ငါ့ကမ္ဘာကား မလှပပါ
ဒါပေမယ့် အေးချမ်းမှုအတိ...
ငါ့နေရာကား မစည်ကားပါ
ဒါပေမယ့် သာယာမှုအတိ...
ငါ့လမ်းကား မဖြောင့်ဖြူးပါ
ဒါပေမယ့် ဖေးမမှုအတိ...
ငါ့ဘ၀ကား မလွယ်လှပါ
ဒါပေမယ့် ကျော်ဖြတ်ဖို့ ခွန်အားအတိ...
ငါ့အချစ်ကား ကဗျာမဆန်ပါ
ဒါပေမယ့် နူးညံ့မှုအတိ....
ကဲလေ..ကြည့်တတ်ရင် မြင်တတ်မပေါ့
မြင်တတ်ရင် တွေ့လိမ့်မယ်
စောင့်နေတယ် ဘ၀လက်တွဲဖော်ကို
လှမ်းခဲ့နော် ချစ်သက်လျာရေ
လှိုက်လှဲစွာ ကြိုဆိုမှုအတိနဲ့ကွယ်...........
ကိုသူ
Tuesday, August 19, 2008
လှမ်းခဲ့တော့...
Posted by
wkthu
at
9:28 AM
0
comments
Monday, August 11, 2008
အချစ်

အချစ်တဲ့
တရစ်ပီးတရစ်
တွယ်ရစ်တတ်တယ်...
အချစ်ပေါ့
ဆော့ကစားမိရင်
ဒဏ်ထိတတ်တယ်...
အချစ်လေ
ဝေဒနာတွေ အထပ်ထပ်
မောနေတတ်တယ်.....
အချစ်ပဲ
အသည်းထဲထိနှစ်
စွဲနစ်ယူတတ်တယ်...
အချစ်ပါ
သာယာမှုတွေနဲ့ချော့မြူ
ကလူနေပြန်ရော
အချစ်ဟာ
ကမ္ဘာတစ်ခုလုံး ပျံ့နှံ
စွဲဆန့်လွှမ်းမိုးထားသလိုပဲ...
အော်...အချစ်
ချစ်တတ်သူတွေ အားလုံး
အစအဆုံးဘယ်မှာ ရှာမတွေ့နိုင်တယ်
ကျယ်ပြောလှတယ် အချစ်ဝင်္ကပါရယ်.....
ကိုသူ
Posted by
wkthu
at
12:38 PM
0
comments
Friday, August 8, 2008
နေ့မထွက်သောနေ့ လမသာသောည..

ညတော့ ညတစ်ညပဲ
ဒါပေမယ့် လကမသာတာခက်တယ်...
နေ့လည်း နေ့တစ်နေ့ပါပဲ
သို့သော်လည်း နေမမြင်ရတာဆိုးတယ်...
လမသာတဲ့နေ့တွေ
နေမမြင်ရတဲ့ညတွေ
ဘယ်တော့ဆုံးမလည်း
ရုန်းထွက်ကြမလား
ဒီအတိုင်းဆက်နေမလား
ရှေ့တက်ကြမလား
ခေါင်းဆက်ငုံ့နေမလား
ကြိုးစားကြမလား
ပျင်းရိနေကြမလား
နိုးကြားကြားမလား
ရေသာခိုနေကြမလား
တိုးထွက်ကြမလား
အဆိုးဖက်ကြမလား
သွေးရဲကြမလား
ဘေးကွဲနေကြမလား
စာတင်ကြမလား
ငွေခင်နေကြမလား
အသေတိုက်ကြမလား
ရေလိုက်နေကြမလား
စဉ်းစားကြမလား
အတင်းဖားနေကြမလား
မြေကြီးနဲ့မိုးသက်သေတည်
လသာတဲ့ည
နေ့သာတဲ့ နေ့တွေဆီ
တူညီချိတက်ကြမလား...
ငွေနဲ့ ချမ်းသာမှုကိုရည်
ဘယ်သူသေသေ
ငတေမာမည်
တည်ဆောက်နေကြမလား....
သေချာတာစ်ခုကတော့
ညမှ လသာအောင် တိမ်ငပုပ်တွေဖယ်ရမယ်
နေ့မှ နေသာအောင် မိုးမမှောင်မှ ဖြစ်တယ်
အို...နောက်ဆုတ်မကြောက်ရွံ့
ရဲဝံ့လိုက်ကြစမ်းပါလေ..
ကိုသူ(၈.၈.၀၈)
Posted by
wkthu
at
10:28 AM
0
comments