Tuesday, September 16, 2008

တစ်ဝက်တစ်ပျက်အသည်းကွဲခြင်း

အသည်းကွဲတယ်တဲ့

ဘာလည်းဗျ အဲဒါက

ရည်းစားမှ မဟုတ်သေးတာ(ချစ်မိတာတော့ အမှန်ပါ)

ဘယ်ကလာကွဲရမှာတုန်း.....

နေဦး စဉ်းစားကြည့်မယ်

ကွဲတယ်ဆိုလည်း တစ်ဝက်တပျက်ဖြစ်မယ်

တစ်ဖက်သတ်ကြီး ဖြစ်နေတာကိုး...

ဟိုး ဟိုး...ဆရာ ကျွန်တော်ရှင်းပြမယ်

ရင်ထဲက ချစ်သမျှ ပြောပြတယ်လေ

စဉ်းစားနေတယ်ဆို စောင့်ရုံပေါ့

မုန်းနေတာတော့ မဟုတ်ပါဘူးတဲ့...

စိတ်ဆိုးတာလည်း မဟုတ်ပြန်ဘူးဆိုပဲ

အစ်ကိုလိုပဲ ခင်ပါတယ်တဲ့....

ဟုတ်ကဲ့ ကွဲတော့ကွဲတယ်ဗျ

သူ့အချစ်မှ ပြန်မရတာ

ဆိုတော့ကာ ကျွန်တော့်အဖြစ်က

ဇစ်မြစ်အမှန် ပြောရရင်အတည်

မပီပြင်တဲ့ အသည်းကွဲမှုတစ်ခုပဲဗျို့....



ကိုသူ

Thursday, September 11, 2008

လူနာအမှတ်၁၅၀၀

ဖျားချင်နေသည်
အချစ်ဒီဂရီ ၁၅၀၀
အလွမ်းဝေဒနာ
အဆွေးပရက်ရှာ
တမ်းတမှုပေါင်ချိန်တိုး
သတိရမှုဆယ်ဆတိုး
ဆိုးမှဆိုးတဲ့ ရောဂါ
ဆေးရှားသော လူနာတစ်ယောက်
ပျောက်မယ့်လမ်း မမြင်ပါလားလေ.....

ကိုသူ

Wednesday, September 10, 2008

ချစ်သူတမ်းချင်း

သိပ်လွမ်းမိတာပဲ
တူတူတွဲရောက်
လျှောက်ခဲ့ဖူးတဲ့ ဒီလမ်းလေးကို...
သိပ်သတိရမိသူ
တူတူထိုင်ခဲ့
ဆိုင်လေးမှာ လက်ဘက်ရည်သောက်မိတဲ့အခါတိုင်း...
သိပ်တမ်းတမိပြီ
သည်အွန်လိုင်းမှာတွေ့
ခင်မင်လာခဲ့ရတဲ့ အဖြစ်အပျက်များစွာအား...
သိပ်မျှော်မိပေါ့
ဘယ်တော့မှမမေ့တဲ့
တွေ့ဆုံခဲ့သလို တစ်ခါပြန်ဆုံဦမလားဆိုတာလေ...........


ကိုသူ