Tuesday, July 8, 2008
Tuesday, July 1, 2008
အလင်းတန်းရှင်(သို့)အဖေ
မိုးထဲလေထဲမှာ အိန္ဒိယစက်ဘီးစုတ်တစ်စီး
ဘေးမှာ ခြင်းတောင်းအစုတ်က နှစ်တောင်း
တစ်တောင်းမှာ ဆမူစာထည့်ထားတယ်
တစ်တောင်းမှာ အီကြာကွေး
အသားညိုညို ပိန်ပိန်လူကြီးတစ်ယောက်
ခေါင်းမှာ ထန်းဖူးဦးထုတ်တစ်လုံးစောင်းထားလေရဲ့
အော်သွားတယ် လမ်းတစ်လျှောက်
အီကြာကွေးရမယ်
စမူဆာရမယ်
မိုးရွာနေလား သူမမှု
နေပူနေလား သတိမထား
အားတင်းကာနင်း
ဇွဲနပဲနဲ့ရောင်း
သားသမီးတွေ ပညာရေးအတွက် အဖေတစ်ယောက်ရဲ့ စွမ်းဆောင်ချက်မြင်ကွင်း....
အင်း...အဲဒီအချိန်မှာ
ကျနော်က မြန်မာစာ ကျူရှင်မှာ
တက်နေချိန် ရှေ့မှာ ဇြတ်အော်သွား
အဖေရဲ့ အီကြာကွေး စမူဆာအော်သံများ
ကျနော်ကို ဆတ်ကနဲ့တုန်လှုပ်သွား
ငါတို့ အတွက်လုပ်နေတာပါလား
ငါတို့ ကြိုးစားရမယ်ဆိုတဲ့ အသိဝင်သွား
နှလုံးသားမှာ ခွန်အားတွေမွေးဖွား
အဖေပေးသော မေတ္တာတရား
သားသမီးတို့ရင်မှာ အခုထိ အမှတ်ရကျေးဇူးတင်နေဆဲပါ...အဖေ
ကိုသူ
Posted by
wkthu
at
10:51 AM
0
comments
Thursday, June 12, 2008
အချစ်ဆိုတာ...
အချစ်ဆိုတာ...
ပျော်ရွှင်ခြင်းတွေရဲ့ သင်္ကေတ
ဝမ်းနည်းမှုအမှတ်တံဆိပ်
အောင်မြင်ခြင်းတွေရဲ့ မြစ်ဖျားခံရာ
ရှုံးနိမ့်မှုတွေရဲ့ ရေသောက်မြစ်
အရာရာတိုင်းမှ သူပါနေတတ်ပြီး
တစ်ခါတစ်ခါတော့လည်း အချစ်ဆိုတာဘာမှမဟုတ်သလိုပါပဲ ကွယ်....
Posted by
wkthu
at
4:20 PM
0
comments