိုး...ဘယ်မိန်းကလေးမှ မကြီုက်ဘူး...အဲဒိလိုမျိုး''
''ဟုတ်ပါပြီ...ဒိုးကြီးရာ...ငါလည်း မျိုသိပ်ထားရလွန်းလို့ ပေါက်ကွဲထွက်သွားတာပါ...''
''အင်း...ငါ့အမြင်တော့ အချစ်ဆိုတာ တော်တော်ဆန်းကြယ်တယ်ကွ...ဆုံချင်ရင်လည်း ကြွဖန်ဆုံမယ်...မဆုံချင်ရင် ကြံဖန်ကွဲမယ်...''
''အဲဒါ...မင်းပြောမှလား ဒိုးကြီးရာ''
''အေး...ငါအတည်ပြောတာ...ရည်းစားဖြစ်ပြီးကွဲတဲ့ အတွဲတွေ...လင်မယားဖြစ်ပြီး ခွာပြဲသွားတဲ့ ချစ်သူတွေ...ချစ်ရက်နဲ့ ဝေးနေကြတာတွေ ရှိနေတယ်...ကဲ..မင်းဘာပြောမလည်း...''
''အေး....ဒါတော့ ဒါပေါ့ကွာ''
''မင်းတို့..အချစ်ကို ဘယ်လိုမြင်လည်း''
''ငါလား ..အချစ်ဆိုတာ ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို စွဲလန်းပြီး ကျန်တဲ့ဘယ်မိန်းကလေးမှ စိတ်မ၀င်စားတော့ဘူး...ငါ့အချစ်က အဲ့ဒီလို''
''ငါ့တော့...ချစ်မိရင် ရှုံးတယ်ထင်တာပဲ...ငါ့မှာ ရှုံးချည်းနေရတယ်..ငါ့မာနတွေ..ငါ့သိက္ခာတွေ အကုန်ကျနေပြီ...ဒါပေမယ့်...ငါချစ်နေတယ် ရှုံးနေတယ်''
''အင်း..ငါထင်တာပြောမယ်...မျိုးကြီး နဲ့ ခိုင်ကြီး...အချစ်ဆိုတာ စိတ်ခံစားမှုတစ်ခုပဲ...စိတ်လှည့်စားမှုလို့လည်း ပြောလို့ရတယ်...အချစ်မှာ အရှုံးအနိုင် မရှိ..ကန့်သတ်မှုမရှိ...ဆင်းရဲ ချမ်းသာမရှိ.....ဖန်တီးပိုင်ခွင့် မရှိ..ဖျောက်ဖျက်ပိုင်ခွင့်မရှိ...အချစ်ဟာ အချစ်ပါပဲကွာ....''
ကျနော်တို့ သူငယ်ချင်း သုံးယောက် ဆွေးနွေးလိုက်ကြတာ အချစ်ဆိုတာဘာလည်း...အချစ်စစ်ဆိုတာဘာလည်း မကျေလည်ကြပါ....
ဘယ်သူမှားလည်း ဘယ်သုမှန်လည်းမသိပါ...
ဘယ်တော့မှလည်းသိမယ်မထင်ပါ...
ဘယ်သုမှလည်း တိကျရေရာစွာ အဖြေမထုတ်နိုင်သော်လည်း..အချစ်နဲ့ အချစ်စစ်ဆိုတာ...ရှိတော့ရှိနေတာ အမှန့်ဲလို့ ယူဆမိပါသည်။


4.3.08
TUE
ကိုသူ