
ညတော့ ညတစ်ညပဲ
ဒါပေမယ့် လကမသာတာခက်တယ်...
နေ့လည်း နေ့တစ်နေ့ပါပဲ
သို့သော်လည်း နေမမြင်ရတာဆိုးတယ်...
လမသာတဲ့နေ့တွေ
နေမမြင်ရတဲ့ညတွေ
ဘယ်တော့ဆုံးမလည်း
ရုန်းထွက်ကြမလား
ဒီအတိုင်းဆက်နေမလား
ရှေ့တက်ကြမလား
ခေါင်းဆက်ငုံ့နေမလား
ကြိုးစားကြမလား
ပျင်းရိနေကြမလား
နိုးကြားကြားမလား
ရေသာခိုနေကြမလား
တိုးထွက်ကြမလား
အဆိုးဖက်ကြမလား
သွေးရဲကြမလား
ဘေးကွဲနေကြမလား
စာတင်ကြမလား
ငွေခင်နေကြမလား
အသေတိုက်ကြမလား
ရေလိုက်နေကြမလား
စဉ်းစားကြမလား
အတင်းဖားနေကြမလား
မြေကြီးနဲ့မိုးသက်သေတည်
လသာတဲ့ည
နေ့သာတဲ့ နေ့တွေဆီ
တူညီချိတက်ကြမလား...
ငွေနဲ့ ချမ်းသာမှုကိုရည်
ဘယ်သူသေသေ
ငတေမာမည်
တည်ဆောက်နေကြမလား....
သေချာတာစ်ခုကတော့
ညမှ လသာအောင် တိမ်ငပုပ်တွေဖယ်ရမယ်
နေ့မှ နေသာအောင် မိုးမမှောင်မှ ဖြစ်တယ်
အို...နောက်ဆုတ်မကြောက်ရွံ့
ရဲဝံ့လိုက်ကြစမ်းပါလေ..
ကိုသူ(၈.၈.၀၈)
Friday, August 8, 2008
နေ့မထွက်သောနေ့ လမသာသောည..
Posted by
wkthu
at
10:28 AM
0
comments
Monday, August 4, 2008
ဖျားနာနေသော နှလုံးသားတစ်စုံ...

ရောဂါက ကုရာနတ္ထိ ဆေးမရှိတဲ့
တင်ထားတာက အချစ်ဆေးရုံ
ပြုစုနေရတာက မေတ္တာဆရာမလေး
တိုက်နေရတာ အကြင်နာဆေး
ဆက်သောက်ရမှာက သစ္စာရည်..
ဖျားနာနေသည် ထိုနှလုံးသားတစ်စုံ..
ဘယ်ပုံဘယ်လို ဆက်ဖြစ်မယ်ဆိုတာတော့..
အင်း....သံယောဖဉ်အနာဂတ်ဇာတ်ဆရာမှပဲ သိမယ်ထင်ရဲ့.....
ကိုသူ
Posted by
wkthu
at
2:46 PM
0
comments
Thursday, July 24, 2008
လတစ်စင်းသို့ မျှော်လင့်ချက်....
ဒါပေမယ့် အပြင်မှာတော့ မှောင်လို့ မည်းလို့....
အပြင်မှာ မသာမှတော့ လအစစ်မဟုတ်နိုင်ဘူးလေ..
အားလုံးအတွက် လင်းမှ တကယ်လပါ....
လရောင်ဟာ...အေးချမ်းမှုပေးတယ်...
ညကို မကြောက်ဖို့ အလင်းပေးတယ်..
အမှောင်မရောက်ဖို့ ငွားစွင့်ပေးတယ်....
သာလိုက်စမ်းပါ လရယ်...
လောကအတွက်
လူသားအားလုံးအတွက်..
ကမ္ဘာမြေအတွက်..
ငြိမ်းချမ်းမှုအတွက်...
အေးချမ်းဖို့အတွက်..
အလင်းရောင်လွှမ်ဖို့အတွက်...
မျှော်လင့်ချက်ရောင်စဉ်တွေ လွှင့်ဖို့ အတွက်ပေါ့.....
အို..အသင်လ...
သင်ဟာ လအစစ်ဖြစ်ပါစေလေ...
လူတွေကို ကောင်းကျိုးသယ်ပိုးချင်တယ်ဆိုရင်ပေါ့............
Posted by
wkthu
at
11:30 AM
0
comments
