Tuesday, March 18, 2008

အချစ်စစ်=?


'"ဟေ့ကောင် ဒိုးကြီး မင်းဟာ အချစ်စစ်မှ မဟုတ်ပဲကွ..ငါသိတယ်...အချစ်စစ်ဆိုတာ တစ်ယောက်ထဲကိုပဲ ချစ်နေရမယ်...ဒါ ငါ့အမြင်ပဲ...."
"ဒီမှာ ခိုင်ကြီး မင်းအမြင်ကို မှားတယ်လို့ ငါမပြောပါဘူး...အေး..ဒါပေမယ့်...မင်းကိုမချစ်နိုင်တဲ့ ကောင်မလေးတစ်ယောက်ကို မင်းဆက်ချစ်နေလို့ ဘာထူးမှာလည်း...ပြီးတော့ အဲဒီကောင်မလေး ယောက်ျားယူသွားပါပြီတဲ့..မင်းဆက်ချစ်နေဦးမှာလား"
''အေး...ငါ့ကတော့ ရှင်းတယ်..ဆက်ချစ်မယ်...ဒါမှ အချစ်စစ်ကွ...''
''အေး...ငါလည်းရှင်းတယ်....ငါကို မချစ်ရင် ငါ ဆက်မချစ်ဘူး...ကိုယ်ဘယ်လောက်ချစ်ကြောင်း သက်သေပြမယ်...ဒါကိုမှ မယုံရင်...ပြန်မချစ်နိုင်ရင် မချစ်ဘူးကွာ''
'' အာ...မင်းဟာ အတ္တဆန်လွန်းတယ်''
''ဟ...ငါက သူရဲ့ချစ်ပိုင်ခွင့် မချစ်ပိုင်ခွင့်ကို ဇွတ်လုပ်မယူချင်ဘူး...သူ့အလိုလိုပေါက်ဖွားလာတာမျိုးလိုချင်တာ.....ငါလည်း မိန်းကလေးတစ်ယောက်ကို ဘယ်က လာပေါ်မှန်းမသိတဲ့ အချိန်မှာ ချစ်သွားတာမျိုးကွ''
''မင်း..အချစ်က ကြောက်စရာကြီးပါလား...အမြဲတမ်းရှင်သန်နေပါလား....အဟီး''
''အေး မင်းလှောင်လည်း မတတ်နိုင်ဘူး...လူမသေရင် အချစ်မသေသေဘူး မှတ်...ဟား..ဟား...ဟား....''
''တော်ကြပါတော့ကွာ ခိုင်ကြီးနဲ့ ဒိုးကြီး ဒီမှာ ငါ့ကောင်မလေးကို တိတ်တခိုးလေးချစ်တာ လူသိသွားလို့ ဒုက္ခရောက်တဲ့ကြားတဲ့...ခွီး''
''အေး ..မျိုးကြီး...မင်းမှာလည်း သူများမြှောက်ပေးမှ မူးမူးရူးရူးနဲ့ ကောင်မလေးကို ချစ်တယ်သွားပြောတာကိုး...ဘယ်မိန်းကလေးမှ မကြီုက်ဘူး...အဲဒိလိုမျိုး''
''ဟုတ်ပါပြီ...ဒိုးကြီးရာ...ငါလည်း မျိုသိပ်ထားရလွန်းလို့ ပေါက်ကွဲထွက်သွားတာပါ...''
''အင်း...ငါ့အမြင်တော့ အချစ်ဆိုတာ တော်တော်ဆန်းကြယ်တယ်ကွ...ဆုံချင်ရင်လည်း ကြွဖန်ဆုံမယ်...မဆုံချင်ရင် ကြံဖန်ကွဲမယ်...''
''အဲဒါ...မင်းပြောမှလား ဒိုးကြီးရာ''
''အေး...ငါအတည်ပြောတာ...ရည်းစားဖြစ်ပြီးကွဲတဲ့ အတွဲတွေ...လင်မယားဖြစ်ပြီး ခွာပြဲသွားတဲ့ ချစ်သူတွေ...ချစ်ရက်နဲ့ ဝေးနေကြတာတွေ ရှိနေတယ်...ကဲ..မင်းဘာပြောမလည်း...''
''အေး....ဒါတော့ ဒါပေါ့ကွာ''
''မင်းတို့..အချစ်ကို ဘယ်လိုမြင်လည်း''
''ငါလား ..အချစ်ဆိုတာ ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို စွဲလန်းပြီး ကျန်တဲ့ဘယ်မိန်းကလေးမှ စိတ်မ၀င်စားတော့ဘူး...ငါ့အချစ်က အဲ့ဒီလို''
''ငါ့တော့...ချစ်မိရင် ရှုံးတယ်ထင်တာပဲ...ငါ့မှာ ရှုံးချည်းနေရတယ်..ငါ့မာနတွေ..ငါ့သိက္ခာတွေ အကုန်ကျနေပြီ...ဒါပေမယ့်...ငါချစ်နေတယ် ရှုံးနေတယ်''
''အင်း..ငါထင်တာပြောမယ်...မျိုးကြီး နဲ့ ခိုင်ကြီး...အချစ်ဆိုတာ စိတ်ခံစားမှုတစ်ခုပဲ...စိတ်လှည့်စားမှုလို့လည်း ပြောလို့ရတယ်...အချစ်မှာ အရှုံးအနိုင် မရှိ..ကန့်သတ်မှုမရှိ...ဆင်းရဲ ချမ်းသာမရှိ.....ဖန်တီးပိုင်ခွင့် မရှိ..ဖျောက်ဖျက်ပိုင်ခွင့်မရှိ...အချစ်ဟာ အချစ်ပါပဲကွာ....''
ကျနော်တို့ သူငယ်ချင်း သုံးယောက် ဆွေးနွေးလိုက်ကြတာ အချစ်ဆိုတာဘာလည်း...အချစ်စစ်ဆိုတာဘာလည်း မကျေလည်ကြပါ....
ဘယ်သူမှားလည်း ဘယ်သုမှန်လည်းမသိပါ...
ဘယ်တော့မှလည်းသိမယ်မထင်ပါ...
ဘယ်သုမှလည်း တိကျရေရာစွာ အဖြေမထုတ်နိုင်သော်လည်း..အချစ်နဲ့ အချစ်စစ်ဆိုတာ...ရှိတော့ရှိနေတာ အမှန့်ဲလို့ ယူဆမိပါသည်။


4.3.08
TUE
ကိုသူ

Thursday, February 14, 2008

အချစ်=မရှုံး=မနိုင်

တစ်ချို့ကပြောတယ်
အချစ်ဟာရယူခြင်းတဲ့
တစ်ချို့ကပြောတော့
အချစ်ဟာ ပေးဆပ်ခြင်းဖြစ်ပြန်ရော...
တချို့ က ယူဆကြ
ချစ်ရင် အရှုံးတဲ့
တစ်ချို့ကျ
အနိုင်ယူမှုနဲ့ ချစ်ကြပြန်ရော...
တစ်ချို့က အချစ်ဟာ နီးစပ်မှုတဲ့
တစ်ချို့ က အချစ်မှာ အနီးအဝေးမရှိတဲ့...
အမှန်ရှိရင် အမှားရှိတယ်...
အချစ်ရှိရင် အမုန်းရှိတယ်...
အင်း ငါ့ကျမှ နင့် အပေါ် ဘာကြောင့် မမုန်းနိုင်တာလည်း
ငါလေ နင့် ကို ချစ်နေရရင် ကိုပျော်နေတာ
နင်အသိဆုံးပါ ချစ်သူရယ်...
ငါ့ အချစ်မှာ အနိုင် အရှုံးမရှိ
အမုန်းမရှိအနီးအဝေးမရှိ
ရှိနေတာက မင်းအပေါ်ချစ်တဲ့ အချစ်တွေ
ဘယ်လိုမှ ထိန်းမရ
ကန့်သတ်မရ တားဆီးမရ
ဖျောက်ဖျက်မရ
ပျက်စီးမသွား
မနီးစပ်ပေမယ့် ချစ်နေသည်
ဆက်စီးနေဦးမည် စမ်းရေလို
မင်းအတွက် ကိုယ်ဟာ အိုအေစစ်
ကြိုနေတယ် အမြဲတမ်းအချစ်တွေနဲ့
နှောင်တွယ်မရစ် လွပ်လပ်ချစ်များနဲ့
ငါလေ ချစ်နေပါရစေ တစ်သက်လုံး
အဆုံးသတ်မရအချစ်
အငွေ့ပျံပျောက်ပျက်မသွားတဲ့အချစ်တွေနဲ့ပေါ့.....

ကိုသူ.

Wednesday, February 13, 2008

ဖအေတူသား


ဖအေတူသားမင်းဘယ်မှာလည်းအမေမျှော်နေတယ် မြန်မြန်လာလေကွယ်...ရှိနေတဲ့သားတွေစိတ်မချလေနဲ့သူတို့အတွက်သာ ကြည့်ကြတာဟဲ့...အမေဆီမှာ ဘာတွေရှိလည်းအမေဆီက ဘာတွေရမလည်းအမေ့ဆီက ဘာယူရမလည်းရှိသမျှပြောင်လည်း လုပ်ချင်ရာလုပ်ကြမှာကွဲ့....အမေ့အတွက် ဘာလုပ်ပေးရမလည်းအမေကျန်းမာရေး ကောင်းပါရဲ့လားအမေချမ်းသာစွာနေပါသလားသူတို့စိတ်မှာ တစိုးတစိတောင် စိတ်မ၀င်စားပါသတဲ့....ဖအေတူသားမင်းလာပါကွယ်အမေတမ်းတ မှန်းဆနေတယ်...မင်းအဖေလိုဘဲမိသားစုကို စုစည်းပါကွယ်နည်းနာပြောကာ ညွှန်ပြပါဟယ်....မပျင်းမရိကြဖို့မဖျင်းကြပါဖို့အလွယ်မကြိုက် ရေမျောမလိုက်ဖို့တက်လက်ကြွရွ လုံလရှိဖို့နေရာတိုင်းမှာ သိတတ်လာဖို့....အိမ်နီးချင်းမိသားစုတွေကြီးပွားနေပကွဲ့အမေမိသားစုဘဲ စုတ်ပြတ်နေပဟဲ့....အမေရှိသမျှလည်း ကုန်တော့မဟဲ့...ဒီမိသားစု ဒီအရေးတွေဖအေတူသား မင်းလာမှဘဲပြေလည်တိုးပွားစည်ကားစုစည်းသူများနည်းတူ ဆက်လှမ်းနိုင်မယ်အမေမျှော်တယ်အမေချစ်သော ဖအေတူသားလေးမိသားစုအရေး လှည့်ကြည့်ပါသားဆိုးများကို ဆုံးမပါကွယ်အိမ်ထောင်စုကြီး လှပစေအောင်ရှေ့ဆောင်လမ်းပြ တည်ပြစမ်းကွယ်အမေခေါင်းမော့ ရင်ကိုကော့ကာမော်ကြွားချင်ပြီ သည်းနှစ်ရင်းချာဖွားဖအေတူသားရေ.....