Tuesday, December 11, 2007

ဘဝ




ဘဝ
မွေးဖွားခြင်းကစခဲ့တယ်။
ဘာမှမသိတဲ့ ကလေးငယ်ဘ၀ကနေ
တရွေ့ရွေ့နဲ့သိလာ
ဒါကအမိ ဒါကအဖတဲ့။
တစစနဲ့ ကြီးပြင်းလာ
ဒါကသူငယ်ချင်း ဒါကမိတ်ဆွေ
ဒါက၀ံပုလွေ ဒါကရန်သူ
ဒါကချစ်သူ ဒါကမယား
ဒါကသား ဒါကမြေးမြစ်
တရစ်ရစ်နဲ့ နှောင်ဖွဲ့လာ
မရုန်းထွက်သာတဲ့ဒီသံယောဇဉ်ကြိုးများ...
ဘကုန်းရယ်
ဝလုံးရယ်
နှစ်လုံးထံနဲ့ ရှုတ်နေတဲ့အရာ
အဲဒါဘ၀ပေါ့...
တစ်ရက်ရက်နဲ့ အိုမင်းလာ
သေခြင်းတရာလည်း နီးကပ်လာတော့
စည်းကပ်ပြီ ဘုရားတရား
မှားပြီးရင်းမှားခဲ့တာတွေ
သွားပြီးရင်သွားရဦးမယ် သံသရာဝဲ
ကဲ...ဘ၀ဆိုတာဒါပါပဲ...
မွေးဖွားခြင်းကစ
သေဆုံးခြင်းနဲ့ တခန်းရပ်
ဘ၀အစနဲ့ နိဂုံးကမတ်
မမုန်းလေသမျှ
လည်ပတ်ကြရလေဦးမှာ
သမုဒ္ဒရာပမာ ဒီသံသရာထဲ...

ကိုသူ