Friday, February 27, 2009

ခြေရာတွေခြားတဲ့ နွေဦးကောက်ကြောင်း

ခြေရာတွေ
ဟုတ်တယ်...
အမှတ်တရခြေရာတွေ....
နှလုံးသားတွေထဲကို
(အောက်ခြေကနေ ရင်မှာအပြည့်အနစ်)
စွဲမြဲစွာကျန်ရစ်နေတာ
တို့နှစ်ယောက်သာ အသိပါမေ....
ချိန်တစ်ခါက ပျော်ရွှင်မှုများ
စည်းခြားလိုက်ပြီလားလေ...
စိမ်းကားစွာ ပြုအားရက်
ရက်စက်တော့မလား နွေဦး
ထူးခြားတဲ့ ကောက်ကြောင်းအချို့က
ပွင့်တစ်ချို ဝေတစ်ချို့ ကြွေတစ်ချို့
တို့ သတိရနေပါရစေ ချစ်သူ
လှပခဲ့ဖူးသော စက္ကန့်လေးများ
သာယာခဲ့ဖူးသော နာရီလေးများ
ငြိမ့်ညောင်းခဲ့ဖူးသော ရက်လေးများ
နွေးထွေးခဲ့ဖူးသော နှစ်,လတွေလည်း ကြုံခဲ့
အေးမြစွာဖြတ်သန်းခဲ့ဖူးသော အချိန်များ
အော် ....အချစ်တွေ တို့နှစ်ဦးကြား ထားရှိခဲ့ဖူးကြပါတယ်မေ....
ဒါပေမယ့်လေ...ခုတော့...
အဖြစ်အပျက်များဟာ အိပ်မက်ပမာ
ညင်သာစွာ ဝေးလွင့်လေထဲသာ
ရေမှာ အရုပ်ရေး
သဲမှာအိမ်ဆောက်မိသလို
ဘာကိုမှ အပြစ်မတင်တော့ပါ
ကြမ္မာကိုလည်း လုပ်ရက်တယ် မစွပ်စွဲတော့ပါ
မနက်ြဖန်တွေကိုလည်း မျှော်လင့်မထားပါ
အတိတ်ကိုလည်း ခြေရာကောက်မနေတော့ပါ
(ရေကြည်တွေကိုတော့ မနောက်စေချင်ပါဘူး)
တစ်ခါက အကြောင်းတွေ မေ့ပစ်ဖို့
ခွန်အားတို့ မွေးခွင့်ပြုပါ
တစ်နေရာစာ ခြားနားခဲ့
အမှတ်ရစရာများပေးခဲ့ဖူးသူကို
တစ်ခုတည်းသာ
အဲ့ဒီ တစ်ခုတည်းသာ တောင်းဆို
တောင်းဆိုကာ ဒီနွေကို
ဝေဒနာရယ် ဒဏ်ရာရယ်
မေ့လွယ်ဖို့ ကြိုးစား
သက္ကရာဇ်များအား
(အတိတ်နေ့ရက်များမှာ ဆို့နင့်စွာ)
စွန့်ခွာကာချန်ထားပါရစေတော့လေ..............

ကိုသူ(ကဗျာချစ်သူ)

ကျော်ကျော်မပြောချင်သော အသဲကွဲဇာတ်လမ်းများ


ကျော်ကျော်အသဲမကွဲတတ်တော့ဘူးလား....
ကွဲတတ်ပါသေးတယ်ဗျာ....
လူပဲ မသေးသေးသရွေ့ အသည်းကရှိနေမှာကိုး.....
ဒါပေမယ့် ကျော်ကျော်အသည်းတော်တော်မာနေပြီ....
ဒဏ်ရာတွေနဲ့ပြည့်နှက်နေတာ....
နောက်ထပ် အသဲကွဲဇာတ်လမ်းတွေ ကြုံပါသေးတယ်...
ဒီတစ်ခါ နှစ်နဲ့ချီကြာပြီးမှ တစ်ခါကွဲတာပါ....
သိပ်မကွဲနိုင်တော့ဘူးလေ...
အစိပ်စိပ် အမြွာမြွှာဖြစ်နေလောက်ပြီ ကျော်ကျော်အသည်းလည်း...
နောက်ထပ် အသည်းကွဲဇာတ်လမ်းလေးတွေကို ကျော်ကျော်သူမိန်းမရမှ....
မိန်းမဆီက ခွင့်တောင်းပြီး ပြောမယ်ဆိုပဲ.....
ကျော်ကျော်ဘာကြောင့်မပြောချင်လည်း ကျော်ကျော်မှပဲသိမှာပါ....
ပရိသတ်ကြီးရေ အရမ်းသိချင်ရင်လည်း ကျော်ကျော်မိန်းမမြန်မြန်ရပါစေ ဆုတောင်းပေးလိုက်ကြပေါ့ဗျနော့....
ကျော်ကျော်ရဲ့ အသဲကွဲဇာတ်လမ်းတွေကို ဒီမှာ ခဏနားလိုက်ကြပါစို့လားဗျာ....
အသဲကွဲသမားတွေကို လေးစားလျက်ပါတဲ့ ကျော်ကျော်က.....

ကောင်မလေး(၁၁)နောက်ဆက်တွဲ


ကောင်မလေး(၁၁)လည်းအိမ်ထောင်ကျပြီးပြီ ကြားတာပဲ....
ကျော်ကျော်လား နောက်ထပ်အသဲကွဲဇာတ်လမ်းရိုက်ကောင်းနေတုန်းပဲ....
ပြောမှာပါဗျ....ပြောချင်လွန်းလို့ ရေးနေတာကို....
ကျော်ကျော်ရဲ့ တန်ဆောင်တိုင် ညကို လှပစေခဲ့တဲ့ ရွှေမင်းသမီးလေးကို သတိရနေဆဲပါပေါ့....
ကံကုန်သွားလို့ ပြန်မဆုံကြပေမယ့် နှလုံးသား အမှတ်တရကြည်နူးစရာညလေးကို ဖန်တီးပေးသွားတဲ့
ကောင်မလေး(၁၁)ရဲ့ ကျေးဇူးကိုတော့ ကျော်ကျော် ယနေ့တိုင်မမေ့နိုင်ဘူးပေါ့ဗျာ.....

ကောင်မလေး(၁၁)


ကောင်မလေး(၁၁)ကျ ကျော်ကျော်ဘွဲ့ရပြီးခါစအချိန်တွေ့တာ
ဒီတစ်ခါ ကောင်မလေး(၁၁)က စတာဗျ...
ကျော်ကျော်ဘွဲ့ရပြီးပြီးချင်း ဘွဲ့နဲ့ပတ်သက်တဲ့အလုပ်မလုပ်ဖြစ်သေးဘူး...
ဆယ်တန်းညီအငယ်ဆုံးကို ကျောင်းထားပေးဖို့ ဆယ်တန်းဂိုက်ပြပြီး ကျောင်းထားပေးနေတာ....
အဲဒီအချိန်မှာ ဖြစ်သွားတာ ဇာတ်လမ်းက....
ကျော်ကျော် စာသင်ပြီးပြန်လာရင် ဂစ်တာတီးတယ်....
အဲဒါကို ကောင်မလေးက လှမ်းလှမ်းစတယ်.....
ဟိုသီချင်းတီးပြပါ...ဒီသီချင်းဆိုပြပါ လှမ်းလှမ်းတောင်းတယ်.....
ကျော်ကျော်လည်း တီးပြတာပေါ့......
ကောင်မလေး(၁၁)က မုန့်လိုက်ကျွေးတယ် ကျော်ကျော်ကို.....တီးပြပြီးရင်....
ပြီးတော့ ဂစ်တာချင်းလဲတီးတယ် .... ကောင်မလေးကလည်းတီးတတ်တာကိုး......
အဲဒါနဲ့ ကျော်ကျော်မွေးနေ့ရောက်လာတာပေါ့.....
ဒါနဲ့ ကျော်ကျော်လည်း မုန်းကျွေးချင်တာနဲ့ စာသင်သွားတဲ့စက်ဘီးစုတ်လေးကို စီးပြီး ကောင်မလေးကို လိုက်ရှာတယ်....
သူငယ်ချင်းလည်းပါတယ်....တစ်ယောက်ထဲမခေါ်ရဲလို့.....
ရှာမတွေ့ဘူး တော်တော်နဲ့.....
တွေ့မယ့်တွေ့တော့ ကောင်မလေးက ပရာဒိုကားနဲ့ လာတာဗျ....
သေရော....ကျော်ကျော် ဘာလုပ်ရမှန်းမသိဘူး...
သူငယ်ချင်းကလည်း မထူးဘူးကွာ တွေ့မှတော့ ခေါ်သာခေါ် မြှောက်ပေးတယ်.....
ကျော်ကျော်လည်း အရဲစွန့်ပြီး ငါမွေးနေ့ နင့်ကို မုန့်ကျွေးချင်လို့ပါဟာ လို့....ပြောတော့....
အဲ...တဲ့.....ငါသွားစရာရှိလို့ပါဟာ..တဲ့...မဟုတ်ရင် လိုက်စားပါတဲ့ဟာ တဲ့....
နောက်နေ့ပေါ့တဲ့.....
ကျော်ကျော်လည်း....အေးဟာ...အေးဟာ...နောက်နေ့မှပေါ့ ဆိုပြီး....အောင်မြင်စွာဆုတ်ခွာလာရတယ်ပေါ့ဗျာ......
ကျော်ကျော်သတ္တိ မခေဘူးဗျနော်....
ပရာဒိုစီးလာတဲ့ကောင်မလေးကို စက်ဘီးစုတ်နဲ့ မုန့်စားလိုက်ဖို့ခေါ်ရဲတာ....
ခင်ဗျားတို့လုပ်ရဲလား ကျော်ကျော်က လုပ်ရဲတယ်....
အဲဒါမျိုးမရှက်ဘူး....မဟုတ်တာ လုပ်ရတာပဲရှက်တာ....
မှတ်မှတ်ရရ ကောင်မလေးရဲ့ တုန့်ပြန်မှုက...
တန်ဆောင်တိုင်လပြည့်ညမှာ ကျော်ကျော်ကို တညလုံး မယ်ဇလီဖူးသုတ်ကျွေးတာဗျ....
ကုန်ရင် ထပ်သုတ်ပေးတယ်....
ကျော်ကျော်ကလည်း မမောမပန်း တညလုံး အသုပ်စားလိုက် ရေသောက်လိုက်...ဂစ်တာတီးလိုက်နဲ့.....
ဆိုတော့......နောက်နေ့ အသံမထွက်တဲ့ အထိပဲ.....
အဲဒါနောက်ဆုံးတွေ့တာပဲဗျာ...
မနက်မှာ လာနှုတ်ဆက်တယ်....
သူမြို့ကို သူပြန်တော့မယ်တဲ့....
ခုလို ခင်မင်ရင်းနှီးရတာ ၀မ်းသာပါတယ်....တဲ့...
ကံမကုန်ရင် ပြန်ဆုံကြတာပေါ့....တဲ့...
ဒါပေမယ့် နောက်ထပ် မဆုံဖြစ်ကြတော့ဘူးဗျာ....
အဲ့ကောင်မလေးကို နောက်ထပ်မတွေ့တော့ဘူးဗျ....
ဒီတစ်ခါတော့ ကျော်ကျော်အသဲက ဘာမှမဘာလိုက်ရပဲ ကွဲလိုက်ရသပေါ့ဗျာ..........

ကောင်မလေး(၁၀)နောက်ဆက်တွဲ


ကောင်မလေး(၁၀)ကို ပြန်တွေ့သေးတယ်....
အဆင်ပြေပါတယ်....ကျော်ကျော်ကို အထင်ကြီးလေးစားတာကိုး....
ကောင်မလေး(၁၀)က သူကပဲပြန်ခေါ်တယ်.....ပြုစုတယ်....
ကျော်ကျော်ကို ဆရာတစ်ယောက်လို တပည့်တစ်ယောက်လို.....
ကျော်ကျော်ကလည်း တကယ့်ညီမလို တပည့်လို ဆက်ကူညီစောင့်ရှောက်တယ်....ချစ်တယ်...
အဲ့ကောင်မလေးကို ထပ်တော့ ဖွင့်မပြောဖြစ်ဘူး....
ချစ်နေပါသေးတယ် ဆက်ပြီး....
ကောင်မလေး(၁၀)ကတော့ မချစ်ဘူးထင်တယ်ဗျ....
ကျော်ကျော်အချစ်ကိုတောင် အလွဲသုံးစားလုပ်သွားသေးတယ်...
ကျော်ကျော်သိသိနဲ့ ခံပေးလိုက်ပါတယ်....
ဒါပေမယ့် ကျော်ကျော်အဆက်အသွယ်မလုပ်တော့ဘူး အဲ့ကောင်မလေးကို....
ကျော်ကျော်အရည်အချင်းတစ်ခုက ကိုယ့်ကို စော်ကားနင်းခြေသွားတဲ့သူတောင် လက်တုန့်မပြန်ပဲ ကိုယ့်အတွက်သင်ခန်းစာပေးတဲ့လူလို့ သတ်မှတ်တတ်တဲ့ အကျင့် ကျော်ကျော်ရလာတယ်....
ကျော်ကျော်ရဲ့အလေ့အထတစ်ခုဆိုလည်း မမှားဘူးပေါ့ဗျာ.................

ကောင်မလေး(၁၀)


ကောင်မလေး(၁၀)ကလည်း ကျော်ကျော်တပည့်ပဲ...
ဒီတပည့်ကျ စာသင်နေတုန်းက တကယ်ကိုမချစ်ခဲ့တာ....
တကယ့်တပည့်တစ်ယောက်လိုပဲ သေချာသင်ပေးတာ...
ကျော်ကျော်က စည်းကမ်းရှိပါတယ်...
တပည့်ကို မချစ်သင့်ဘူး....ဆိုပြီး...ကိုယ့်ကိုယ်ကိုယ်သတိပေးတာ...
အရင်နှစ်ယောက်တုန်းကလည်း ချစ်တာပဲရှိတာ....
သူတို့ပညာရေးမထိခိုက်အောင် အမြဲသတိထားတယ်.....
ဒီလောက်ဆို ကျော်ကျော်မဆိုးဘူးဆိုတာ လက်ခံပေးပါ အားနာပါနာနဲ့ပေါ့လေ......
တော်တော်ကြာမှ ပြန်တွေ့ စာတွေအပြန်အလှန်ရေး ဖုန်းတွေအမြဲတမ်းပြော....
တော်တော်ကြာမှ ချစ်မိသွားတာ
ဖွင့်ပြောခဲ့တယ် ကျော်ကျော် အဲ့ကောင်မလေးကို တရုတ်လိုပြောခဲ့တာဗျ...."ဝေါ်အိုက်နီ"လို့...
ကောင်မလေး(၁၀)က တရုတ်လိုနားလည်တယ်....
ချက်ချင်းအဖြေပေးတယ်...မုန်းတယ်တဲ့.....တန်းနေတာပဲ....
ကျော်ကျော် အသည်းတစ်ရက်ကွဲပြခဲ့တယ်...အဲ့ကောင်မလေးကို.....
နောက်ထက်မစဉ်းစားတော့ပါဘူး......ကွဲပြဖို့.....
ခုနောက်ပိုင်း ကျော်ကျော်အသည်းကို ကြာကြာမကွဲတတ်တော့ဘူး....
ကွဲတယ်ဆိုရုံလေးပဲ ကွဲတော့တယ်....
မသိမသာလေးပေါ့ဗျာ.....
အသဲကွဲသက် တော်တော်ကြီးနေပြီကိုးဗျနော့...............

ကောင်မလေး(၉)နောက်ဆက်တွဲ


ကောင်မလေး(၉)ကို ကျော်ကျော် အကြိမ်ကြိမ်တွေ့ဖို့ ကြိုးစားပါတယ်...
တွေ့ပါတယ်...အဖြေတော့မရခဲ့ဘူးဗျ.....
နောက်ဆုံးတွေ့တာက ရုပ်ရှင်ရုံမှာဗျ....
ကျော်ကျော်က မောင်နှမတွေနဲ့
သူလည်း သူငယ်ချင်းတွေနဲ့.....
နောက်ပိုင်း ကျော်ကျော်နဲ့မတွေ့ဖြစ်တော့ဘူး....
အိမ်ထောင်ကျပြီးပြီလား မပြီးလားတော့ မသိဘူးပေါ့ဗျာ.....
ကျော်ကျော်တို့ရဲ့ ကံဇာတာစန်းလာဘ်ကိုက ကွဲရမယ်ထုံးစံအတိုင်းပဲလေဗျာ...သိပါတယ်နော့...........အဟတ်ဟတ်...

ကောင်မလေး(၉)


ကောင်မလေး(၉)ကလည်း ကျော်ကျော်တပည့်ပဲ
ဒီတပည့်ကျ ကျော်ကျော်စာကိုပဲ သေချာသင်တယ်...
လုံးဝ ဆရာစစ်စစ် ဖြစ်သွားတယ်
ကောင်မလေး ဆယ်တန်းကို ချောမောစွာဖြေနိုင်အောင် အစစကူညီတယ်....
ကောင်မလေး(၉)က တော်တော်ပွေတယ်ဗျ....
ကျော်ကျော်စကားတော့နားထောင်တယ်။
ဖွင့်မပြောဘူး ရင်ထဲကပဲချစ်နေခဲ့တာ
ကောင်မလေး(၉)ကို သေချာကို စောင့်ရှောက်ခဲ့တာ တပည့်လို ညီမလို
ကောင်မလေး(၉) ဆယ်တန်းအောင် ပြီးပြီချင်း ကျော်ကျော်ဖွင့်မပြောသေးဘူး
တော်တော်ကြာမှ ဖွင့်ပြောတယ် ဖုန်းနဲ့.....
ကောင်မလေး(၉)က လက်ခံစကားပြောတယ်....
ဒါပေမယ့် အဖြေမပေးခဲ့ပါဘူး....
ဆရာဆိုတော့ မပြောရက်တာနေမှာပေါ့.....
ကျော်ကျော်ကို မချစ်ခဲ့ဘူးလို့ ယူဆတာပဲလေ....
ကောင်မလေး(၉)မှ သိမှာပါ.....
ဟုတ်တယ်လေ ကျော်ကျော်က အကြားအမြင်ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်မှ မဟုတ်တာကြီးကိုဗျနော့.............အဟီး

ကောင်မလေး(၈)၏နောက်ဆက်တွဲ


ကျော်ကျော် ထုံးစံအတိုင်းပါပဲ ကွဲနေဆဲပေါ့....
ဟိုကောင်မလေး(၈)ကတော့ အိမ်ထောင်ကျပြီလား မပြီးလားမသိဘူးဗျ...
ထပ်တွေ့ပါသေးတယ်...ကျော်ကျော်ဆက်မလုပ်ဖြစ်တော့ဘူး...
ကောင်မလေး(၈)ကို နာကျဉ်းသွားတယ်(ဘာလို့နာကျဉ်းလည်းတော့ ကောင်မလေး(၈)ကို ကျော်ကျော်မပြောပါရစေနဲ့တဲ့)
မုန်းတာမဟုတ်ဘူးဗျ နာကျဉ်းသွားတာ...
နာကျဉ်းတာက ပိုဆိုးတယ်ဗျ......
လုံးလုံးကို မချစ်တော့တာ အဲ့ကောင်မလေးကို......
လက်တုန့်ပြန်လားဆိုတော့ မတုန့်ပြန်ဘူး
တွေ့ရင် အကူအညီပေးတယ်....
ဆရာတစ်ယောက်လို တပည့်တစ်ယောက်လို.....
နောက်ထပ်လည်း ဖွင့်မပြောဖြစ်တော့ပါဘူး အဲ့တစ်ယောက်ကို......
ကောင်မလေးကတော့ သူ့စိတ်ထဲမှာ ဘယ်လိုနေတယ်မသိ ကျော်ကျော်တကယ်မသိခဲ့ပါဘူး စိတ်လည်းမ၀င်စားတော့ဘူး....
အဲ့ကတည်းက ကျော်ကျော်အသည်းကွဲပုံစံနည်းနည်းပြောင်းသွားသလိုပဲ...
အသည်းကွဲပေမယ့် အရာရာကို ရင်ဆိုင်ရဲလာတယ်ဆိုတဲ့ သဘောတွေပါလာတယ်.....
အသည်းကွဲစွမ်းရည်တိုးတက်လာတဲ့သဘောပါ....
ကိုယ်ဟာကိုယ်အားပေးနေတာ မောင်ကျော်ကျော်...
အော် ထူးဆန်းပါပေ့ ဆြာကျော်ရယ်...........

ကောင်မလေး(၈)


ကောင်မလေး(၈)က ကျော်ကျော်တပည့်ဗျ
ဒါပေမယ့် ဖွင့်မပြောခဲ့ဘူး အဲ့ကောင်မလေးကို
အဲ့ကောင်မလေးကလည်း ကျော်ကျော်ကို မချစ်ခဲ့ပါဘူး
ဒါပေမယ့် ကျော်ကျော်ပိုးခဲ့သေးတယ်ပေါ့ဗျာ
ဆရာဆိုတော့ သမာဓိပိုးပေါ့ဗျာ....
ကျော်ကျော်ကျောင်းပိတ်ရက်စာသင်ခဲ့ဘူးတယ်
ဘွဲ့ရပြီး အလုပ်မရခင်အထိ
သင်ရလွန်းလို့ စာသင်ရမှာကို အသေကြောက်သွားတယ် ကျော်ကျော်....
ကျော်ကျော်ဒီတစ်ခါ ဖွင့်မပြောခဲ့ဘူး
ဒါပေမယ့် ဖွင့်ပြောသလိုပါပဲ...
ကက်ဆက်ခွေတစ်ခွေပေးလိုက်တယ်...
အဲ့ထဲမှာ ကျော်ကျော်ပြောစေချင်တာကို ပေါ်လွင်စေတဲ့ သီချင်းတွေထည့်ပေးလိုက်တယ်..ကောင်မလေး ကြိုက်တတ်တဲ့သီချင်းတွေလည်းပါတယ်....
ကောင်မလေးက ယူတယ် ...ဒါပေမယ့် ပြန်ပေးတယ်....
သီချင်းတစ်ပုဒ်မှ မကြိုက်ပါဘူးတဲ့...
ကျော်ကျော်လည်း သဘောပေါက်သွားတယ်......
အဲ့ထဲမှာ ကောင်မလေးအကြိုက်ဆုံးသီချင်းတွေပဲဟာ ကျော်ကျော်သိတာပေါ့...
ကျော်ကျော် အဲ့တစ်ယောက် အမျက်မထွက်ပါဘူး....
တပည့်တစ်ယောက်လို ညီမလေးတစ်ယောက်လို ဆက်ကူညီသွားတယ်....
ဆယ်တန်းကိုလည်း ကျော်ကျော်တပည့် ဂုဏ်ထူးတွေနဲ့ အောင်သွားတယ်...
အသည်းကွဲလည်း ကျော်ကျော်စာသင်မပျက်ခဲ့ဘူးဗျ.....
တော်တော်လေးစားသွားတယ် ကျော်ကျော်ကိုယ် ကျော်ကျော်.......အဟီး

ကျွန်တော်နဲ့ အပိုင်းအစများ(၅)


၁။လူက မတည်ငြိမ်စိတ်ရှိသူကို "မျောက်စိတ်"
မျောက်က မတည်ငြိမ်စိတ်ရှိတဲ့မျောက်ကို “လူစိတ်”

၂။လူက ဘာမှန်းမသိလုပ်သူကို “ခွေးလေးခုန်လို့ ဖုန်မထ” တဲ့
ခွေးက ဘာမှန်းမသိလုပ်တဲ့ခွေးကို “လူလေးခုန်လို့ အမြင့်မရောက် “တဲ့

၃။လူက အချင်းချင်းရက်စက်သူကို “တိရိစ္တာန်လိုကောင် “တဲ့
တိရိစ္တာန်က အချင်းချင်းရက်စက်တဲ့ကောင်ကို “လူလိုကောင် “တဲ့

၎။လူက ချစ်သူချင်းချစ်တာကို “ဟင်္သာမောင်နှံ တောင်ပံယှက”် တဲ့
ဟင်္သာက ချစ်သူချင်းချစ်တာကို “လူမောင်နှံ လည်ပင်းဖက”် တဲ့

၅။လူက လူလိမ္မာ ဒုက္ခရောက်ရင် “သောင်ပြင်လွှတ်တဲ့ ရွှေဟင်္သာ “တဲ့
ရွှေဟင်္သာက “ဒုက္ခရောက်ရင် မြို့ပြင်လွှတ်တဲ့ သူဋ္ဌေးသား” တဲ့

၆။လူက မတန်မရာမှန်းရင်” အမဲရိုးနဲ့ ဟင်းအိုးမှ အားမနာ”တဲ့
ခွေးက မတန်မရာမှန်းရင် “လူရိုးနဲ့ အပျိုလေးမှ အားမနာ”တဲ့

၇။လူက လူအချင်းချင်းသတ်ရင် “အမဲဖျက်” တဲ့
နွားက နွားအချင်းချင်သတ်ရင် “လူသတ်ကောင်” တဲ့

၈။လူက ချစ်သူဆီသွားချင်တာကို “ အတောင်ပံပါရင် မင်းဆီကို" တဲ့
ငှက်က ချစ်သူဆီသွားချင်တာကို “ပါရာဒိုပါရင် မင်းဆီကို “တဲ့

ကျွန်တော်နဲ့ အပိုင်းအစများ(၆)


၁။လူက လူကောင်းလူတော်ကို "ပညာရဲရင့် ပွဲလယ်တင့်"တဲ့
ကြောင် ကြောင်ကောင်းကြောင်တော်ကို "ကြောင်ရဲရင့် ငါးကြော်နဲ့သင့်" တဲ့
ခွေးက ခွေးကောင်းခွေးတော်ကို "ခွေးရဲရင့် အမဲရိုးနဲ့အသင့် "တဲ့

၂။လူက ပညာမတတ် စာမဖတ်တတ်သူကို "ခွေးအကြီးလှည်းနင်းသလို"တဲ့
ခွေးက ခွေးမသိမတတ်ကို "လူအကြီး ကားနင်းထားသလို"တဲ့

၃။လူက မဟုတ်မဟတ်လုပ်သူကို "ခွေးဇာတ်ခင်း"တဲ့
ခွေးက စည်းမစောင့်တဲ့ခွေးကို "လူဇာတ်ခင်း" တဲ့

၎။လူက အမြှောင်ထားသူကို "မျောက်မ,ထား" တဲ့
မျောက်က အမြှောင်ထားသူကို "လူမ,ထား" တဲ့

၅။လူက မိန်းမကို နှိမ်ရင် "ကြက်မ,တွန်လို့ မိုးမလင်း"တဲ့
ကြက်က ကြက်မကို နှိမ်ရင် ''လူမအော်လို့ လူမလေး ''တဲ့

၆။လူက ကောက်ကျစ်သူကို "၀ံပုလွေ"တဲ့
ဝံပုလွေက ကောက်ကျစ်တဲ့အကောင်ကို "လူ" တဲ့

၇။လူက လူအကို" နွား"
နွားက နွားထူကို" လူ"

၈။လူက အရမ်းဆော့တဲ့သူကို "မျောက်" တဲ့
မျောက်က အရမ်းဆော့တဲ့အကောင်ကို "လူ"တဲ့

၉။လူကို လူက "မျောက်ကဆင်းသက်လာတာ" တဲ့
မျောက်ကို မျောက်က "လူကဆင်းသက်လာတာ" တဲ့

ကျွန်တော်နဲ့အပိုင်းအစများ(၅)


၁။သစ္စာက’’ငါရှိနေရင် အလွဲသုံးစားမှုတွေ မလာရဲပါဘူး”တဲ့
မေတ္တာက “ငါရှိနေရင် ငြိမ်းချမ်းခြင်းအပြည့်ရကိုရရမယ်”တဲ့

၂။ဘ၀က” “ဘ”ရယ်”၀”ရယ်ရှိရင် ငါလည်းရှိမယ်”တဲ့

၃။မျက်ခုံးက”မျက်လုံးအပေါ်ဘက်မှ ငါမရှိရင် လူတွေ တော်တော်အကြည့်ရဆိုးမယ်”တဲ့
ဆံပင်က” ငါမရှိလည်း နေလို့ရပါတယ်ကွာ” တဲ့

၎။ဦးထုပ်က “လူရဲ့မျက်နှာလူရဲ့မျက်နှာတစ်ခုလုံး ငါကာအကွယ်မပေးနိုင်ပါဘူးကွာ” တဲ့
ထီးက “ငါရှိလို့ အရိပ်ရပေမယ့် တကိုယ်လုံးတော့ မကာကွယ်နိုင်ပါဘူး” တဲ့
မိုးကာက “မိုးခါရောက်မှ ငါကိုသတိရတာပါ နွေဆိုငါအငြိမ်းစားယူတယ်”တဲ့
အနွေးထည်က “ဆောင်းရောက်ရင် ငါ့ကိုအတင်းဝတ်ကြပြီး ပူပြီဆို ငါ့ကို အဖက်မလုပ်ကြဘူး” တဲ့
စောင်က “ချမ်းအေးပြီဆို ငါ့ကိုခြုံကြပြီး အိုက်ပြီဆို ငါ့ကို မမှတ်မိတော့ဘူး” တဲ့

၅။အပူက “လူတွေက မခံနိုင်တာ ငါဖာသာငါနေတာ” တဲ့
အအေးက “ အပူနဲ့ငါက အတူတူပဲ ခံစားမှုပေါ်မူတည်တာပါ” တဲ့

၆။အလင်းက “အမှောင်ရှိတဲ့နေရာမှ ငါမနေဘူး” တဲ့
အမှောင်က “အလင်းရှိရင် ငါမလာဘူး”တဲ့

ကျွန်တော်နဲ့ အပိုင်းအစများ(၄)


၁။လူက လူကောင်းလူတော်ကို "ပညာရဲရင့် ပွဲလယ်တင့်"တဲ့
ကြောင် ကြောင်ကောင်းကြောင်တော်ကို "ကြောင်ရဲရင့် ငါးကြော်နဲ့သင့်" တဲ့
ခွေးက ခွေးကောင်းခွေးတော်ကို "ခွေးရဲရင့် အမဲရိုးနဲ့အသင့် "တဲ့

၂။လူက ပညာမတတ် စာမဖတ်တတ်သူကို "ခွေးအကြီးလှည်းနင်းသလို"တဲ့
ခွေးက ခွေးမသိမတတ်ကို "လူအကြီး ကားနင်းထားသလို"တဲ့

၃။လူက မဟုတ်မဟတ်လုပ်သူကို "ခွေးဇာတ်ခင်း"တဲ့
ခွေးက စည်းမစောင့်တဲ့ခွေးကို "လူဇာတ်ခင်း" တဲ့

၎။လူက အမြှောင်ထားသူကို "မျောက်မ,ထား" တဲ့
မျောက်က အမြှောင်ထားသူကို "လူမ,ထား" တဲ့

၅။လူက မိန်းမကို နှိမ်ရင် "ကြက်မ,တွန်လို့ မိုးမလင်း"တဲ့
ကြက်က ကြက်မကို နှိမ်ရင် ''လူမအော်လို့ လူမလေး ''တဲ့

၆။လူက ကောက်ကျစ်သူကို "၀ံပုလွေ"တဲ့
ဝံပုလွေက ကောက်ကျစ်တဲ့အကောင်ကို "လူ" တဲ့

၇။လူက လူအကို" နွား"
နွားက နွားထူကို" လူ"

၈။လူက အရမ်းဆော့တဲ့သူကို "မျောက်" တဲ့
မျောက်က အရမ်းဆော့တဲ့အကောင်ကို "လူ"တဲ့

၉။လူကို လူက "မျောက်ကဆင်းသက်လာတာ" တဲ့
မျောက်ကို မျောက်က "လူကဆင်းသက်လာတာ" တဲ့

ကျွန်တော်နဲ့အပိုင်းအစများ(၃)


၁။မျဉ်းပြိုင်နှစ်ကြောင်းက"ငါတို့ဆုံတဲ့နေ့ဟာ ကမ္ဘာလဆန်းတစ်ရက်နေ့ သတ်မှတ်မယ်"တဲ့

၂။ကြက်ခြေခတ်က"ငါ့ကို လူတွေသတ်မှတ်လို့ လုပ်ရတာပါ"တဲ့
အမှန်ခြစ်က" ငါ့ကိုမြင်တိုင်း မှန်တယ်မထင်နဲ့ ကိုယ့်ဖာသာလည်း စဉ်းစားဦး"တဲ့

၃။မျဉ်းဖြောင့်က"ဒီအတိုင်းလေးနေရတာ သက်သာလို့ပါ"တဲ့
မျဉ်းကွေးက "ငါမပါရင် ပန်းချီရေးလို့မရမှာစိုးမိတယ်"တဲ့

၎။တောင်က "ငါရှိတော့လူတွေအမြင့်ကို ပိုနီးတာပေါ့"တဲ့
ချိုင့်ဝှမ်းက "အောက်ဆင်းနေချင်တဲ့လူတွေ အတွက် ငါရှိတော့ အဆင်ပြေတာပေါ့"တဲ့

၅။ပင်လယ်က"ကျယ်ကျယ်ဝန်းဝန်းနေချင် ငါ့ဆီလာလည်"တဲ့
မြစ်က"ပင်လယ်က သူဆီပဲလာခဲ့ဆိုလို့ သွားရတာ"တဲ့
ချောင်းက "ငါမသွားရင် မြစ်မှာ ရေမရှိမှာစိုးလို့"တဲ့
အင်းအိုင်က"ကိုယ့်ဖာသာ သီးသန့်နေပါရစေ"တဲ့

၆။နွေက"ဥသြတွန်သံကြားရင် ငါလာပြီ"တဲ့
မိုးက" အနောက်တောင်မုတ်သုန်လေနဲ့အတူ လူကြုံလိုက်ခဲ့မယ်"တဲ့
ဆောင်းက"နှင်းက ငါရဲ့အချစ်လက်တွဲဖော်"တဲ့

၇။သံသယက "လူမရှိရင် ငါလည်းမရှိဘူး"တဲ့
ယုံကြည်မှုက "ငါကိုလည်း သေချာစမ်းစစ်ပြီးမှ ယုံပါ"တဲ့

ကျွန်တော့်အပိုင်းအစများ(၂)


၁။အပိန်က"ငါဝါးခြမ်းပြားနဲ့ အမျိုးတော်နေလားမသိဘူး"တဲ့
အ၀က"ငါ့ကို ၀က်လို့အထင်ခံရမှာ အကြောက်ဆုံးပဲ"တဲ့

၂။အပုက"လမ်းလျှောက်ရင် ထုတ်တန်းတွေ သစ်ကိုးတွေ ရှောင်စရာမလိုဘူးကွ"တဲ့
အရှည်က"အမြင့်ကို ဖမ်းဆွဲဖို့ လွယ်ကူတာပေါ့ကွ"တဲ့

၃။အကြောင်းက"ငါ့နောက်မှ အကျိုးရှိတယ်"တဲ့
အကျိုးက"အကြောင်းရှိမှတော့ ငါလည်းပုန်းနေလို့မရဘူး"တဲ့

၎။အပြစ်က "ငါရှိနေလို့ လူတွေလိမ်မာဖို့ကြိုးစားနေကြတာ"တဲ့

၅။အဖြစ်က"ငါရှိရင် အပျက်လည်းရှိတယ်"တဲ့
အပျက်က”အဖြစ်မရှိရင် ငါလည်းမရှိဘူး”တဲ့

၆။မျက်စေ့က”ငါမြင်တာကို စွဲနေတဲ့စိတ်က တရားခံ”တဲ့
နားက”ငါကြားတာကို စွဲနေတဲ့စိတ်က အရူး”တဲ့
နှာခေါင်းက””ငါနံတာကို စွဲနေတဲ့စိတ်က အပေါ”တဲ့
လျှာက”ငါအရသာခံစားတာကို စွဲနေတဲ့စိတ်က ငကြောင်”တဲ့
ကိုယ်က””ငါထိသမျှကို စွဲနေတဲ့စိတ်က အူကြောင်ကြား”တဲ့

၇။သဘာဝက”ငါ့ဖာသာ ငါနေတာကို ပြုပြင်ဖို့ကြိုးစားနေတာ တော်တော်မိုက်မဲတာပဲ”တဲ့
လောကက”လူတွေက သူဖာသာသူရှုပ်တာကို ငါ့နာမည် အလွဲသုံးစားလုပ်ချင်တယ်”တဲ့

၈။အာကာသက”ငါဘယ်လောက်ကျယ်တဲ့ဆိုတာ မှန်းဆဖို့မလွယ်ပါဘူး”တဲ့
စကြာဝဠာက”ငါ့မှာ အဆုံးလည်းမရှိ အစလည်းမရှိ ရှာမနေနဲ့”တဲ့

ကောင်မလေး(၇)၏နောက်ဆက်တွဲ


ထုံးစံအတိုင်းပဲ ကျော်ကျော်ကောင်မလေးပီသစွာ အိမ်ထောင်ကျပြီးပါပြီ
ကလေးလည်းရနေပါပြီ.....
ကျော်ကျော်နဲအဆက်အသွယ်ပြတ်နေပြီ
မတွေ့ဖြစ်တော့ဘူး
ကျော်ကျော်ကို ကောင်မလေးက စိတ်ဝင်စားခဲ့တယ်နဲ့တူပါတယ်...
ကျော်ကျော်အကြောင်းကို အမြဲတမ်းပြောတယ်တဲ့ သူငယ်ချင်းတွေကို....
ကျော်ကျော်အဲ့အချိန်မှာ မိသားစုအတွက်လုပ်နေရတဲ့ကောင်ဆိုတော့
ကောင်မလေးကို လှည့်မကြည့်ခဲ့နိုင်တော့ ပါသွားတယ်လို့ ယူဆတာပဲ ...
အဲဒါတော့ ကောင်မလေးမှသိမှာပါလေ....
ကျော်ကျော်ကို ချစ်ခဲ့မချစ်ခဲ့ ကျော်ကျော်တကယ်မသိခဲ့ပါဘူး....
အဲ့ တစ်ယောက်တုန်းက ကျော်ကျော်ရေရေလည်လည် အသည်းကွဲပြခဲ့တာပါ...
အဆောင်ရှေ့ နေ့တိုင်းနီးပါရောက်တယ်....ဂစ်တာနဲ့ တချိန်လုံးကွဲပြခဲ့ဖူးတယ်....
ကျော်ကျော်ဖီလင်အပြည့်နဲ့ အသည်းကွဲပြခဲ့တာ ......
ကောင်မလေးမှာ ကျော်ကျော်အသည်းကွဲဒဏ်ခံရလို့လားမသိ အဆင့်(Roll)တွေများတောင် ကျလို့....
ကျော်ကျော်ကျ ပေပေတေတေစာကြည့်တာတောင် အဆင့်(ွRoll)တက်သွားသေးတယ်....
ကျော်ကျော်အသည်းကွဲပေမယ့် စာကြည့်မပျက်ခဲ့ဘူးဗျ....
ခံနိုင်ရည်တက်လာတဲ့သဘောပေါ့လေနော့....အဟီး

အသည်းကွဲဇာတ်လမ်း(၇)


ကောင်မလေး(၇)က ကျော်ကျော်အစက မချစ်ဘူးဗျ
တက္ကသိုလ်စစတက်ချင်းတွေ့တာ
ကျောင်းအပ်အပ်ချင်းတွေ့တာဗျ.
ကောင်မလေးက လာမိတ်ဆက်တာ ခုန်နံပါတ်ချင်းကပ်ရက်မို့
နာမည်လေးက ခပ်ဆန်းဆန်းလေးဆိုတော့ ကျော်ကျော်ချက်ချင်းမှတ်မိတယ်....
သူငယ်ချင်းတွေ ဖြစ်သွားရော....
ကျောင်းပိတ်ရင်လည်း စာအဆက်အသွယ်မပြတ်ဘူး
ပထမနှစ်မှာ ကျော်ကျော် အဲ့ကောင်မလေးကို မကြိုက်သေးဘူး
ဒုတိယနှစ်မှာ ဘယ်လိုကြိုက်သွားတယ်မသိဘူး
ဒါနဲ့ စာအုပ်ငှားတယ် စာထည့်ပေးတယ်….
အဲ့မှာ အဲ့နေ့က ကောင်မလေးမလာဘူး
ကျော်ကျော်လေသွားတယ်…
ကောင်မလေးရဲ့သူငယ်ချင်းနဲ့ လူကြုံပေးမလို့ ကြိုးစားသေးတယ်….
အဲ့ကောင်မလေးက ဟိုလှန်ဒီလှန်လျှောက်ကြည့်တော့ ကျော်ကျော်လန့်သွားပြီး မပေးဖြစ်တော့ဘူး……..
အဲ့စာကို သိမ်းထားလိုက်တယ်…..
တတိယနှစ်ကျမှ ထပ်ပေးတယ်
ပုဂံခရီးကအပြန် လက်ဆောင်ဆိုပြီး စာပါထည့်ပေးလိုက်တယ်……
ကောင်မလေးက ပြန်ပေးတယ် လက်ဆောင်ကို စာတော့ယူထားတယ်…..
သူငယ်ချင်းလိုပဲ ခင်မယ် ပြန်ပြောတယ်….
ကျော်ကျော်လည်း သူငယ်ချင်းလိုပဲ ဆက်ခင်ပါတယ်…..
ဈေးပွဲတော်ကျောင်းမှာ လုပ်တော့ ကျော်ကျော်မူးပြီး ရည်းစားစကားထပ်ပြောသေးတယ်….
မဖြစ်လိုက်ပါဘူး…..ကောင်မလေးရည်းစားရတော့ ကျော်ကျော်လည်းဆက်မလှုပ်ရှားဖြစ်တော့ဘူး……….