Wednesday, April 2, 2008

မရှိမဖြစ်ပြတိုက်

မင်းရဲ့ရုပ်သွင်ကို ပန်းချီရေးကြည့်တယ်

ကိုယ်ရေးချယ်တဲ့ စုတ်ချက်တွေက

မင်းအလှကို ပီပြင်အောင် မဖော်ပြနိုင်ပါလားကွယ်....

မင်းရဲ့ ကိုယ်ဟန်ကို ပန်းပုထုကြည့်တယ်

ကိုယ်ထုဆစ်တဲ့ ထွင်းချက်တွေက

မင်းအလှကို ပေါ်လွင်အောင် မတင်ပြနိုင်ပါလားကွယ်....

မင်းကို ကိုယ်ချစ်တာကို ကဗျာရေးကြည့်တယ်

ကိုယ်ရေးစက်တဲ့ ကာရန်တွေက

ငါ့အချစ်ကို မင်းအသိအမှတ်ပြုဖို့ဖွဲ့နွဲ့နိုင်ပါလား...

မင်းကို ကိုယ်တမ်းတတာကို တေးဆိုကြည့်တယ်

ကိုယ်ဆိုညည်းတဲ့ သံစဉ်တွေက

ငါ့လွမ်းဆွတ်မှုတွေကို မင်းလှည့်ကြည့်ချင်လောက်အောင် မသီကျူးနိုင်ပါလား...

ဒါပေမယ့်လေ..

ဘာပဲဖြစ်ဖြစ်ပေါ့...

မင်းရဲ့အလှကို ပန်းချီချယ်နေမယ်

မင်းရဲ့ အသွင်ကို ပန်းပုထုမယ်

မင်းအတွက်ငါ့အချစ်ကို ကဗျာရေးဖွဲ့မယ်

မင်းကိုတမ်းတမှုကို တေးသီကျူးမယ်

ဒါတွေက ငါ့အတွက် မရှိမဖြစ် အနုပညာကမ္ဘာ

ဖန်တီးမှုများစွာရဲ့ ပြတိုက်ပါပဲကွယ်.....

ကိုသူ

Friday, March 28, 2008

အချစ်နတ်သမီး

လပြည့်ဝန်းလို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့

ငါရဲ့နက်ရှိုင်းတဲ့ နှလုံးသားကို အချစ်စိတ်ပေါက်ပွားစေသလား.....

နှင်းဆီဖူးလို နှုတ်ခမ်းရဲလေးက ချိုသောစကားလေးတွေနဲ့

ငါရဲ့ ကြီးမားခိုင်ခံသော အချစ်တံတိုင်းတွေကို မှိုင်းဗုံးခွဲံဖြိုချဝင်လာသလား....

ပိတုန်းရောင်ကေသာကျော့ကျော့တွေက

ချော့ကာမြူကာ အကြင်နာလှိုင်းတံပိုးများကို တိုးပွားကြီးထွားစေတာလား....

နန်းမဟာဆန်တဲ့ ကိုယ်ဟန်နွဲ့နွဲ့တွေက

ရဲ့ရဲ့လေးသာတောင် မကျန်တော့အောင် ငါ့အသည်းတံခါးကို ရိုက်ချိုးလိုက်လေသလား

ကန္တာရ ဆူးချုံတောလို မလှပတဲ့ ငါ့ဘ၀ကို

အိုအေစစ်တွေ ဖန်ဆင်းပြပြီး ဖျားယောင်းနေတာလား....

ဒဏ္လာရီပုံပြင်ဟောင်းတစ်ပုဒ်လား...

ဂန္ထ၀င်ဂီတကဗျာတစ်ပုဒ်လား...

ဆောင်းနှင်းမြူအိပ်မက်တစ်ခုလား.....

အင်း..ဒါဟာ ခြောက်သွေ့တော အပျော်ပင် ပြုန်းနေတဲ့ ငါ့နှလုံးသားဝိညဉ်တစ်စုံကို

မှော်ဆရာလို အစွမ်း

စုန်းကဝေလိုအတတ်

နတ်ဘုရားလို ဖန်ဆင်း

မင်းက ငါ့အချစ်ဗိမာန်ကို ပိုင်ဆိုးမယ့် ငါရဲ့အချစ်နတ်သမီးလား....







ကိုသူ

Wednesday, March 26, 2008

အချစ်နတ်သမီး



လပြည့်ဝန်းလို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့

ငါရဲ့နက်ရှိုင်းတဲ့ နှလုံးသားကို အချစ်စိတ်ပေါက်ပွားစေသလား.....

နှင်းဆီဖူးလို နှုတ်ခမ်းရဲလေးက ချိုသောစကားလေးတွေနဲ့

ငါရဲ့ ကြီးမားခိုင်ခံသော အချစ်တံတိုင်းတွေကို မှိုင်းဗုံးခွံဖြိုချဝင်လာသလား....

ပိတုန်းရောင်ကေသာကျော့ကျော့တွေက

ချော့ကာမြူကာ အကြင်နာလှိုင်းတံပိုးများကို တိုးပွားကြီးထွားစေတာလား....

နန်းမဟာဆန်တဲ့ ကိုယ်ဟန်နွဲ့နွဲ့တွေက

ရဲ့ရဲ့လေးသာတောင် မကျန်တော့အောင် ငါ့အသည်းတဲခါးကို ရိုက်ချိုးလိုက်လေသလား

ကန္တာရ ဆူးချုံတောလို မလှပတဲ့ ငါ့ဘ၀ကို

အိုအေစစ်တွေ ဖန်ဆင်းပြပြီး ဖျားယောင်းနေတာလား....

ဒဏ္လာရီပုံပြင်ဟောင်းတစ်ပုဒ်လား...

ဂန္ထ၀င်ဂီတကဗျာတစ်ပုဒ်လား...

ဆောင်းနှင်းမြူအိပ်မက်တစ်ခုလား.....

အင်း..ဒါဟာ ခြောက်သွေ့တော အပျော်ပင် ပြုန်းနေတဲ့ ငါ့နှလုံးသားဝိညဉ်တစ်စုံကို

မှော်ဆရာလို အစွမ်း

စုန်းကဝေလိုအတတ်

နတ်ဘုရားလို ဖန်ဆင်း

မင်းက ငါ့အချစ်ဗိမာန်ကို ပိုင်ဆိုးမဲ့ ငါရဲ့အချစ်နတ်သမီးလား....



ကိုသူ