
ကောင်မလေး(၂)က ကောင်မလေး(၁)နဲ့ပြဿနာတက်ပြီး ကျောင်းတွေပိတ်ထားတဲ့အချိန်ပေါ့
ကျော်ကျော်အလုပ်လုပ်တယ် ကျောင်းပိတ်ရင်
မလုပ်လို့လည်း မဖြစ်ဘူးလေ အိမ်က မိသားစုများပြီး ကျောင်းသားတွေချည်းပဲကိုး
အဲ့တော့ ကျော်ကျော်တို့မောင်နှမတွေအားလုံး ကျောင်းပိတ်ရင် အလုပ်လုပ်ကြတယ်....
အဲ့မှာတွေ့တာ ကောင်မလေး(၂)က
ဒီတစ်ခါတော့ စာမပေးဘူးဗျ
ပါးစပ်နဲ့ပြောတာ(အင်းလေ ပါးစပ်နဲ့ပဲပြောလို့ရတာကိုး)
ကောင်မလေး(၂)ရဲ့ တစ်အိမ်လုံးနဲ့လည်းခင်တယ်ဆိုတော့ သူအမေကိုယ်တိုင်ကကောင်မလေး(၂)ကိုလိုက်ပို့ခိုင်းတာဗျ ပစ္စည်းတစ်ခုဝယ်ဖို့
အဲ့မှာဖွင့်ပြောတာ..."နင့်ကိုငါချစ်တယ်"ပေါ့.....ဒါပဲပြောတတ်တာ...အဲတော့ ကောင်မလေး(၂)က "အင်"တဲ့...နင်ကိုယုံလို့ ငါ့အမေက ငါ့ကို နင်နဲ့ထည့်လိုက်တာ နင်က ရည်းစားစကားပြောရသလားတဲ့...."အဲ...အဲ့လိုလည်း ဟုတ်ပါဘူးဟာ ဒီလိုမှမပြောရင် ပြောဖြစ်မှာမဟုတ်လို့ ပြောရတာပါဆိုပြီး တောင်းပန်တယ်....အင်း..နင်ကိုငါ သူငယ်ချင်းလိုပဲ ခင်တယ်တဲ့ နင်စာတော်တယ် စာကြိုးစားပါ အိမ်ကိုလည်း ကူညီပေါ့တဲ့...ငါတို့အသက်ငယ်ငယ်လေးပဲရှိသေးတာ..အိမ်အတွက်ပဲ ကြည့်ပါဟာတဲ့....ဒီတစ်ခါတော့ ကောင်မလေး(၁)လောက်တော့ အသဲမကွဲဘူးဗျ...ဒါပေမယ့် သူငယ်ချင်းအဆင့်ကနေ မတက်တော့ ကျော်ကျော်ခင်ဗျာမှာ အပီအပြင်အသဲမကွဲနိုင်ရှာဘူးပေါ့ဗျာ........
Saturday, February 7, 2009
အသဲကွဲဇာတ်လမ်း(၂)
Posted by
wkthu
at
11:14 AM
0
comments
ကောင်မလေး(၁)နှင့်နောက်ဆက်တွဲဖြစ်ရပ်များ

ကျော်ကျော် ကောင်မလေး(၁)ကို တကယ်ချစ်ခဲ့တာဗျ
ခုတော့ ချစ်လို့မဖြစ်ဘူးလေ
ယောကျာ်းရပြီးလို့ ကလေးတောင်မွေးပေါ့
နောက်ထပ်မလှုပ်ရှားဘူးလားဆိုတော့ လှုပ်ရှားသေးတယ်ဗျ...
ဆယ်တန်းအောင်ပြီးမှ ပြန်လှုပ်ရှားတယ်
ကောင်မလေး(၁)တို့ တက္ကသိုလ်ကို သွားသွားလည်တယ်...
အဲ့ချိန်မှတော့ အဆင်ပြေတယ်ဗျ
သူငယ်ချင်းလို့ လက်ခံစကားပြောတယ်
ဒါပေမယ့် ကောင်မလေး(၁)က မချစ်ဘူး
ကောင်မလေး(၁) ရည်းစားရရော ကျော်ကျော်လည်းမေ့လိုက်တယ်
မမေ့လို့လည်းမဖြစ် ကောင်မလေး(၁)ရဲ့ရည်းစားနဲ့လည်း သိတော့ မလှုပ်ရှားဖြစ်တော့ဘူးပေါ့ဗျာ
ကောင်မလေး(၂)အကြောင်းလား လာမယ်လေဗျာ ဖြည်းဖြည်းပေါ့...
Posted by
wkthu
at
11:07 AM
0
comments
Friday, February 6, 2009
အဖေသို့
အဖေ
အဖေမွေးနေ့ သားတို့မမေ့ပါဘူးဗျာ...
ဘာကိုမှမကြောက်
သေမှတောင်မကြောက်
ဘာကောင်မှမကြောက်
သူကြောက်တာ လွတ်လပ်ရေးမရမှာ
ဘာမထီ အာဇာနည်စိတ်ဓာတ်
မြင့်မြတ်လှပါတယ်ဗျာ.....
ကိုယ်ကျိုးမဖက် နိုင်ငံအတွက်
အသက်ပေးဖို့ ၀န်မလေး
လေးစားမိတယ်စိတ်မှာ
ချစ်မြတ်နိုးတယ်အသည်းမှာ
အားကျမိတယ်ရင်ထဲမှာ
စွဲမြဲစွာ သံမှိုစွဲ
မလဲနိုင်ဘူး အဖေလိုအဖေမျိုး
ရှားပါလွန်းလို့ပါ အဖေ...
နယ်ချဲ့ကို ဒူးမထောက်
ရဲရဲတောက်ရှေ့ဆောင်
အမှောင်ကိုလင်းစေခဲ့တာ
ဘယ်မှာ မေ့နိုင်ပါ့မလည်းဗျာ...
နောက်တစ်ယောက်မရှိနိုင်အောင်
ပြောင်မြောက်တဲ့နိုင်ငံချစ်စိတ်
ထိပ်တန်းက ကမ္ဗည်းတင်
မြင်ယောင်က တမ်းတသတိရ
ဦးညွတ်လို့ အလေးပြုပါရစေ
သားတို့ရဲ့ထာဝရအဖေ
ရောက်ရာဘ၀မှ ငြိမ်းချမ်းပါစေဗျာ....
ကိုသူ(ကဗျာချစ်သူ)
Posted by
wkthu
at
10:54 AM
0
comments