Friday, February 27, 2009

ကောင်မလေး(၇)၏နောက်ဆက်တွဲ


ထုံးစံအတိုင်းပဲ ကျော်ကျော်ကောင်မလေးပီသစွာ အိမ်ထောင်ကျပြီးပါပြီ
ကလေးလည်းရနေပါပြီ.....
ကျော်ကျော်နဲအဆက်အသွယ်ပြတ်နေပြီ
မတွေ့ဖြစ်တော့ဘူး
ကျော်ကျော်ကို ကောင်မလေးက စိတ်ဝင်စားခဲ့တယ်နဲ့တူပါတယ်...
ကျော်ကျော်အကြောင်းကို အမြဲတမ်းပြောတယ်တဲ့ သူငယ်ချင်းတွေကို....
ကျော်ကျော်အဲ့အချိန်မှာ မိသားစုအတွက်လုပ်နေရတဲ့ကောင်ဆိုတော့
ကောင်မလေးကို လှည့်မကြည့်ခဲ့နိုင်တော့ ပါသွားတယ်လို့ ယူဆတာပဲ ...
အဲဒါတော့ ကောင်မလေးမှသိမှာပါလေ....
ကျော်ကျော်ကို ချစ်ခဲ့မချစ်ခဲ့ ကျော်ကျော်တကယ်မသိခဲ့ပါဘူး....
အဲ့ တစ်ယောက်တုန်းက ကျော်ကျော်ရေရေလည်လည် အသည်းကွဲပြခဲ့တာပါ...
အဆောင်ရှေ့ နေ့တိုင်းနီးပါရောက်တယ်....ဂစ်တာနဲ့ တချိန်လုံးကွဲပြခဲ့ဖူးတယ်....
ကျော်ကျော်ဖီလင်အပြည့်နဲ့ အသည်းကွဲပြခဲ့တာ ......
ကောင်မလေးမှာ ကျော်ကျော်အသည်းကွဲဒဏ်ခံရလို့လားမသိ အဆင့်(Roll)တွေများတောင် ကျလို့....
ကျော်ကျော်ကျ ပေပေတေတေစာကြည့်တာတောင် အဆင့်(ွRoll)တက်သွားသေးတယ်....
ကျော်ကျော်အသည်းကွဲပေမယ့် စာကြည့်မပျက်ခဲ့ဘူးဗျ....
ခံနိုင်ရည်တက်လာတဲ့သဘောပေါ့လေနော့....အဟီး

အသည်းကွဲဇာတ်လမ်း(၇)


ကောင်မလေး(၇)က ကျော်ကျော်အစက မချစ်ဘူးဗျ
တက္ကသိုလ်စစတက်ချင်းတွေ့တာ
ကျောင်းအပ်အပ်ချင်းတွေ့တာဗျ.
ကောင်မလေးက လာမိတ်ဆက်တာ ခုန်နံပါတ်ချင်းကပ်ရက်မို့
နာမည်လေးက ခပ်ဆန်းဆန်းလေးဆိုတော့ ကျော်ကျော်ချက်ချင်းမှတ်မိတယ်....
သူငယ်ချင်းတွေ ဖြစ်သွားရော....
ကျောင်းပိတ်ရင်လည်း စာအဆက်အသွယ်မပြတ်ဘူး
ပထမနှစ်မှာ ကျော်ကျော် အဲ့ကောင်မလေးကို မကြိုက်သေးဘူး
ဒုတိယနှစ်မှာ ဘယ်လိုကြိုက်သွားတယ်မသိဘူး
ဒါနဲ့ စာအုပ်ငှားတယ် စာထည့်ပေးတယ်….
အဲ့မှာ အဲ့နေ့က ကောင်မလေးမလာဘူး
ကျော်ကျော်လေသွားတယ်…
ကောင်မလေးရဲ့သူငယ်ချင်းနဲ့ လူကြုံပေးမလို့ ကြိုးစားသေးတယ်….
အဲ့ကောင်မလေးက ဟိုလှန်ဒီလှန်လျှောက်ကြည့်တော့ ကျော်ကျော်လန့်သွားပြီး မပေးဖြစ်တော့ဘူး……..
အဲ့စာကို သိမ်းထားလိုက်တယ်…..
တတိယနှစ်ကျမှ ထပ်ပေးတယ်
ပုဂံခရီးကအပြန် လက်ဆောင်ဆိုပြီး စာပါထည့်ပေးလိုက်တယ်……
ကောင်မလေးက ပြန်ပေးတယ် လက်ဆောင်ကို စာတော့ယူထားတယ်…..
သူငယ်ချင်းလိုပဲ ခင်မယ် ပြန်ပြောတယ်….
ကျော်ကျော်လည်း သူငယ်ချင်းလိုပဲ ဆက်ခင်ပါတယ်…..
ဈေးပွဲတော်ကျောင်းမှာ လုပ်တော့ ကျော်ကျော်မူးပြီး ရည်းစားစကားထပ်ပြောသေးတယ်….
မဖြစ်လိုက်ပါဘူး…..ကောင်မလေးရည်းစားရတော့ ကျော်ကျော်လည်းဆက်မလှုပ်ရှားဖြစ်တော့ဘူး……….

Saturday, February 21, 2009

ကောင်မလေး(၆)နောက်ဆက်တွဲ


ကောင်မလေး(၆)လား အိမ်ထောင်ကျပြီးပြီပဲဗျ
ကလေးလည်းရနေပြီ...ထုံးစံအတိုင်းပေါ့
ကျော်ကျော်မကွဲဘူးတာဆိုလို့ အဲ့တစ်ခါပဲ
ချစ်မှမချစ်တာ ကွဲမလားဗျ
ကျော်ကျော်က သစ္စာရှိပါတယ်
မချစ်ရင် ဘယ်တော့မှ အသည်းမကွဲဘူး
ကျော်ကျော်အချစ်သစ္စာက အသည်းကွဲဒီဂရီနဲ့သာ ချိန်ဆကြည့်ပေတော့
ဘယ်လောက်ကွဲလည်း စမ်းကြည့်ပေါ့ဗျာ
အစမ်းသပ်ခံပါတယ် အသည်းကွဲတဲ့နေရာမှာ
ခွဲရဲရင် ခွဲကြည့်လိုက်လေဗျာ
ကွဲဖို့ရာ အာမခံတယ် အသည်း အသည်း
ပြောပြီးပြီလေဗျာ အသည်းကွဲတဲ့နေရာမှ ဇက်စ်ပတ်(အိပ်စ်ပတ်ထက်မြင့်တယ်)
ကွဲပြလိုက်မယ့် ကျော်ကျော်အသည်း ဒန့် တန့် တန့် ........အဟတ်ဟတ်......