အေးချမ်းတဲ့ မင်းမျက်နှာလေး
ငေးကြည့်ကာ ရင်ခုန်မိ
စွဲငြိပြီ ဒီရင်ထဲတိုး
အချစ်မိုး ဆက်တိုက်ရွာ
မညာတတ်တာ ကိုယ့်အချစ်ပါ...
ဘာကိုပဲဖြစ်ဖြစ်
ဘယ်မှာပဲဖြစ်ဖြစ်
ဘယ်လောက်ပဲကြာကြာ
ဘယ်ခါမှမမုန်း
(ဆက်ဆက်)စောင့်နေဦးမယ် ချစ်သူရယ်...........
(အသက်ထက်ချစ်မိတဲ့)မင်းတစ်ယောက်ထဲကိုပဲ တစ်သက်လုံးပဲကွယ်.....
ကိုသူ
Saturday, September 6, 2008
ဆက်ဆက်စောင့်နေပါသည်......
Posted by
wkthu
at
4:18 PM
0
comments
Friday, September 5, 2008
မင်းနဲကိုယ်...
မင်းနားမှာ ထာဝရ
ဖြစ်ပါရစေ ဘ၀အဖော်...
မင်းစိတ်ညစ်ရင် ပြုံးစေဖို့
ကြိုးစားလို့ လူရွှင်တော်က ကိုယ်လေ...
မင်းငိုရင် ကူသုတ်ပေး
အားမရသေးရင် ကူငိုဦးမယ်ကွာ...
မင်းဒေါသထွက် စိတ်တိုတော့
ပြေလျော့လို့ အလှမပျက်အောင် ဖျောင်းဖျတတ်တယ်...
မင်းအားငယ်ရင် ဖေးမ
အားပေးရတာ ကိုယ်သိပ်လုပ်ချင်တဲ့အလုပ်ပေါ့...
မင်းရဲ့
မင်းအတွက်
မင်းပဲ
မင်းနဲ့
မင်းမှမင်းက
ကိုယ်မှကိုယ်ပါ......
ကိုသူ
Posted by
wkthu
at
1:17 PM
0
comments
Thursday, August 21, 2008
ကာရန်မဲ့
သိပ်ချစ်လွန်းရင် မျက်ရည်ကျရသလား
ခံစားတတ်တတ်သူများ ပြောပြကြပါလေ...
တို့အချစ်က မျက်ရည်တွေနဲ့ ဇာတာဖွဲ့ခဲ့သလား
ချစ်တတ်သူများ ရှင်းပြကြပါလေ.....
ချစ်တတ်လွန်းတဲ့တို့နှစ်ယောက်အဖြစ်က
မိဘတွေတောင် မျက်ရည်ကျ
သိတဲ့သူတွေ မျက်ရည်ကျ
အားလုံးသောသူတွေ မျက်ရည်မကျအောင် တို့အချစ်ကို စတေးရတော့မလားကွယ်...
မင်းပေးတဲ့ ကတိတည်ဖို့
မချစ်တော့ဘူးလို့ ပြောလည်း
မင်းရင်မှာ ချစ်နေဆဲဆိုတာ
ခံစားမှုချင်းတစ်ဆက်တည်း ငါသိနေသလိုပဲ
တို့ရင်ထဲက မင်းကိုချစ်နေဆဲဆိုတာတော့
အကြွင်းမရှိ ယုံလိုက်ပါကွယ်...
မင်းနဲ့ တို့ရဲ့ အမှတ်တရ မစ္စည်းလေးတွေ
မင်းရဲ့ ဓာတ်ပုံတွေ
မင်းပို့တဲ့စာတွေ မေးလ်တွေ
မင်းကို သတိရလို့ ကြည့်မိတိုင်း
ရင်ပွင့်မတတ် ခံစားရတယ်ဆိုတာ
ချစ်သူသာသိရင်လေ
မင်းလည်းပဲထပ်တူရှိ
ခံစားမိတယ်ဆိုတာ
ငြင်းနိုင်ပါသလားကွယ်...
ကိုသူ
Posted by
wkthu
at
10:05 AM
0
comments