ဆောင်းရောက်ပြီကွယ်
ဘယ်မှာပုန်းလို့ မုန်းပြီလားခင်
ရင်တဲမှာ ပူ နှင်းလိုမအေး
ဆွေးနေညတွင် နေ့တွင်ငေးမှိုင်
လွမ်းမျက်ရည်ဖြိုင်ဖြိုင်ကျ
ရင်တွင်းထဲမလှပါမေ
တူကာယှဉ်တွဲ
ခိုင်မြဲချင်သစ္စာ
မေတ္တာသင်္ချေ
မဖြေနိုင်သံယောဇဉ်
ရစ်ငင်နှောင်ပတ်
အထပ်ထပ်တွယ်သမို့
ဘယ်သို့ဘယ်နည်း
ဘယ်ပုံခရီးဆက်
အော်..အသက်ထက်ချစ်သူ
ပစ်ထားတော်မူရက်ပေ
ဝေဒနာဟာဆောင်း
ဒဏ်ရာက နှင်းဖြစ်
အချစ်နွေသို့ ပူပြီဝေ......
ကိုသူ(26.11.08)
Friday, November 28, 2008
မအေးသောဆောင်း
Posted by
wkthu
at
3:49 PM
0
comments
Subscribe to:
Posts (Atom)