Wednesday, February 13, 2008

ဖအေတူသား


ဖအေတူသားမင်းဘယ်မှာလည်းအမေမျှော်နေတယ် မြန်မြန်လာလေကွယ်...ရှိနေတဲ့သားတွေစိတ်မချလေနဲ့သူတို့အတွက်သာ ကြည့်ကြတာဟဲ့...အမေဆီမှာ ဘာတွေရှိလည်းအမေဆီက ဘာတွေရမလည်းအမေ့ဆီက ဘာယူရမလည်းရှိသမျှပြောင်လည်း လုပ်ချင်ရာလုပ်ကြမှာကွဲ့....အမေ့အတွက် ဘာလုပ်ပေးရမလည်းအမေကျန်းမာရေး ကောင်းပါရဲ့လားအမေချမ်းသာစွာနေပါသလားသူတို့စိတ်မှာ တစိုးတစိတောင် စိတ်မ၀င်စားပါသတဲ့....ဖအေတူသားမင်းလာပါကွယ်အမေတမ်းတ မှန်းဆနေတယ်...မင်းအဖေလိုဘဲမိသားစုကို စုစည်းပါကွယ်နည်းနာပြောကာ ညွှန်ပြပါဟယ်....မပျင်းမရိကြဖို့မဖျင်းကြပါဖို့အလွယ်မကြိုက် ရေမျောမလိုက်ဖို့တက်လက်ကြွရွ လုံလရှိဖို့နေရာတိုင်းမှာ သိတတ်လာဖို့....အိမ်နီးချင်းမိသားစုတွေကြီးပွားနေပကွဲ့အမေမိသားစုဘဲ စုတ်ပြတ်နေပဟဲ့....အမေရှိသမျှလည်း ကုန်တော့မဟဲ့...ဒီမိသားစု ဒီအရေးတွေဖအေတူသား မင်းလာမှဘဲပြေလည်တိုးပွားစည်ကားစုစည်းသူများနည်းတူ ဆက်လှမ်းနိုင်မယ်အမေမျှော်တယ်အမေချစ်သော ဖအေတူသားလေးမိသားစုအရေး လှည့်ကြည့်ပါသားဆိုးများကို ဆုံးမပါကွယ်အိမ်ထောင်စုကြီး လှပစေအောင်ရှေ့ဆောင်လမ်းပြ တည်ပြစမ်းကွယ်အမေခေါင်းမော့ ရင်ကိုကော့ကာမော်ကြွားချင်ပြီ သည်းနှစ်ရင်းချာဖွားဖအေတူသားရေ.....