Monday, February 16, 2009

ပန်းရုံဆောက်တဲ့လက်


ပန်းရုံကိုဆောက်တဲ့လက်
တစ်ချက်တစ်ချက်မှာ ကြမ်းရှရှ
တစ်ခါတစ်ခါတော့ နူးနူးညံ့ညံ့
သေချာတာတစ်ခုက ပန်းတွေခက်လက်ဝေဖြာဖို့
စေတနာဗရပွတို့က ရင်မှအတိ
ပကတိလှပစေလိုသော ဆန္ဒကတစ်စုံ
မြင်ရုံသာ ကျေနပ်မှုကတစ်လီ
ပီတိတွေက နှလုံးသားမှာ ဂွမ်းဆီထိမတတ်
မပြတ်သော သံယောဇဉ်ကခိုင်မြဲ
မလွဲသော ချစ်ခြင်းတွေက တဝေေ၀
မသွေသော မေတ္တာတွေက တဖြာဖြာ
သာယာကြည်နူးစိတ်တွေနဲ့ ရင်ခုန်
အရူးအမူးပျော်ရွှင်မှုများစွာနဲ့ မွှမ်းထုံ
ထာဝရယုံကြည်လိုက်စမ်းပါ ပန်းပျိုးလက်ကို
ပန်းအတွက်အသက်နှင့်လဲ၍ နှစ်ချိုက်ကာကွယ်
ရန်သူကိုတိုက်ခိုက်ရမယ်ဆိုလည်း မရွံ့မကြောက်
ဘယ်ခါမှဒူးမထောက် ရဲရဲရင်ဆိုင်ရှေ့တိုး
မပြောင်းမယိုင်လဲရိုးသားသော သစ္စာတရား
ပန်းသမားရဲ့လက် ယှဉ်ဖက်လို့တုပြိုင်
နိုင်မယ်ထင်ပါသလား ပန်းခြွေတဲ့သူ

ကိုသူ(ကဗျာချစ်သူ)
၁၄.၂.၀၉
မှတ်ချက်။ ။အမ်စီအို ခေါင်းစဉ်ပေးကဗျာပြိုင်ပွဲ(၇)မှာ ၀င်ပြိုင်မယ့်ကဗျာလေးပါ

အသဲကွဲဇာတ်လမ်း(၅)

ဒီတစ်ခါ ကျော်ကျော်ကွဲတာက ဘာမှမပြောပဲ ကွဲတာဗျ.........
စာလည်းမပေး ပါးစပ်ကလည်း မပြောဖြစ်ဘူး အဲ့တစ်ယောက်ကို.....
နှစ်ယောက်လုံးက အတန်းထဲမှာ အတော်ဆုံး....
ကျော်ကျော်အသိစိတ်ဝင်ပြီး စာကြိုးစားနေတဲ့အချိန် ဆယ်တန်းပေါ့.....
ဒီလိုပဲ နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်အထင်ကြီးလေးစားကြတယ်....
စာအုပ်အပြန်အလှန်ငှားတယ်....တစ်ယောက်မသိတာ တစ်ယောက် မေးတယ် ဖြေတယ်....
တကယ် အပြန်အလှန်ခင်ကြတယ်.....
ကျော်ကျော် အဲ့ကောင်မလေးကို ချစ်လည်းချစ်တယ် လေးလည်းလေးစားတယ်....
ချစ်လွန်းလေးစားလွန်းလို့ ရည်းစားစကားတောင်မပြောပဲချစ်တာ....
ကောင်မလေးကလည်း ကျော်ကျော်ကို အရမ်းခင်တယ်...
ဘယ်လိုသိရလည်းဆိုတော့ အဲ့ကောင်မလေးကို ထိန်းရတဲ့သူက ကျော်ကျော့်အစ်မ ၀မ်းကွဲ
ကျော်ကျော်အစ်မက ပြောပြတယ် နင့်အကြောင်းကို ကောင်မလေးက တဖွဖွပြောတယ်တဲ့
ကျော်ကျော် အရမ်းတော်တယ် ရိုးသားတယ်တဲ့...
ကျော်ကျော်ဆယ်တန်းကို ငါးဘာသာဂုဏ်ထူးနဲ့အောင်တယ်...
အဲ့ကောင်မလေးလည်း ငါးဘာသာထွက်တယ်.....
ကောင်မလေးက ဆေးကျောင်း
ကျော်ကျော်က စက်မှု
တွေ့ဖြစ်ကြပါတယ်...ဒါပေမယ့် ကျော်ကျော်ဖွင့်မပြောခဲ့ပါဘူး...
ကောင်မလေးက ချမ်းသာတာကို
ကျော်ကျော်က ဆင်းရဲတယ်...
အဲ့တော့ ကိုယ်အတွက်နဲ့ သူဒုက္ခမရောက်စေချင်ဘူး...
သူငယ်ချင်းလိုပဲ ခင်တယ် ချစ်တယ် တွေ့တယ်....
ကျော်ကျော်ဖွင့်မပြောပဲ ချစ်ခဲ့သု အဲ့တစ်ယောက်ပဲရှိတယ်.....
ကျော်ကျော့်သူငယ်ချင်း ၃ယောက် အပြိုင်လိုက်တယ်....
အဲ့ကောင်မလေးကို တစ်ယောက်မှ မရကြဘူး
အဲ့ ၃ယောက်လုံးက ချမ်းသာတယ်....
ကျော်ကျော်လည်း အကူအညီပေးပါတယ်...သူငယ်ချင်းတွေ အဆင်ပြေဖို့...
ကောင်မလေးက မကြိုက်ဘူး ၃ ယောက်လုံးကို...
ဒီတစ်ခါ ကျော်ကျော် အသဲကွဲပေမယ့် ကောင်မလေး (၅)ကို ချစ်ခင်လေးစားဆဲပါ....

Saturday, February 14, 2009

ဖေဖော်ဝါရီနံနက်ခင်းတစ်ခု

မှုန်ပြပြ နံနက်ခင်း
ဆီးနှင်းလေလား မြူလေလား
ဝိုးတိုးဝါးတား ပုံရိပ်များ
လှုပ်ရှားနေသော အရာဝတ္ထုများ
ပျောက်ကွယ်လုနီးပါးကောင်းကင်တစ်ခု
ဆောင်းသခင်ရတု ဖေဖော်ဝါရီ
နရီစည်းချက်သွက်လက် ရက်တစ်ရက်
အလှဖက် စုံမက်သူတွေအတွက်အထိမ်းအမှတ်
ပတ်သက်ပါဝင်နိုင်ပါစေ လူသားအားလုံး
ပြုံးရွှင်စွာ ရယ်မောစွာ
ငြိမ်းချမ်းစွာ သာယာစွာ
လှပစွာ အေးမြစွာ
ဖေးမစွာ တူယှဉ်စွာ
ကမ္ဘာတစ်ခွင်လုံး
စကြာဝဠာတစ်တိုက်လုံး
လွမ်းခြုံဖုံးအုပ်စောင့်ရှောက်လိုက်ပါ အို့ဘယ် နတ်သမီး...............


ကိုသူ(ကဗျာချစ်သူ)
ချစ်သူများနေ့အမှတ်တရ
၁၄.၂.၀၉