Saturday, November 19, 2011

အိပ်မက်လေး

အိပ်မက်လေး
အဝေးရောက်နေဆဲ
မနီးလဲမျှော်
မလာလည်းတမ်းတ
မရလည်း ရှိ
မသိလည်း အောက်မေ့
မတွေ့လည်း ကိုယ်နဲ့မကွာ
ဒါပေမယ့်လေ....
တစ်ခါတစ်ခါ နိုးမှာစိုးကြောက်နေတတ်ပြန်ပြီလေ..
ကိုသူ(ကဗျာချစ်သူ)

ကဗျာကင်ဆာ.

ရေးသာရေးပါ
ဖတ်မဖတ်ငါမသိ
မသိချင်ရေးချင်
ရေးနေချင်တာ
ကဗျာသည်သာ
ငါ့ကမ္ဘာဖွဲ့
ရေးခဲ့ရေးသည်
ရေးနေသည်လေ
အရူးနေမြင့်
အသက်ရင့်ပြီ
မမှီဆေးစွမ်း
ကဗျာလွှမ်းနေ
ဝေဒနာကိုဆောင်း
နှောင်းအတိတ်ဟာနွေ
ရင်မှာအကြွေမိုး
ရွာသွန်းဖြိုးစေ
တိုးနေရောဂါ
ကဗျာကင်ဆာ....တဲ့....

ကိုသူ(ကဗျာချစ်သူ)

မထင်ရဘူး

မထင်နဲ့
မချစ်လို့ထားခဲသူကို တမ်းတနေမယ်လို့...

မထင်လိုက်နဲ့
နှလုံးသားနုတိုင်း ပျော့ညံ့တတ်မယ်လို့....

မထင်ပါနဲ့
ချစ်တတ်လွန်းသူတိုင်း အယုံလွယ်လိမ့်မယ်လို့....

မထင်နဲ့လေ
သဘောကောင်းတိုင်း အနိုင်ယူရလွယ်မယ်လို့....

မထင်နဲ့နော်
သည်းညည်းခံတိုင်း လွယ်လွယ်အရှုံးပေးတတ်မယ်လို့....

မထင်ရဘူး
အရူးအမူးချစ်တိုင်း လှည့်စားလို့ရမယ်လို့......

မထင်လေနဲ့
နောက်တစ်ယောက်တွဲပြတိုင်း ငိုနေမယ်လို့.....

မထင်နဲ့ဟေ
အသည်းကွဲတိုင်း ဘ၀လမ်းပျောက်သွားမယ်လို့.....

မထင်..မထင် မထင်နဲ့ဟေ့
အချစ်ကိုတန်ဖိုးထားတိုင်း လူညံ့တစ်ယောက်လို့ ထင်ရင်မှားမယ်
အမှားကြီးမှားလေမယ်ကွဲ့ အချစ်ကိုကစားတတ်သူလေးငယ်ရဲ့………
လုံးဝ လုံးဝ လုံးဝကြီးကို မထင်နဲ့နော်လေကွယ်လို့…….

အချစ်သည် တစ်ခါတရံ၌

အချစ်သည် တစ်ခါတရံ အပြုံး
တစ်ခါတလေ အငို

အချစ်သည် တစ်ခါတရံ အမဲ့
တစ်ခါတလေ အရယ်

အချစ်သည် တစ်ခါတရံ စွန့်လွှတ်ခြင်း
တစ်ခါတလေ ခွင့်လွှတ်ခြင်း

အချစ်သည် တစ်ခါတရံ အနိုင်
တစ်ခါတလေ အရှုံး

အချစ်သည် တစ်ခါတရံ အကြောင်းမဲ့
တစ်ခါတလေ အရာရာတိုင်း

အချစ်သည် တစ်ခါတရံ အေးမြ
တစ်ခါတလေ ပူပြင်း

အချစ်သည် တစ်ခါတရံ ပျော်ရွှင်ခြင်း
တစ်ခါတလေ ကြေကွဲခြင်း

အချစ်သည် တစ်ခါတရံ ပေါင်းစပ်ခြင်း
တစ်ခါတလေ လွှဲမှားနေခြင်း
ဘာ့ပဲဖြစ်ဖြစ်
အချစ်ဟာ အချစ်ပါပဲ
အသေအချာမလွဲသောမှန် ကန်ခြင်းတစ်ခု