Monday, October 6, 2008

ဖိတ်ကြားလွှာ

ချစ်ခြင်းတွေက
ဖြစ်နေပြီ ကာရန်များ..
တမ်းတမှုတွေက
လွင့်စေပြီ သံစဉ်တေးသွား..
သတိရမှုများ
ရေးချယ်ထား စုတ်ချက်ပန်းချီ...
လွမ်းဆွတ်မှုတွေအား
ထုဆစ်သွားမယ် ပန်းပုရုပ်လို...
အားလုံးအား ပြတိုက်ဖွင့်
ရင်ပွင့်အခန်းတွင် စီစဉ်ထား၏
လာကြည့်ပါ မြတ်နိုးသူ
ကြွရောက်ပါ ခဏတာဖြစ်ဖြစ်
ဝေဒနာကြေငြာပွဲတစ်ခုသို့
ဒူးထောက်လို့ ဖိတ်ကြားအပ်ပါသည်....



ကိုသူ(4.10.08)

ထာဝရအတွက်

ချစ်ရခြင်းကနွေ
သတိရတာတွေကမိုး
တမ်းတမှုတိုးတာကဆောင်း
ရာသီပြောင်းလဲ မမုန်းနိုင်
သက်ဆုံးတိုင် သံယောဇဉ်
အမှန်ပြောရင် သစ္စာ
မေတ္တာတွေ ခိုင်ခိုင်မြဲ
မယိုင်လဲတဲ့ မြတ်နိုးခြင်း
စိုးမိုးတဲ့ ချစ်သည်းရှင်
သနားတတ်ရင် တုံ့ပြန့်ပေးပါ
ဆောင့်နေတာ ကမ္ဘာဆုံးတိုင်
တစ်သက်လုံးပိုင် တစ်ဘ၀တာဖြစ်ဖြစ်
စစ်မှန်စွာ စွဲမိသူတစ်ယောက်အား
ခွင့်ပြုမလား ထာဝရအတွက်
ဆက်ဆက်သာ မျှော်နေပါရစေခင်.....


ကိုသူ(၃.၁၀.၀၈)

Saturday, October 4, 2008

ချစ်ခြင်းသခင်အသည်းရှင်အား ပန်ကြားချက်

အို....လေညှင်းလေးအသင်
အေးမြမှုတွေလွှမ်း
(ငါ့ဘ၀ကို)ချမ်းမြေ့မှုပေးပါ....
အို...ကြယ်စင်လေးမင်း
လင်းလက်ပျိုဝင်း
(ငါ့ဘ၀အား)အမှောင်ခွင်းစမ်းလေ...
အို...အိုအေစစ်လေးအချစ်
အေးချမ်းမှုအပေါင်း
(ငါ့ဘ၀မှာ)အားသစ်လောင်းပါကွာ.....
အို.....မနက်ခင်းအရှင်
သစ်လွင်လန်းဆန်း
(ငါ့ဘ၀အတွက်)ပင်ပန်းမှုပျောက်ပါစေ.....
အို....နတ်သမီးလေးသခင်
ရှင်သန်ဖန်ဆင်း
(ငါ့ဘ၀အလုံးစုံ)ချစ်ခြင်းအား ထာဝရတည်....
အို.....မှော်ဆရာမလေးခင်
ကြင်နာမှုဆောင်း
(ငါ့ဘ၀အပေါ်)သွေးသစ်လောင်းလိုက်တော့.....
အို....ချစ်သည်းပိုင်ရှင်
သံစဉ်တွေလှပ
ကြွရွကာရန်ဖွင့်
(တို့ဘ၀အတွင်း)ရွက်လွှင့်ကြမယ် အတူတူပေါ့.....

ကိုသူ(၄.၁၀.၀၈)