Monday, October 20, 2008

အချစ် တစ်မှ တစ်ဆယ်

တစ်ရက်မှ မမေ့သတိရနေ
နှစ်ယောက်မပြောင်းလဲ ဒီအချစ်မင်းအသိ
သုံးနေမိ အကြင်နာစကားလုံးများ
လေးနက်စွာ ခံစားမှုတွေတိုး
ငါးမရှိတော့ ရေချိုးမပြန်တတ်သူ
ခြောက်ကပ်ကပ်နေ့တွေကျော်ဖြတ်
ခုနှစ်ရက်ဝေးရက်ခုနှစ်ရာလွမ်း
ရှစ်သောင်းလေးထောင် စေတီပြည့်အောင်ဆုတွေတောင်း
ကိုးကွယ်မိ အသည်းထက်အရှင်လို
ဆယ်သက်ဆယ်ကမ္ဘာတောင် မမေ့ဘူးခင်

ကိုသူ(၁၇.၁၀.၀၈)