"မျိုးကြီးနဲ့ဒိုးကြီး မင်းတို့ချစ်ခြင်းမေတ္တာကို ဘယ်လိုမြင်လည်းကွာ.."
''အဲ...ခိုင်ကြီး နုလှပါလားကွ မင်းစကားလုံးတွေက.."
"အေးလေ..... ဘာတွေ ဓာတ်ပေါက်လည်း ခိုင်ကြီးရ...."
''ဘာရယ် မဟုတ်ပါဘူးကွာ ကောင်မလေး တစ်ယောက်ကို ငါ့ မေတ္တာရှိ မိနေလို့...."
"အာ... ချစ်ရင် ချစ်တယ်ပေါ့ကွာ မင်းဟာကလည်း...."
"အေးလေ... ခိုက်ရင်ခိုက်တယ် လုပ်စမ်းပါ......"
"ဒီလိုကွာ... မင်းတို့ပြောသလို ချစ်တော့ချစ်ပါတယ်.... ဒါပေမယ့် ငါသူ့ကို ပိုင်ဆိုင်လိုစိတ် ရယူလိုစိတ်နဲ့ မချစ်မိဘူးကွာ...သူ့ကို အရိပ်တ ကြည့်ကြည့် နေချင်တယ်.... သူ့ကို ဖေးမချင်တယ်... အေးမြစေချင်တယ်... ငြိမ်းချမ်း စေချင်တယ်... သူစိတ် ညစ်ညူးမှာကို မလိုလားဘူး...."
သူပျော်နေတာ အမြဲမြင် နေချင်တယ် သူဒုက္ခရောက် နေချိန်မှာ သူ့အနားမှာ အရာရာ ကူညီချင်တယ်.. သူ ငါ့ကို မလိုအပ်ဘူးဆိုတဲ့ အခါ ဝေးဝေးကနေ နေပေးမယ်.... သူကိုပိုင်ဆိုင် ချင်တဲ့ စိတ်တော့ ရှိတာပေါ့ ..ဒါပေမယ့် ..သူဘက်က ငါ့ကို အဲဒီလို ပြန်လည် မခံစားမိသရွေ့ ပေးဆပ်မှုနဲ့ပဲစောင့် နေချင်တယ်... သူရဲ့အချစ်မေတ္တာ ငါ့ဆီ ပြန်မလာသေးသမျှ ပေါ့လေ....."
"အင်း မင်းဟာက ရှုတ်နေတာပဲ"
"ဟုတ်ပ... ဝေ့လည်ကြောင်ပတ် ဇာတ်မျောကြီးပဲ..."
"အော်... မင်းတို့တောင် နားမလည်မှတော့ ငါမေတ္တာရှိမိ ချစ်မိတဲ့ ကောင်မလေးလည်း ငါ့ရဲ့ဖြူစင်တဲ့ အချစ်မေတ္တာ ခံစားမိပါ့ မလား ငါ့မျှော်လင့် မထားတော့ ပါဘူးကွာ....
ဘာပဲဖြစ်ဖြစ်လေငါ သူ့အပေါ်ထားတဲ့ အချစ်မေတ္တာကို သူငါ့ကို ချစ်ချစ်မချစ်ချစ် သူ့မေတ္တာငါ့ကို မတုန့်ပြန် ဆက်လက်ရှိနေ ဦးမယ်ကွာ...."
"အေးပါ ခိုင်ကြီးရာ ငါ့တို့ဆုတောင်း ပေးပါတယ်ကွာ မင်းမျှော်လင့်တဲ့ အချစ်မျိုးဖြစ်ပါစေလို့...."
"ငါ့လည်း မင်းအတွက် ကံကောင်းသောနေ့ရောက်ဘာပါစေလို့ ဆုတောင်းပါတယ်...."
"ကျေးဇူး မင်းတို့ဆုတောင်းပေး သလိုဖြစ်လာမယ်လို့ ယုံကြည်ရင်း သူ့ကို ဆက်လက်ချစ် မေတ္တာထား သွားမယ်ကွာ သူငယ်ချင်း တို့ရာ.........."
ကိုသူ(၂၇.၁၀.၀၈)
Wednesday, October 29, 2008
ဖြူစင်သော မေတ္တာနှင့်ယှဉ်သောအချစ်
Posted by
wkthu
at
1:49 PM
0
comments
အချစ်အမုန်းသံသရာ
နှလုံးသားရေသောက်မြစ်မှတဆင့်
အချစ်သစ်ပင်ပေါက်ဖွားရှင်သန်
သမုဒယနွယ်များရစ်ပတ်တွယ်လျက်
မေတ္တာအခက်အလက်အကိုင်းအဆက်ဝေဆာ
သစ္စာပန်းများ ပွင့်လန်းကဖြာနေချိန်
အမုန်းတရားလေပြင်းမုန်တိုင်းတိုက်
စိမ်းကားခြင်းမိုးကြိုးပစ်ချ
ရက်စက်ခြင်းမိုးသီးမိုးပေါက်တွေကျ
နာကျဉ်းခြင်းမှောင်မိုက်မှုတွေစိုးမိုး
ခါးသီးခြင်းငလျင်တွေလှုပ်ဖရိုဖရဲဖြစ်
ကြေကွဲခြင်းသံဝေဂတွေရ
ဆွေးမြေ့ခြင်း သတိတွေဝင်လာ
အော်..အဲ့ဒါ အချစ်အမုန်းသံသရာ........
ကိုသူ(၂၇.၁၀.၀၈)
Posted by
wkthu
at
1:31 PM
0
comments
ဘယ်လိုကောင်မလေးလည်း
ဘယ်လိုကောင်မလေးလည်း
ဘယ်လိုကောင်မလေးလည်း
အသည်းတံခါးရိုက်ချိုးဖျက်ဝင်လာတယ်
ဘယ်လိုကောင်မလေးလည်း
အသည်းအား ထုတ်ချင်းထောက်မြားနဲ့ပစ်သွားတယ်
ဘယ်လိုကောင်မလေးလည်း
အသည်းထဲစူးနစ်ချစ်မိသွားစေတယ်
ဘယ်လိုကောင်မလေးလည်း
အသည်းအိမ်ရာ နှလုံးသားမြို့တော်တည်တတ်တယ်
ဘယ်လိုကောင်မလေးလည်း
အသည်းကို ချိတ်ပိတ်သေ့ခတ်နှိပ်ထားပြန်တယ်
ဘယ်လိုကောင်မလေးလည်း
အသည်းတစ်ခုလုံး သိမ်းကျုံးနေရာယူထားတယ်
ဘယ်လိုကောင်မလေးလည်း
အသည်းအား အေးမြနွေးထွေးအောင်လုပ်နေတယ်
ဘယ်လိုကောင်မလေးလည်း
ဘယ်လိုလေးလည်းကွယ်
ဘယ်လိုအသည်းတွေနဲ့
ကောင်မလေးတစ်ယောက်ပါလည်းကွယ်.....
ကိုသူ(၂၇.၁၀.၀၈)
Posted by
wkthu
at
1:14 PM
0
comments