Tuesday, June 3, 2008

ထက်..ပိုတယ်....

မင်းကို ချစ်တာတွေပြောပြမယ်...



ပြောပြတာထက်ကို ပိုတာ ခက်တယ်...



မင်းကို တမ်းတတာရေးပြမယ်..



ရေးပြတာထက် ပိုတာ ဆိုးတယ်..



မင်းကို လွမ်းတာတွေတေးဆိုမယ်..



ဆိုညည်းတာထက် ပိုတာ ပြော လွန်မယ်..



မင်းကိုသတိရတာ ဖွဲ့ပြမယ်..



ဖွဲ့ရေးတာထက် ပိုတာ သိ ငိုမိမယ် ချစ်သူ...


ကိုသူ