အချစ်ရယ်
ပေါင်မုန့်တစ်လုံးရယ်
ဝိုင်တစ်ခွက်ရယ်
ဘ၀မယ် ငါရောင့်ရယ်တယ်...တဲ့..
လူထဲကလူ ငါလည်း
အသည်းထဲကတောင်းဆို
အချစ်တော့လိုတာပဲ...
ဝမ်းထဲက အလိုအတွက်
ဝိုင်တစ်ခွက် ပေါင်မုန့်တစ်ခု
ဗိုက်ဖြည့်မှုတော့ လိုမှာပေါ့လေ...
အချစ်အတွက် ချစ်သူရှိမယ်
ဝမ်းအတွက် အစာတစ်ခုရယ်
ပြည့်စုံတယ်လို့ ယူဆပါတယ်...
လောကအတွက် ငါ
ငြိမ်းချမ်းစွာ ရှင်သန်
မှန်ကန်စွာ လှုပ်ရှား
တရားစွာ ရှာဖွေ
ကျင့်နေမယ် ရိုးသားမှု
ထားရှိမယ် စေတနာ
မေတ္တာကို ပွား
မုဒိတာထား
အားလုံးထဲက လူသား
ချစ်ခြင်းအားဖြင့် ဆက်လျှောက်လျက်
အသက်ထက် မြတ်နိုးသူ
အတူတူ လိုက်မလား စဉ်းစားထားကွယ်...........
ကိုသူ(8.10.08)
Thursday, October 9, 2008
အချစ်ပေါင်မုန့်
Posted by
wkthu
at
11:06 AM
0
comments
Monday, October 6, 2008
ဖိတ်ကြားလွှာ
ချစ်ခြင်းတွေက
ဖြစ်နေပြီ ကာရန်များ..
တမ်းတမှုတွေက
လွင့်စေပြီ သံစဉ်တေးသွား..
သတိရမှုများ
ရေးချယ်ထား စုတ်ချက်ပန်းချီ...
လွမ်းဆွတ်မှုတွေအား
ထုဆစ်သွားမယ် ပန်းပုရုပ်လို...
အားလုံးအား ပြတိုက်ဖွင့်
ရင်ပွင့်အခန်းတွင် စီစဉ်ထား၏
လာကြည့်ပါ မြတ်နိုးသူ
ကြွရောက်ပါ ခဏတာဖြစ်ဖြစ်
ဝေဒနာကြေငြာပွဲတစ်ခုသို့
ဒူးထောက်လို့ ဖိတ်ကြားအပ်ပါသည်....
ကိုသူ(4.10.08)
Posted by
wkthu
at
1:01 PM
0
comments
ထာဝရအတွက်
ချစ်ရခြင်းကနွေ
သတိရတာတွေကမိုး
တမ်းတမှုတိုးတာကဆောင်း
ရာသီပြောင်းလဲ မမုန်းနိုင်
သက်ဆုံးတိုင် သံယောဇဉ်
အမှန်ပြောရင် သစ္စာ
မေတ္တာတွေ ခိုင်ခိုင်မြဲ
မယိုင်လဲတဲ့ မြတ်နိုးခြင်း
စိုးမိုးတဲ့ ချစ်သည်းရှင်
သနားတတ်ရင် တုံ့ပြန့်ပေးပါ
ဆောင့်နေတာ ကမ္ဘာဆုံးတိုင်
တစ်သက်လုံးပိုင် တစ်ဘ၀တာဖြစ်ဖြစ်
စစ်မှန်စွာ စွဲမိသူတစ်ယောက်အား
ခွင့်ပြုမလား ထာဝရအတွက်
ဆက်ဆက်သာ မျှော်နေပါရစေခင်.....
ကိုသူ(၃.၁၀.၀၈)
Posted by
wkthu
at
12:59 PM
0
comments