Sunday, December 11, 2011

သိတော့သိလာမှာပါ.....


ကလေးလေး
မင်းအတွက် အာရုဏ်
ကိုယ့်အတွက်ညနေစောင်း
ကောင်းသောနေ့တစ်ခု
မင်းအတွက်ထုဆစ်
ချစ်ပေမယ့်လက်တွဲမ၀ံ့
မချစ်သင့်ပေမယ့်ချစ်တော့ချစ်တာပါပဲလေ
မဖြေပါရစေနဲ့
စကားလုံးထက် ပိုလေးနက်တဲ့
နူးညံ့တဲ့နှလုံးသားက ထွက်လာတဲ့
ရင်ခုန်သံနရီစီးချက်တွေကို
မင်းကြားတတ်မယ်ဆို
တစ်နေ့နေ့တော့
အင်း....တစ်နေ့နေ့ပေါ့
သိတော့သိလာမှာပါ.....