Monday, March 10, 2014
သင်ချစ်သော ကမ္ဘာ့မြေကြီး
ထိုအရာသည်
သင့်ကိုထမ်းထား၏…
ထိုအရာသည်
သင့်အတွက် အစားအစာ
အ၀တ်အတည်
နေဖို့နေရာ
အစစအရာရာပေးနေပါ၏…
သူကသင့်ကို ချစ်သလို
သင့်ကလည်း သူကိုချစ်သည်..
သင့်ချစ်သော ထိုအရာသည်
နေ့ညမပြတ်
စက္ကန့်မလပ်
အထပ်ထပ်
အကြိမ်ကြိမ်
အချိန်နဲ့အမျှမနား
အလုပ်လုပ်ပါသည်…
သို့သော်..
တချို့သူတို့ကား
သူ့ကိုမချစ်
သူ့ကိုမညှာ
သူ့ကိုမသနား
သူ့ရင်ကိုခွဲ
သူ့အသည်းကိုနှုတ်
သူ့ကို ဒဏ်ရာမျိုးစုံပေး
အနာမျိုးစုံပေးနေကြလေသည်…
ထို့အတွက်
သင်ရော
သူ့ကိုချစ်တဲ့သူများရော
သူ့အလှအပ
သူ့ဘ၀ကို
သက်ဆိုးရှည်ဖို့
ကူညီကြပါစို့
ကာကွယ်ကြပါစို့
စောင့်ရှောက်ကြပါစို့..
တို့….အတူတူသာလေ….
စမ်းချောင်းလေး(၂၆.၂.၂၀၁၄ နေ့လည် ၁၁း၀၁)
Posted by
wkthu
at
2:39 PM
0
comments
ကဗျာ(သို့) ငါ
ကဗျာ
ကဗျာသည် ငါ
ငါသည် ကဗျာ
ကဗျာနဲ့ငါ
ငါနဲ့ကဗျာ
ဘာမှမကွဲ
ထပ်တူပဲမို့..
ကဗျာမသေ
ငါမသေ….
ကဗျာရှိရင်
ငါရှိတယ်…
ကဗျာသည် ငါ့ဘဝ
ငါ့ကမ္ဘာ
ငါ့သံသရာပါ…
ငါရှိလေရာ..
တည်နေရာတိုင်း....
ကဗျာပန်းများ ပွင့်စေသား…..
၎.၃.၂၀၁၄ ညနေ ၃း၄၇
Admim: စမ်းချောင်းလေး
သစ္စာရှိသောသူငယ်ချင်းများရပ်ဝန်း
Posted by
wkthu
at
2:35 PM
0
comments
အချစ်နွေ
အချစ်ငတ်ပေမယ့်
မချစ်တတ်သူဟာ
ကိုယ်ပါ….နွေ
နွေဦးမှာ
လေရူးလေးပဲဖြစ်ဖြစ်
ရော်ရွက်ဝါလေးဖြစ်ဖြစ်
ပုရစ်ဖူးလေးဖြစ်ဖြစ်
ဖြစ်ခွင့်ပြုပါ…နွေ
လည်နေတဲ့ သုံးရာသီဆိုပေမယ့်
နွေကိုသာ အချစ်ဆုံးမို့..
မပြုံးရင်တောင် မမဲ့ပါနဲ့…
မရယ်ရင်တောင် မငိုပါနဲ့…
လေအသွဲ့မှာ
နွေရဲ့ အသည်းတစ်ဖဲ့ဖြစ်ဖြစ်
ဖြစ်ခွင့်ရရင်ကို
တစ်သက်လုံး ကျေနပ်နေပါရစေ
အိုဘယ့်….ကိုယ့်ရဲ့ ချစ်စရာ့နွေ..
စမ်းချောင်းလေး
နေ့လည် ၂း၀၃
၈.၃.၂၀၁၄
Posted by
wkthu
at
2:28 PM
0
comments
သုည=ဇီးရိုး
နောက်ပြန်လှည့်ရစ်ကြရအောင်
ဘ၀ဆိုတာ ဗွီဒီယိုဇာတ်လမ်းမဟုတ်ဘူး…
ကြောက်တတ်ရင် အစကတည်းက
ဘ၀ဆိုတာကို လက်မခံခဲ့နဲ့ပေါ့….
ဘ၀ရှိရင်
ငိုမယ် ရီမယ်
ချစ်မယ် မုန်းမယ်
ပြုံးမယ် မဲ့မယ်
ကဲ့ရဲ့မယ် ချီးမွမ်းမယ်
လွမ်းမယ် မေ့မယ်
တွေ့မယ် ကွဲမယ်
လွဲမယ် ဆုံမယ်
ကံမကုန်ရင် ဘယ်အရာမဆို ဖြစ်နိုင်တာပဲလေ….
တစ်က ပြန်မစခင်
သုညဆိုတဲ့ ဇီးရိုးမဖြစ်အောင်
ကြိုးစားကြည့်လိုက်ပါဦးလား…မိတ်ဆွေ…
စမ်းချောင်းလေး
ညနေ ၁း၄၀ ၈.၃.၂၀၁၄
Posted by
wkthu
at
2:23 PM
0
comments
ထပ်တူမညီသော ညီမျှခြင်းများ
လက်တစ်ဖက်မှာပါတဲ့
ငါးချောင်းရဲ့ ပုံစံတောင်မတူညီကြတာ
လူတွေမှာ ကွဲပြားမှုတွေရှိနေကြမှာပါပဲ..
အတို အရှည်
အပိန် အတုတ်
မတူတဲ့လက်တွေတောင်
တူညီစွာ လှုပ်ရှားကြတော့
အလုပ်ဟူသမျှ
ပြီးမြောက်စွတဲ့…
လူအမျိုးမျိုး
စိတ်အထွေထွေမို့
လူတို့ မတူညီကြတာ မဆန်းပါဘူး…
မတူညီတာကို တူအောင်ညှိ
ညီညွတ်ကြတယ် ဆိုရင်ဖြင့်
လောကကြီးဟာ လှသထက်လှ
ကမ္ဘာမြေ သာယာသထက် သာယာ
ရောင်စဉ်ဖြာမှာ မလွဲ…..
ကဲ… တို့ ညီညွတ်ကြစို့လား…ကွယ်….
စမ်းချောင်းလေး
နံနက် ၉း၄၁ ၁၀.၃.၂၀၁၄
Posted by
wkthu
at
2:14 PM
0
comments
Subscribe to:
Posts (Atom)