ကျေးဇူးပြှု၍
ငါ့ကိုမချစ်ခိုင်းပါနဲ့
မချစ်တတ်လို့ မဟုတ်ဘူး
ချစ်တတ်လွန်းပြီး ရူးတတ်တဲ့ ငါ့နှလုံးသားအကြောင်း ငါအသိဆုံးဖြစ်နေလို့ပါ...
ကျေးဇူးပြှု၍
ငါ့ ကို မချစ်ပါနဲ့
မင်းအချစ်ကို မလိုချင်လို့ မဟုတ်ဘူးကွာ
မင်းမချစ်တဲ့အခါ မနေတတ်မယ့် ငါ့စိတ်ကို ငါသိနေလို့ပါဟာ....
ကျေးဇူးပြှု၍
ငါ့ကို မမုန်းခိုင်းပါနဲ့
ငါ့နှလုံးသားမှာ မုန်းဖို့ခွန်အားမပါပါ
မုန်းတယ်ဆိုတာ ဘာလည်းမသိရှာတဲ့ နှလုံးသားတစ်ခုပါ...
ကျေးဇူးပြှု၍
ငါ့ကိုမမုန်းပါနဲ့
မင်းအမုန်းဒဏ်ကို ခံနိုင်တဲ့ အင်အားမရှိတဲ့
ငါ့ရဲ့ နှလုံးသားဟာ ပေါက်ကွဲပျက်စီးသွားနိုင်လို့ပါ...
ကျေးဇူးပြှု၍
ငါ့ကို မစိမ်းခိုင်းပါနဲ့
စိမ်းတတ်တဲ့အကြောင်း ငါ့ရင်တွင်းမှာ မမွေးဖွားတတ်ပါ
စိမ်းတယ်ဆိုတာ ဘယ်နေရာမှ နေရာပေးမထားတဲ့ နှလုံးသားပါ....
ကျေးဇူးပြှု၍
ငါ့ကို မစိမ်းပါနဲ့
မင်းစိမ်းကားတာကို မခံဝံ့တဲ့ ဒီရင်ဟာ
မင်းစိမ်းတာနဲ့ အရည်ပျော်အငွေ့ပျံသွားမယ့် နှလုံးသားမို့ပါ...
ကျေးဇူးပြှု၍
ငါ့ကို ထွက်မသွားခိုင်းပါနဲ့
မင်းနဲ့ အနီးဆုံးမှာ ထာဝရနေချင်တဲ့ ငါပါ
မင်းနဲ့ဝေးမှာ အရမ်းကြောက်နေတဲ့ သူ ငါဖြစ်နေလို့ပါ...
ကျေးဇူးပြှု၍
ငါ့ကိုထားမသွားပါနဲ့
မင်းထားသွားရင် သေဆုံးသွားမယ့် ဘ၀မို့ပါ
မင်းမုန်းသွားရင် ဘ၀အဓိပ္ပာယ်ပျောက်ဆုံးသွားနိုင်လို့ပါ...
ကဲ...ကောင်မလေးရေ
ငါ့အချစ်က အဲဒီလိုပဲကွာ
အင်း...ဒါပေမယ့်
မင်းအတွက်ခက်ခဲနေရင်တော့မင်းသဘောပါ
ငါ့အတွက် ငဲ့ကွက်စရာမလိုပါ
မင်းပြုသမျှ လည်စင်းခံမယ့် ကောင်လေးတစ်ယောက် ငါဖြစ်နေလို့ပါ....
ကိုသူ
Monday, January 14, 2008
ကျေးဇူးပြှု၍
Posted by
wkthu
at
12:42 PM
0
comments
Tuesday, December 11, 2007
ဘဝ

ဘဝ
မွေးဖွားခြင်းကစခဲ့တယ်။
ဘာမှမသိတဲ့ ကလေးငယ်ဘ၀ကနေ
တရွေ့ရွေ့နဲ့သိလာ
ဒါကအမိ ဒါကအဖတဲ့။
တစစနဲ့ ကြီးပြင်းလာ
ဒါကသူငယ်ချင်း ဒါကမိတ်ဆွေ
ဒါက၀ံပုလွေ ဒါကရန်သူ
ဒါကချစ်သူ ဒါကမယား
ဒါကသား ဒါကမြေးမြစ်
တရစ်ရစ်နဲ့ နှောင်ဖွဲ့လာ
မရုန်းထွက်သာတဲ့ဒီသံယောဇဉ်ကြိုးများ...
ဘကုန်းရယ်
ဝလုံးရယ်
နှစ်လုံးထံနဲ့ ရှုတ်နေတဲ့အရာ
အဲဒါဘ၀ပေါ့...
တစ်ရက်ရက်နဲ့ အိုမင်းလာ
သေခြင်းတရာလည်း နီးကပ်လာတော့
စည်းကပ်ပြီ ဘုရားတရား
မှားပြီးရင်းမှားခဲ့တာတွေ
သွားပြီးရင်သွားရဦးမယ် သံသရာဝဲ
ကဲ...ဘ၀ဆိုတာဒါပါပဲ...
မွေးဖွားခြင်းကစ
သေဆုံးခြင်းနဲ့ တခန်းရပ်
ဘ၀အစနဲ့ နိဂုံးကမတ်
မမုန်းလေသမျှ
လည်ပတ်ကြရလေဦးမှာ
သမုဒ္ဒရာပမာ ဒီသံသရာထဲ...
ကိုသူ
Posted by
wkthu
at
10:58 AM
1 comments
Monday, December 3, 2007
ပါရစေ....

မင်းဘာဖြစ်ဖြစ်
မင်းစိတ်ညစ်ညစ်
မင်းသိပ်ပျော်ပျော်
အဖော်ဘေးနား
အားပေးဖေးမ
ထာဝရပါကွာ
နေပါရစေ..
မင်းဘယ်သွားသွား
မင်းအနားယူယူ
မင်းလှုပ်ရျားရှား
အနားနားမှမခွာ
မကွာအစဉ်မြဲ
လက်တွဲကာသာ
နေပါရစေ...
မင်းဘယ်လိုထင်ထင်
မင်းဘယ်လိုမြင်မြင်
မင်းဘယ်လိုကြားကြား
တစ်ပါးသူစကား
နားမယောင်ပါနဲ့
မင်းစိတ်နဲ့ပြန်လှန်
ဝေဖန်ဆုံးဖြတ်အပြစ်ပေးပါကွယ်...
ငါဘာသိသိ
ငါဘာရှိရှိ
ငါဘာဖြစ်ဖြစ်
မင်ူကိုချစ်တာ
ဒီသစ္စာနဲ့
မေတ္တာတွေသာ
ရှေ့မှာထားမည်
ယုံကြည်ပါနော်
ဖော်မွန်ပမာ
တစ်သက်စာလေ
နေပါရစေ.....
ကိုသူ
Posted by
wkthu
at
3:09 PM
0
comments