မှုန်ပြပြ နံနက်ခင်း
ဆီးနှင်းလေလား မြူလေလား
ဝိုးတိုးဝါးတား ပုံရိပ်များ
လှုပ်ရှားနေသော အရာဝတ္ထုများ
ပျောက်ကွယ်လုနီးပါးကောင်းကင်တစ်ခု
ဆောင်းသခင်ရတု ဖေဖော်ဝါရီ
နရီစည်းချက်သွက်လက် ရက်တစ်ရက်
အလှဖက် စုံမက်သူတွေအတွက်အထိမ်းအမှတ်
ပတ်သက်ပါဝင်နိုင်ပါစေ လူသားအားလုံး
ပြုံးရွှင်စွာ ရယ်မောစွာ
ငြိမ်းချမ်းစွာ သာယာစွာ
လှပစွာ အေးမြစွာ
ဖေးမစွာ တူယှဉ်စွာ
ကမ္ဘာတစ်ခွင်လုံး
စကြာဝဠာတစ်တိုက်လုံး
လွမ်းခြုံဖုံးအုပ်စောင့်ရှောက်လိုက်ပါ အို့ဘယ် နတ်သမီး...............
ကိုသူ(ကဗျာချစ်သူ)
ချစ်သူများနေ့အမှတ်တရ
၁၄.၂.၀၉
Saturday, February 14, 2009
ဖေဖော်ဝါရီနံနက်ခင်းတစ်ခု
Posted by
wkthu
at
4:46 PM
0
comments
Subscribe to:
Posts (Atom)