ငါ့ဘ၀မှာပိုင်ရှင်မရှိဘူး
အဲ့ဒီပိုင်ရှင်မင်းဖြစ်ပေးပါလား
မင်းဘ၀မှာပိုင်ရှင်မရှိပါစေနဲ့
ရျိခဲ့ရင်ငါသာဖြစ်ပေးပါ
ငါလေ အဲဒီအခွင့်အရေးလေးရချင်မိတယ်...
ဘာလို့များ
မင်းနဲ့တွေ့ချင်မိတာလည်း...
ဘာကြောင့်မင်းအသံကြားချင်မိတာလည်း...
ဘာကြောင့်မင်းမျက်နှာမြင်တိုင်း
စိတ်ချမ်းသာနေတာလည်း...
မင်းကိုပျော်ရွှင်စေချင်တာလည်း.....
မင်းကိုခွင့်လွှတ်ချေင်တာလည်း...
မင်းကိုစိုးရိမ်နေမိတာလည်း....
ဒါတွေဟာ နှလုံးသားက ဖြစ်ပေါ်လာတဲ့...
ရင်ခုန်သံစီးချက်တစ်ခုဖြစ်နေတော့...
ဒီရင်ခုန်သံလေးကို
မင်းအသိအမှတ်ပြုနိုင်ပါစေ....
ငါလေမ၀ဲ့မရဲဆုတောင်းနေမိတယ်...
ငါရဲ့အသည်းပိုင်ရှင်ဖြစ်ပေးပါ
အဲဒါဟာ ငါ့ဘ၀ဖြစ်တည်မှုတစ်ခုပါ.....
အဲဒီဖြစ်တည်ခွင့်ကို
မင်းသာအကူအညီပေးမယ်ဆိုရင်ပေါ့.....
ငါလေ ဘာမဆိုရင်ဆိုင်ရဲပါတယ်....
ရင်ဘတ်ထဲမှာရှိတဲ့အစိတ်အပိုင်းတစ်ခုရဲ့
တောင်းဆိုမှုပါ
နားလည်ပေးပါ
လက်ခံပေးပါ
ဟင့်အင်းလို့လည်း မငြင်းလိုက်ပါနဲ့
နိုးလို့လည်း မပြောလိုက်ပါနဲ့
စစ်မှန်တဲ့စကားတစ်ခုမို့
နောက်ဆုတ်ခိုင်းမှာ ကြောက်နေမိတယ်
အကြိမ်ကြိမ်စဉ်းစားပြီးမှ တောင်းဆိုတာပါ
အထပ်ထပ်တွေးပြီးမှ
အရဲစွန့်ပြီး ဘ၀နဲ့ရင်းပြီး
ထာဝရအတွက်ပါ
တဒင်္ဂမဟုတ်ပါ
နက်ရှိုင်းသောတစ်နေရာက
သူ့အလိုလိုပေါ်ထွက်လာလို့ပါ
ဒါကြောင့် အကြင်နာတုန့်ပြန်မှုသာ
စွန့်ကြဲပါလို့
မျှော်လင့်မှုအပြည့်နဲ့
စောင့်မျှော်နေပါရစေ
ငါရဲ့ဝိညာဉ်ကို ပိုင်စိုးပေးမယ့်
ဧကရီသခင်လေးဖြစ်ပေးဖို့
မဝေးဘဲနီးလိုက်ပါလို့
တုန်ခါနေတဲ့ လှိုင်းတစ်ခုမသေအောင်
နိုးထခွင့်ပေးမှာပါလို့
ဆုတောင်းနေမိတယ်ဆိုတာ သိလိုက်ပါလို့
တမ်းတမိနေတဲ့
ကိုယ့်ရဲ့ကြယ်စင်တစ်ပွင့်ရေ.......
၁၉.၁၁.၂၀၁၁
၁၀း၄၀
Saturday, December 24, 2011
မျှော်လင့်ခြင်းအမှတ် ၁၅၀၀
Posted by
wkthu
at
11:03 PM
0
comments
ခွင့်တောင်းလွှာအမှတ် အပေါင်း ၅၈၂
တကယ်တော့မင်းကိုငါက၅၈၂ထပ်ပေါင်းချင်တာပါ
မင်းရောငါ့အပေါ် အဲဒီလိုရှိနိုင်မလား
မရှိသေးရင်ရှိလိုက်ပါ
ရှိခဲ့ရင်ထပ်တိုးလိုက်ပါ
နောက်ဆုတ်ဖို့မစဉ်းစားထားပါ
ရှေ့တိုးဖို့ခွင့်ပြုလိုက်ပါ
ငါ့အတွက် ဒီအခွင့်အရေးလေးပေးပါ
မဝေပါရစေနဲ့နီးခွင့်ပဲပေးဖို့
အနူးအညွတ်ဒူးထောက်လို့
မင်းရှေ့သို့အထပ်ထပ်တို့
မေတ္တာတရားဆက်သဖို့
ကြာင်နာလို့သစ္စာထားပါရစေတော့
မင်းလည်းငါ့လိုငါနဲ့အတူ
ထပ်တူညီစိတ်ထားလိုပ်ပါ
တစ်သက်တာစိတ်ချစွာနဲ့ပေါ့
သေချာတာမင်းဘယ်တော့မှနောင်တမရရစေဘူး..........
Posted by
wkthu
at
10:56 PM
0
comments
Sunday, December 11, 2011
သိတော့သိလာမှာပါ.....

ကလေးလေး
မင်းအတွက် အာရုဏ်
ကိုယ့်အတွက်ညနေစောင်း
ကောင်းသောနေ့တစ်ခု
မင်းအတွက်ထုဆစ်
ချစ်ပေမယ့်လက်တွဲမ၀ံ့
မချစ်သင့်ပေမယ့်ချစ်တော့ချစ်တာပါပဲလေ
မဖြေပါရစေနဲ့
စကားလုံးထက် ပိုလေးနက်တဲ့
နူးညံ့တဲ့နှလုံးသားက ထွက်လာတဲ့
ရင်ခုန်သံနရီစီးချက်တွေကို
မင်းကြားတတ်မယ်ဆို
တစ်နေ့နေ့တော့
အင်း....တစ်နေ့နေ့ပေါ့
သိတော့သိလာမှာပါ.....
Posted by
wkthu
at
10:23 PM
0
comments