သိပ်ချစ်တတ်တာ
အပြစ်တင်မလားမေ..
ဝေဒနာကို
မကြေငြာတတ်သူပါလေ..
အကြောက်ဆုံးအဖြစ်က
မင်းအချစ်မရမှာကိုပါ..
မကြုံချင်ဆုံးက
မင်းမုန်းမှာတစ်ခုထဲ..
ဝေးနေပေမယ့်
ဆုံနေချင်ဆဲ..
မတွေ့ရတော့လည်း
မြင်ယောင်နေခဲ့...
ဘ၀မှာ တစ်သက်စာ
အချစ်မှာ ခိုင်မြဲမှု
မေတ္တာမှာ ချည်နှောင်မှု
သစ္စာထုတွေနဲ့
ချစ်တာတစ်ခုကိုသာ
နားလည်ပေးပါ
တောင်းပန်ကာ ဒူးထောက်
မင်းရှေ့ရောက်လာချင်တယ်
ခွင့်ပြုပါကွယ် ချစ်သူ....
ကိုသူ...(၂၄.၉.၀၈)
Wednesday, September 24, 2008
ခွင့်ပြုပါ
Posted by
wkthu
at
2:48 PM
0
comments
Tuesday, September 16, 2008
တစ်ဝက်တစ်ပျက်အသည်းကွဲခြင်း
အသည်းကွဲတယ်တဲ့
ဘာလည်းဗျ အဲဒါက
ရည်းစားမှ မဟုတ်သေးတာ(ချစ်မိတာတော့ အမှန်ပါ)
ဘယ်ကလာကွဲရမှာတုန်း.....
နေဦး စဉ်းစားကြည့်မယ်
ကွဲတယ်ဆိုလည်း တစ်ဝက်တပျက်ဖြစ်မယ်
တစ်ဖက်သတ်ကြီး ဖြစ်နေတာကိုး...
ဟိုး ဟိုး...ဆရာ ကျွန်တော်ရှင်းပြမယ်
ရင်ထဲက ချစ်သမျှ ပြောပြတယ်လေ
စဉ်းစားနေတယ်ဆို စောင့်ရုံပေါ့
မုန်းနေတာတော့ မဟုတ်ပါဘူးတဲ့...
စိတ်ဆိုးတာလည်း မဟုတ်ပြန်ဘူးဆိုပဲ
အစ်ကိုလိုပဲ ခင်ပါတယ်တဲ့....
ဟုတ်ကဲ့ ကွဲတော့ကွဲတယ်ဗျ
သူ့အချစ်မှ ပြန်မရတာ
ဆိုတော့ကာ ကျွန်တော့်အဖြစ်က
ဇစ်မြစ်အမှန် ပြောရရင်အတည်
မပီပြင်တဲ့ အသည်းကွဲမှုတစ်ခုပဲဗျို့....
ကိုသူ
Posted by
wkthu
at
3:33 PM
0
comments
Thursday, September 11, 2008
လူနာအမှတ်၁၅၀၀
ဖျားချင်နေသည်
အချစ်ဒီဂရီ ၁၅၀၀
အလွမ်းဝေဒနာ
အဆွေးပရက်ရှာ
တမ်းတမှုပေါင်ချိန်တိုး
သတိရမှုဆယ်ဆတိုး
ဆိုးမှဆိုးတဲ့ ရောဂါ
ဆေးရှားသော လူနာတစ်ယောက်
ပျောက်မယ့်လမ်း မမြင်ပါလားလေ.....
ကိုသူ
Posted by
wkthu
at
4:45 PM
0
comments