
တစ်ချက်လောက်စဉ်းစားကြည့်ပါ
လောကမှာ
ငွေဟာ အရေးကြီးဆုံးလား....
ငွေရှိဖို့ လိုအပ်တယ်ဆိုပေမယ့်
ငွေနဲ့ ၀ယ်လို့ရတိုင်း တန်ဖိုးရှိမရှိ
ဆုံးဖြတ်ကြည့် နိုင်ပါသလား....
ငွေကို လူက လုပ်တာလား
လူကို ငွေကလုပ်နေသလား
ငွေနဲ့လူလား လူနဲ့ ငွေလား...
ငွေရှိတိုင်းရော စိတ်ချမ်းသာလား
ငွေမရှိတိုင်းလဲ စိတ်ဆင်းရဲပါသလား....
ငွေပါမှ နေသာလား
ငွေမပါရင်ရော မနေရဘူးလား...
ငွေက တန်ဖိုးကို ပြောတာလား
တန်ဖိုးကို ငွေကပြောတာလား....
ငွေနဲ့ အရာရာတိုင်းကို ၀ယ်နိုင်လား
ငွေနဲ့ ၀ယ်တိုင်းရော တန်ဖိုးထားနိုင်လား...
လူမိုက်နှင့် ငွေ အတူမနေတဲ့
ငွေနဲ့ နေတိုင်းရော လိမ်မာပါသလား....
အချိန်ကို ငွေနဲ့ ၀ယ်နိုင်လား
အချိန်ကို ငွေက ဖြုန်းနေလား...
ငွေပုံပေါ်မှာ ထိုင်ပြီးရော ပျော်နိုင်လား
ငွေမရှိတိုင်းရော ငိုနေလား...
ငွေမရှာရင် မဖြစ်ပေမယ့်
ငွေရပြီးတိုင်းရော ပြီးဘီလား...
ငွေကြောင့် အရာရာဟာဖြစ်နိုင်လား
ငွေပါရင် သေချာလား...
ငွေနောက်လိုက်ပြီးတော့ သေမှာလား
ငွေကို ဖက်ပြီးတော့ သေမလား...
စဉ်းစားကြည့်တိုင်း တရားရစရာ
ငွေနဲ့ လူ အကြောင်း
တစေတစောင်း......
ကိုသူ(လူသားအားလုံးသို့.......)
Monday, October 29, 2007
လူ နဲ့ ငွေ
Posted by
wkthu
at
2:36 PM
0
comments
အရာရာမှာမင်း....

အိပ်မက်တိုင်းမှာ မင်း
နိုးထလာတိုင်လည်းမင်း...
စိတ်ညစ်နေလည်းမင်း
ပျော်စရာတွေလည်မင်း...
အားငယ်တိုင်းလည်းမင်း
တက်ကြွတော့လည်းမင်း...
သံစဉ်တိုင်းလည်းမင်း
ကာရန်တွေလည်းမင်း...
အသက်ရှင်ခြင်းဟာမင်း
အင်း...နောက်ဆုံးထွက်သက်ထိသာ မင်းဖြစ်နေတော့.......
ကိုသူ
Posted by
wkthu
at
2:30 PM
0
comments
စိုး...

မပြောရက်ပါ
သူ့စိတ်ညစ်မှာစိုးလို့...
မမေးရက်ပါ
သူ့အဖြေခက်မှာစိုးလို့....
မခေါ်ရက်ပါ
သူပင်ပန်းမှာစိုးလို့(ကိုယ်လျှောက်မယ့်လမ်းကြမ်းတယ်လေ)......
မချစ်ရက်ပါ
သူအခင်မင်ပျက်မှာစိုးလို့....
ကိုသူ
Posted by
wkthu
at
1:50 PM
0
comments
Subscribe to:
Posts (Atom)