Thursday, June 12, 2008

အချစ်ဆိုတာ...

အချစ်ဆိုတာ...

ပျော်ရွှင်ခြင်းတွေရဲ့ သင်္ကေတ

ဝမ်းနည်းမှုအမှတ်တံဆိပ်

အောင်မြင်ခြင်းတွေရဲ့ မြစ်ဖျားခံရာ

ရှုံးနိမ့်မှုတွေရဲ့ ရေသောက်မြစ်

အရာရာတိုင်းမှ သူပါနေတတ်ပြီး


တစ်ခါတစ်ခါတော့လည်း အချစ်ဆိုတာဘာမှမဟုတ်သလိုပါပဲ ကွယ်....

Tuesday, June 3, 2008

ထက်..ပိုတယ်....

မင်းကို ချစ်တာတွေပြောပြမယ်...



ပြောပြတာထက်ကို ပိုတာ ခက်တယ်...



မင်းကို တမ်းတတာရေးပြမယ်..



ရေးပြတာထက် ပိုတာ ဆိုးတယ်..



မင်းကို လွမ်းတာတွေတေးဆိုမယ်..



ဆိုညည်းတာထက် ပိုတာ ပြော လွန်မယ်..



မင်းကိုသတိရတာ ဖွဲ့ပြမယ်..



ဖွဲ့ရေးတာထက် ပိုတာ သိ ငိုမိမယ် ချစ်သူ...


ကိုသူ

Tuesday, May 20, 2008

"ဘယ်တော့လည်း"

ဘယ်တော့လည်းကွယ်

ကိုယ့်ရင်ထဲက အချစ်တွေမင်းအသိအမှတ်ပြုသောနေ့....

ဘယ်တော့လည်းကွယ်

မင်းရင်ထဲက အချစ်တွေကိုယ်ပိုင်ဆိုင်ရမယ့်ရက်....

ဘယ်တော့လည်းကွယ်

ကိုယ့်အချစ်မင်းအချစ် အပြန်အလှန်သက်သေထူမယ့်အချိန်...

ဘယ်တော့လည်းကွယ်

ဒါကိုယ့်ချစ်သူပါလို့ လူပုံအလယ် ကြွားနိုင်မယ့်အခါ....

ဘယ်တော့လည်းကွယ်

မင်းချစ်သူ ကိုယ်ပါလို့ ရင်ကော့ခေါင်းမော့ မော်နိုင်မယ့်ကာလ....

အင်း....ဘယ်တော့....ဘယ်တော့

ဘယ်တော့လည်းကွယ်

စောင့်စားနေခဲ့

မျှော်လင့်နေရဲ့

တမ်းတနေသကွဲ့

အသည်းနဲ့ထပ်တူ

မြတ်နိုးသူမို့

ဘယ်သို့ တောင်းဆိုမှ

တုံ့ပြန်မှုရမယ်ဆိုတာ

မသိနိုင်ပါ ဒါကိုယ့်အားနည်းချက်

အသက်ရေ ခွင့်လွှတ်နိုင်ပါသလား

အဲဒါလည်းပဲ.....ဘယ်တော့လည်းကွယ်

ကိုသူ