''မုန်းတယ်ကွာ....အဲ့ဒီမိန်းမကို မုန်းတယ်...''
''...ဟကောင်..မျိုးကြီး..မင်းပဲချစ်လှချည်ရဲ့ဆို.....ဘယ်နှယ့်မုန်းပြန်ရတာလည်း...ငါနားမလည်တော့ဘူး..မင်းကို...''
''.....ဒိုးကြီး....မင်းငါ့ကိုလာမရိနဲ့…..ငါတကယ်တင်းနေတာနော်..ဟိုမိန်းမကို ထွက်နေတဲ့ ဒေါသတွေ မင်းအပေါ်ပေါက်ကွဲလာရင် ငါ့အဆိုးမဆိုနဲ့…’’
“…အာ……တော်ကြစမ်းပါကွာ အေးအေးသက်သာပြောကြပါ…ကဲ…မင်းဘာလို့ သူ့ကိုမုန်းလည်း မျိုးကြီး…..’’
“ဟ…ငါ့ချစ်သလောက် ပြန်မချစ်လို့ပေါ့ကွ…”
“….ဟာ…ဒါမုန်းစရာလား…မင်းကလည်း ….ပြောပြမှ..ဖော်ပြမှ အချစ်မဟုတ်တာပဲ….မပြောပြ မဖော်ပြတဲ့ အချစ်က ပိုခိုင်မာသလားလို့ပါ……’’
“ငါ ဒါတွေမသိဘူး…ငါ့ကို မချစ်ရင်နေပါ…ငါချစ်တာလေးတောင် အသိအမှတ်ပြုဖော်မရတာ..ငါမခံစားနိုင်တော့ဘူးကွ…”
“..အင်း..မင်းတော့ အချစ်ကြီးပြီး အမျက်ကြီးပြီ ထင်တယ် မျိုကြီး….”
“ခိုင်ကြီးရာ နေပါစေ…ဒီကောင့်ကို မုန်းခွင့်ပေးလိုက်..အရမ်းချစ်တတ်ရင် အသည်းခိုက်အောင်မုန်းတတ်တဲ့သဘောကွ..ငါ့တော့ ဖြည်းဖြည်းပဲချစ်ဖြည်းဖြည်းပဲ မုန်းတော့မယ် ဒီကောင်ကြည့်ပြီး ချစ်ရမှာတောင် လန့်လာပြီ….”
“အင်း…ဟုတ်ပါ့ကွာ…လူတွေက အချစ်ပဲကြည့်နေကြတယ်..အချစ်နောက်ကပ်လျက် အမုန်းရှိတာ သတိမမူကြဘူး…ကြောက်စရာကြီးပဲကွ…..”
‘’ကဲ…..တော်ပြီကွာ…ဒီအချစ်နဲ့အမုန်း ရှင်းလေရှုပ်လေ ဒီအတိုင်းပဲထားလိုက်ကြစို့…ကဲ…အသည်းကွဲအထိမ်းအမှတ်…..ချီးယား(စ်)…”
ကိုသူ(၂၆.၃.၀၈)
Friday, October 24, 2008
အချစ်နဲ့ကပ်လျက်ရှိသောအရာ(သို့)အမုန်း
Posted by
wkthu
at
3:00 PM
0
comments
Monday, October 20, 2008
အချစ် တစ်မှ တစ်ဆယ်
တစ်ရက်မှ မမေ့သတိရနေ
နှစ်ယောက်မပြောင်းလဲ ဒီအချစ်မင်းအသိ
သုံးနေမိ အကြင်နာစကားလုံးများ
လေးနက်စွာ ခံစားမှုတွေတိုး
ငါးမရှိတော့ ရေချိုးမပြန်တတ်သူ
ခြောက်ကပ်ကပ်နေ့တွေကျော်ဖြတ်
ခုနှစ်ရက်ဝေးရက်ခုနှစ်ရာလွမ်း
ရှစ်သောင်းလေးထောင် စေတီပြည့်အောင်ဆုတွေတောင်း
ကိုးကွယ်မိ အသည်းထက်အရှင်လို
ဆယ်သက်ဆယ်ကမ္ဘာတောင် မမေ့ဘူးခင်
ကိုသူ(၁၇.၁၀.၀၈)
Posted by
wkthu
at
9:41 AM
0
comments
Saturday, October 18, 2008
ရောင်စဉ်
အဖြူရောင်အချစ်
အပြာရောင် ခံစားမှု
အ၀ါရောင် နိုးထခြင်း
အနီရောင် သတ္တိတွေနဲ့(မြတ်နိုးခဲ့သော်လည်း)
အစိမ်းရောင် ဝေးလွင့်နိမိတ်
ခရမ်းရောင် အလွမ်းနေ့တွေပဲကြုံနေရ
ပန်းရောင်အနမ်းမှာမူးမေ့
တမ်းတမိ ရောင်စဉ်နှုတ်ခမ်းတစ်စုံ
ကျန်ရှိနေ ဗလာရောင်ရင်ခွင်တစ်ခုမှာ
ရောင်စဉ်မဲ့ ငြိမ်းချမ်းရေးလိုအပ်နေဆဲအသည်းတစ်လွှာ
နံ့သာရောင်ရနံ့ထုံလို့ သူခိုလှုံဖို့ကြိုနေတယ် ။ ။
ကိုသူ(၁၇.၁၀.၀၈)
Posted by
wkthu
at
10:48 AM
0
comments