အကြောင်းမဲ့
ချစ်ခဲ့မိတယ်မင်းကို
အမုန်းမဲ့
တွယ်တာခဲ့ပြီ ခုထိ
အလင်းမဲ့
မင်းနဲ့ဝေးတဲ့ နေ့တွေ
အချစ်မဲ့
ချစ်တဲ့မင်းကလွဲရင်လေ
အလှမဲ့
ဘ၀ရဲ့အဖော်ပျောက်နေသူ
အတွေးမဲ့
ဆွေးခဲ့ရတဲ့ရက်များစွာ
သံစဉ်မဲ့
ရှိုက်ခဲ့ငိုမိ ကဗျာလွတ်
ကာရန်မဲ့
လွမ်းခဲ့ စကားလုံးတွေရှာမရလို့
အနာဂတ်မဲ့
အတိတ်ရဲ့ ပျော်ရွှင်ခြင်းကွယ်ပြီမို့
ဆက်လျှောက်ခဲ့
ယိုင်နဲ့နှလုံးသားလွင်တီးခေါင်
နေထိုင်ခဲ့
အသည်းမဲ့ရပ်ဝန်း အလွမ်းကမ္ဘာ
မလာခဲ့နဲ့
မင်းရဲ့ ငမိုက်သား ငါ့လိုကောင်ဆီ
ကိုသူ(၁၆.၁၀.၀၈)
Thursday, October 16, 2008
တားမြစ်ချက်အမှတ် ၅၂၈
Posted by
wkthu
at
9:57 AM
0
comments
Subscribe to:
Posts (Atom)