
ငါရဲ့ည...
မှောင်မိုက်လှပါလား
ဘယ်သွားနေလည်း
ကိုယ့်အသည်း ငွေလမင်းရေ...
ငါရဲ့နေ့...
ခြောက်သွေ့လှပါလား
ဘယ်သွားနေလည်း
ကိုယ့်အသည်း ရှင်နေမင်းရေ..
ငါရဲ့ဘ၀...
ကန္တာရပမာပါလား
ဘယ်မှာနားရမလည်း
ကိုယ့်အသည်း အိုအေစစ်ကလေးရေ...
နေ့တွေ ညတွေ
ဘ၀တွေမှာ မင်းသာမပါရင်
ရှင်နေပေမယ့် အသက်မရှိသလို
မင်းဟာ တစ်ကယ်ဆို
ကိုယ်ရဲ့ နေ့ည
ကိုယ့်ဘ၀ပါပဲ ချစ်သူရေ...
ကိုသူ
Monday, November 5, 2007
နေ့..ည..ဘ၀..
Posted by
wkthu
at
10:58 AM
0
comments
Monday, October 29, 2007
လွမ်း...

လွမ်း..လွမ်း..လွမ်း...
မှန်းဆကလေ လွမ်းရပြန်သည်
သူရှိလေရာ နေရာဆီသို့
သူအရာရာ အဆင်ပြေပါစေပေါ့...
ဆွေး...ဆွေး...ဆွေး...
တွေးငေးကာလေ ဆွေးရပြန်ပြီ
သူနှင့်ဆုံရာ နေရာရောက်တိုင်း
သူပြန်လာမည့် နေရက်လက်ချိုးကာပေါ့...
လွမ်းဆွေးတမ်းတ
သတိရနေသည်
အချိန်တိုင်းပဲကွယ်
သူလည်းကိုယ့်လိုရှိနေစေကြာင်း
ကြိတ်ဆုတောင်းနေ
မချစ်ခင်က လွမ်းနေသူပါ ချစ်သူရေ....
ကိုသူ
Posted by
wkthu
at
3:01 PM
0
comments
ဆွေး

မင်းနဲ့မတွေ့တော့လည်းဆွေး
မင်းအသံမကြားရလည်းဆွေး
မဆုံရတိုင်းဆွေးဆွေးဆွေး...
နံနက်ခင်းဟာလည်းသာယာမှုမဲ့
ကျေးငှက်သံလေးတွေလည်း ခံစားမှုမထွက်
သီချင်းတွေသံစဉ်မဲ့
ကဗျာတွေ ကာရန်မဲ့
အချစ်တွေမှာ ဘာသာမဲ့ပြီမို့
ဆွေဆွေးဆွေးနေရပြီ ချစ်နေသူရယ်
ဖယ်ခွာယိမ်းလို့ တိမ်းပြီလားကွယ်
အပြစ်ရှိရင် တောင်းပန်ပါသည် ကျေနပ်သည်အထိ
ခံယူဖို့အတွက် အမြဲအဆင်သင့်ပါပဲ
စိမ်းကားရက်သူ ရှောင်ခွာသူရယ်.....
ကိုသူ
Posted by
wkthu
at
2:48 PM
0
comments