Tuesday, May 13, 2008

မျှော်လင့်မိုးတိမ်

ချစ်တယ်ဆိုတာ နှုတ်ကပြောမှ သိမှာလားကွယ်

မဖွင့်ဟသေးပေမယ့် ချစ်ရသမျှတွေက

ရင်နှင့်အမျှ အပြည့်ပါပဲ ချစ်သူရယ်.....

တမ်းတရတယ်ဆိုတာ ပြောပြနိုင်မှ သိမှာလားကွယ်

မလှစ်ဟလွမ်းနေခဲ့ သတိတရရှိနေသမျှတွေက

ကျွမ်းဝေဒနာ မဖြေသာဆွေးနေခဲ့သူကိုယ်ပါလေ.....

ရင်မှာတိတ်တဆိတ် ကြိတ်မှိတ်ခံစား

သွားလည်းဒီစိတ် စားလည်းဒီစိတ်မို့

ဖွင့်ဟဖို့မရဲ ရင်ထဲအပြည့်ချစ်ခြင်းတွေအား

မင်းသိစေဖို့ ကဗျာဖွဲ့

တေးသီခဲ့ သံစဉ်ချိုများ

မင်းကို ချစ်နေတာတွေက

တစ်သက်စာထာဝရပေမို့

ပြန်လည်လို့ ချစ်ခွင့်ကို

မရဲမ၀ံ့မျှော်လင့်မိ

ချစ်သူသိလေ မြင်တော်မူ

ကြင်သူဘ၀ ရောက်ပါရစေ

တောင်းဆုချွေ ရင်တဲမှာ

သံယောဇဉ် ၀င်္ကပါဖွဲ့

စောင့်နေခဲ့ ချစ်အဖြေ

မြတ်နိုးနေ ကိုယ့်ကောင်မလေးရေ

မျှော်လင့်ခြင်းမိုးတိမ်တွေများစွာနဲ့ပေါ့.....


ကိုသူ

Monday, April 7, 2008

"မ......နဲ့''

မခင်ပါနဲ့
ခင်ပြီးရင် မခွာတတ်လို့ပါ...

မချစ်ပါနဲ့
ချစ်ပြီးရင် မမုန်းတတ်လို့ပါ...

မခွဲပါနဲ့
ခွဲပြီးရင် ပြန်မတွေ့မှာစိုးလို့ပါ...

မမေ့ပါနဲ့
မေ့ပြီးရင် ပြန်သတိမရမှာစိုးလို့ပါ...

မမုန်းပါနဲ့
မုန်းပြီးရင် အမြဲတမ်းတကျန်တတ်လို့ပါ...

"အာ...စိုးရိမ်တတ်ရန်ကောလို့လည်း
မပြောပါနဲ့လား ချစ်သူ..."

မပြုံးပါနဲ့
ပြုံးပြီးရင် ထာဝရစွဲကျန်တတ်လို့ပါ...

မမဲ့ပါနဲ့
မဲ့ပြီးရင် စိတ်ညစ်သွားမှာစိုးလို့ပါ...

မပျော်ပါနဲ့
ပျော်ပြီးရင် ပျောက်သွားမှာစိုးလို့ပါ...

မငိုပါနဲ့
ငိုပြီးရင် မောနေမှာစိုးလို့ပါ...

"အဲ..လွန်လွန်းတယ်လို့လည်း
မထင်ပါနဲ့လား ချစ်သူ..."

မလွမ်းပါနဲ့
လွမ်းပြီးရင် တမ်းတမှုတွေကုန်သွားမှာစိုးလို့ပါ...

မရေးပါရစေနဲ့
ရေးမိရင် ကဗျာဖြစ်သွားတတ်လို့ပါ...

မညည်းပါရစေနဲ့
ညည်းမိရင် သီချင်းဖြစ်သွားတတ်လို့ပါ...

''အင်း..နားလည်မှုတွေလည်း မရပ်လိုက်နဲ့
မေတ္ဖာတရားတွေလည်း မလျှော့လိုက်နဲ့
အသည်းနဲ့ထပ်တူ ထာဝရရှိနေပါစေ ချစ်သူ.....


ကိုသူ

ကျေးဇူးပါ

ကျေးဇူးပါ
ငါ့အတွေးမှာ မင်းရှိနေတဲ့အတွက်

ကျေးဇူးပါ
ငါ့အိပ်မက်မှာ မင်းရှိနေတဲ့အတွက်

ကျေးဇူးပါ
ငါ့ကဗျာမှာ မင်းရှိနေတဲ့အတွက်

ကျေးဇူးပါ
ငါ့သီချင်းမှာ မင်းရှိနေတဲ့အတွက်

ကျေးဇူးပါ
ငါ့အချစ်မှာ မင်းရှိနေတဲ့အတွက်

ကျေးဇူးပါ
ငါ့ဘ၀မှာ မင်းရှိနေတဲ့အတွက်

ငါ့အတွေးမှာ စိုးမိုး
ငါ့အိပ်မက်မှာ မင်းမူ
ငါ့ကဗျာမှာ ပိုင်စိုး
ငါ့အတွေးမှာ မွေးဖွား
ငါ့အချစ်ကိုသိမ်းပိုက်
ငါ့ဘ၀ကို ရှင်သန်
အကြင်နာအားလုံးရဲ့သခင်ရေ
ငါ့ဝိညာဉ်အချစ်ကမ္ဘာမှာ
မင်းရှိနေတာကိုက
ကျေးဇူး ကျေးဇူး ကျေးဇူးပါ အချစ်ရယ်......