ငါ
နှလုံးသားမရှိတော့သလိုပဲ
ခံစားချက်တွေကလည်း အေးစက်လို့
စကားလုံးတွေလည်းပျောက်ရှ
ကာရန်တွေကလည်း ကမောက်ကမ
သံစဉ်တွေလည်း ဝေးလွင့်...
နင်
ကြင်နာတာတွေရှိသေးရဲ့လား
ငါဆိုတာ နင့်အတွက်ဆိုတာ မသိတာလား
နင်ဟာ ငါအတွက်မဖြစ်လာတော့ဘူးလား
တချက်လေးတောင် သတိမှရရဲ့လား
နင့်ရင်ထဲကိုခဏဖြစ်ဖြစ် ထားမပေးနိုင်တာလား...
အေးလေ
ဘာတွေပဲဖြစ်ဖြစ်
ဆက်ချစ်နေမယ်
တွယ်တာနေတယ်ဆိုတာ
နင်သိပါစေ
မြင်စေချင်တယ်လေ
အေးစက်နေတဲ့အသည်းတစ်ခုဟာ
နွေးထွေးမှုတွေ မျှော်လင့်စောင့်စား
ဘယ်တော့များမှ ဖြစ်လာမယ် မသိတဲ့နေ့တစ်နေ့ကိုလေ....
ကိုသူ
(8.1.09)
Thursday, January 8, 2009
အေးစက်နေသော ခံစားချက်များ
Posted by
wkthu
at
5:10 PM
0
comments
Tuesday, December 30, 2008
စွမ်းအားပြည့်အချစ်
အိပ်မက်ထဲပျော်ဆဲ
ဆင်နွှဲခဲ့အတူတူ
စိတ်ချင်းဆက်သွယ်ဆဲ
တစ်သားတည်းအတူတူ
ဘယ်လောက်ပဲဝေးလည်း
အသည်းချင်းအတူတူ
အတောင်ပံတွေမရှိလည်း
ပျံဝဲမခွဲအတူတူ
အခက်အခဲတွေကြုံလည်း
စုစည်းအချစ် အတူတူ
မုန်တိုင်းတွေထန်လည်း
တွန်းလှန်ခဲ့အတူတူ
ဘယ်အခြေအနေရောက်ရောက်
ဘယ်လောက်ပဲဝေးကွာကွာ
ဘာတွေပဲတားဆီးဆီးထားထား
ကျော်လွှားမယ် တို့အတူတူရှိ
အချစ်စွမ်းအားတွေပြည့်ဝတာချင်းကလည်း အတူတူပါ
ထာဝရမကွဲကွာ ကြင်နာခြင်းတွေမှာလည်း အတူတူသာလေ....
ကိုသူ
25.12.08
Posted by
wkthu
at
6:59 PM
0
comments
ပြက္ခဒိန်တစ်ခု၏ နောက်ဆုံးနေ့စွဲ
နှုတ်ဆက်တော့မယ်လား
နောက်ဆုံးဖြစ်တဲ့ ပြက္ခဒိန်တစ်ခုရဲ့နေ့စွဲ
အသဲမှာထင်ကျန်ဆဲအဖြစ်အပျက်တွေလည်းရှိခဲ့
စိတ်မှာအမှတ်ရမှုတွေလည်းအပြည့်ကြုံခဲ့
မလွမ်းချင်လည်းလွမ်းခဲ့
မဝေးချင်လည်းဝေးခဲ့
နီးချင်လည်း မနီးခဲ့
သံယောဇဉ်တွေလည်း မလျော့ခဲ့
ချစ်ခြင်းတွေလည်း မမှေးမှိန်ခဲ့
ဆွေးကဗျာတွေလည်း အကြိမ်ကြိမ်ရေးသီခဲ့
ကျွမ်းသီချင်းတွေလည်း သီကြူးခဲ့ပါရဲ့
အော် နှစ်ကူးမှာ ပျော်မြူးနိုင့်ပါမလား
အထီးကျန်ခြင်းမှာ ဆက်ရှိရတော့မယ်ထင်ရဲ့
ဟုတ်ကဲ့ အလွမ်းတွေကို ထားခဲ့လို့ရရင် ထားခဲ့ချင်ရဲ့
ပျော်ရွှင်ခြင်းရထားနဲ့အတူ ရှေ့ဆက်ချင်တယ်ကွဲ့
ကူညီပါလှည့် ကူညီလှည့်လေ ငါ့ရဲ့မျှော်လင့်ချက်အလင်းတန်း
လပြည့်ဝန်းလို ငါ့ဘ၀ကိုအေးမြမှုတွေနဲ့အတူ
သာယာလန်းဆန်းတက်ကြွတဲ့ နေ့သစ်တစ်ခုဆီကို
အချစ်တွေနဲ့အတူ
အသစ် ဘ၀သစ်တစ်ခုကို ရှေးရှုမယ်ဆို
မငြင်းပယ်ပဲ မေတ္တာတစ်ခုသာ ပေးပါ
မနက်ဖန်ဟာ ကြည်နူးမှုတွေ အတိလို့ အိပ်မက်တွေမက်နေပါရစေ ချစ်သူ....
ကိုသူ
(27.12.08)
မှတ်ချက်။ ။ဒီကဗျာလေးက အမ်စီအိုခေါင်းစဉ်ပေးကဗျာပြိုင်ပွဲ(၃)မှာ ၀င်ပြိုင်မယ့်ကဗျာလေးပါ.....
Posted by
wkthu
at
6:57 PM
0
comments