Monday, March 10, 2014
ထပ်တူမညီသော ညီမျှခြင်းများ
လက်တစ်ဖက်မှာပါတဲ့
ငါးချောင်းရဲ့ ပုံစံတောင်မတူညီကြတာ
လူတွေမှာ ကွဲပြားမှုတွေရှိနေကြမှာပါပဲ..
အတို အရှည်
အပိန် အတုတ်
မတူတဲ့လက်တွေတောင်
တူညီစွာ လှုပ်ရှားကြတော့
အလုပ်ဟူသမျှ
ပြီးမြောက်စွတဲ့…
လူအမျိုးမျိုး
စိတ်အထွေထွေမို့
လူတို့ မတူညီကြတာ မဆန်းပါဘူး…
မတူညီတာကို တူအောင်ညှိ
ညီညွတ်ကြတယ် ဆိုရင်ဖြင့်
လောကကြီးဟာ လှသထက်လှ
ကမ္ဘာမြေ သာယာသထက် သာယာ
ရောင်စဉ်ဖြာမှာ မလွဲ…..
ကဲ… တို့ ညီညွတ်ကြစို့လား…ကွယ်….
စမ်းချောင်းလေး
နံနက် ၉း၄၁ ၁၀.၃.၂၀၁၄
Posted by
wkthu
at
2:14 PM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment