Monday, March 10, 2014

သင်ချစ်သော ကမ္ဘာ့မြေကြီး



ထိုအရာသည်

သင့်ကိုထမ်းထား၏…

ထိုအရာသည်

သင့်အတွက် အစားအစာ

အ၀တ်အတည်

နေဖို့နေရာ

အစစအရာရာပေးနေပါ၏…

သူကသင့်ကို ချစ်သလို

သင့်ကလည်း သူကိုချစ်သည်..

သင့်ချစ်သော ထိုအရာသည်

နေ့ညမပြတ်

စက္ကန့်မလပ်

အထပ်ထပ်

အကြိမ်ကြိမ်

အချိန်နဲ့အမျှမနား

အလုပ်လုပ်ပါသည်…

သို့သော်..

တချို့သူတို့ကား

သူ့ကိုမချစ်

သူ့ကိုမညှာ

သူ့ကိုမသနား

သူ့ရင်ကိုခွဲ

သူ့အသည်းကိုနှုတ်

သူ့ကို ဒဏ်ရာမျိုးစုံပေး

အနာမျိုးစုံပေးနေကြလေသည်…

ထို့အတွက်

သင်ရော

သူ့ကိုချစ်တဲ့သူများရော

သူ့အလှအပ

သူ့ဘ၀ကို

သက်ဆိုးရှည်ဖို့

ကူညီကြပါစို့

ကာကွယ်ကြပါစို့

စောင့်ရှောက်ကြပါစို့..

တို့….အတူတူသာလေ….

စမ်းချောင်းလေး(၂၆.၂.၂၀၁၄ နေ့လည် ၁၁း၀၁)

No comments: