အသည်းကွဲတယ်တဲ့
ဘာလည်းဗျ အဲဒါက
ရည်းစားမှ မဟုတ်သေးတာ(ချစ်မိတာတော့ အမှန်ပါ)
ဘယ်ကလာကွဲရမှာတုန်း.....
နေဦး စဉ်းစားကြည့်မယ်
ကွဲတယ်ဆိုလည်း တစ်ဝက်တပျက်ဖြစ်မယ်
တစ်ဖက်သတ်ကြီး ဖြစ်နေတာကိုး...
ဟိုး ဟိုး...ဆရာ ကျွန်တော်ရှင်းပြမယ်
ရင်ထဲက ချစ်သမျှ ပြောပြတယ်လေ
စဉ်းစားနေတယ်ဆို စောင့်ရုံပေါ့
မုန်းနေတာတော့ မဟုတ်ပါဘူးတဲ့...
စိတ်ဆိုးတာလည်း မဟုတ်ပြန်ဘူးဆိုပဲ
အစ်ကိုလိုပဲ ခင်ပါတယ်တဲ့....
ဟုတ်ကဲ့ ကွဲတော့ကွဲတယ်ဗျ
သူ့အချစ်မှ ပြန်မရတာ
ဆိုတော့ကာ ကျွန်တော့်အဖြစ်က
ဇစ်မြစ်အမှန် ပြောရရင်အတည်
မပီပြင်တဲ့ အသည်းကွဲမှုတစ်ခုပဲဗျို့....
ကိုသူ
Tuesday, September 16, 2008
တစ်ဝက်တစ်ပျက်အသည်းကွဲခြင်း
Posted by
wkthu
at
3:33 PM
0
comments
Subscribe to:
Posts (Atom)