Monday, December 3, 2007

ပါရစေ....


မင်းဘာဖြစ်ဖြစ်
မင်းစိတ်ညစ်ညစ်
မင်းသိပ်ပျော်ပျော်
အဖော်ဘေးနား
အားပေးဖေးမ
ထာဝရပါကွာ
နေပါရစေ..
မင်းဘယ်သွားသွား
မင်းအနားယူယူ
မင်းလှုပ်ရျားရှား
အနားနားမှမခွာ
မကွာအစဉ်မြဲ
လက်တွဲကာသာ
နေပါရစေ...
မင်းဘယ်လိုထင်ထင်
မင်းဘယ်လိုမြင်မြင်
မင်းဘယ်လိုကြားကြား
တစ်ပါးသူစကား
နားမယောင်ပါနဲ့
မင်းစိတ်နဲ့ပြန်လှန်
ဝေဖန်ဆုံးဖြတ်အပြစ်ပေးပါကွယ်...
ငါဘာသိသိ
ငါဘာရှိရှိ
ငါဘာဖြစ်ဖြစ်
မင်ူကိုချစ်တာ
ဒီသစ္စာနဲ့
မေတ္တာတွေသာ
ရှေ့မှာထားမည်
ယုံကြည်ပါနော်
ဖော်မွန်ပမာ
တစ်သက်စာလေ
နေပါရစေ.....


ကိုသူ

အဓိက


ပြောနေတိုင်းလည်း ကြားသည်မဟုတ်ပါ
စိတ်မှာသိကာ ကြားနိုင်ပါသည်။
မြင်နေတိုင်းလည်း တွေ့သည်မဟုတ်ပါ
စိတ်မှာသိကာ တွေ့နိုင်ပါသည်။
အနားနေတိုင်းလည်း ရှိသည်မဟုတ်ပါ
စိတ်မှာသိကာ ရှနိုင်ပါသည်။
သွားပေမယ့်လည်း ရောက်သည်မဟုတ်ပါ
စိတ်မှာသိကာ ရောက်နိုင်ပါသည်။
ပြောပေမယ့် မကြား
မြင်ပေမယ့် မတွေ့
အနားနေပေမယ့် မရှိ
သွားပေမယ့် မရောက်သော
သဘောတွေရှိလေရဲ့...
စိတ်မှာသိက
မပြောလည်းကြား
မမြင်လည်းတွေ့
အနားမနေလည်း ရှိ
မသွားလည်းရောက်သော
ဒီသဘောတွေပါ
စိတ်သာရှိပါ
စိတ်သာအဓိကပါကွယ်...

ကိုသူ

Saturday, November 17, 2007

ကျနော့အဖော်လေးများ....


ချစ်သူက ငါ့ကို

မတွေ့လိုတဲ့အခါ

ကာရန်၊ကဗျာလေးတွေက

ဘ၀ရဲ့ အဖော်လေးတွေပေါ့...

ချစ်သူက ငါ့ကို

မမြင်လိုတဲ့အခါ

ဂစ်တာ သံစဉ်လေးတွေက

ဘ၀ရဲ့ အဖော်လေးတွေပေါ့...

ချစ်သူက ငါ့အသံကို

မကြားလိုတဲ့အခါ

အတွေးနဲ့ အိပ်မက်တွေက

ဘ၀ရဲ့ အဖော်လေးတွေပေါ့...

ချစ်သူက ငါ့ကို

လက်တွဲဖော်လို့ မထင်တဲ့အခါ

စာပေနဲ့ ၀ထ္ထုတိုလေးတွေက

ဘ၀ရဲ့ အဖော်လေးတွေပေါ့....

အဲဒီတော့ ....ချစ်သူရေ

ထားခဲရင်နေခဲ့မယ်

မင်းမုန်းရင် မေ့ပါကွယ်

မင်းမလိုရင် လက်မတွဲပါနဲ့

ဘ၀ရဲ့အဖော်လေးတွေပဲ ငါ့တစ်သက်စာရယ်...


ကိုသူ