တစ်ရက်မှ မမေ့သတိရနေ
နှစ်ယောက်မပြောင်းလဲ ဒီအချစ်မင်းအသိ
သုံးနေမိ အကြင်နာစကားလုံးများ
လေးနက်စွာ ခံစားမှုတွေတိုး
ငါးမရှိတော့ ရေချိုးမပြန်တတ်သူ
ခြောက်ကပ်ကပ်နေ့တွေကျော်ဖြတ်
ခုနှစ်ရက်ဝေးရက်ခုနှစ်ရာလွမ်း
ရှစ်သောင်းလေးထောင် စေတီပြည့်အောင်ဆုတွေတောင်း
ကိုးကွယ်မိ အသည်းထက်အရှင်လို
ဆယ်သက်ဆယ်ကမ္ဘာတောင် မမေ့ဘူးခင်
ကိုသူ(၁၇.၁၀.၀၈)
Monday, October 20, 2008
အချစ် တစ်မှ တစ်ဆယ်
Posted by
wkthu
at
9:41 AM
0
comments
Saturday, October 18, 2008
ရောင်စဉ်
အဖြူရောင်အချစ်
အပြာရောင် ခံစားမှု
အ၀ါရောင် နိုးထခြင်း
အနီရောင် သတ္တိတွေနဲ့(မြတ်နိုးခဲ့သော်လည်း)
အစိမ်းရောင် ဝေးလွင့်နိမိတ်
ခရမ်းရောင် အလွမ်းနေ့တွေပဲကြုံနေရ
ပန်းရောင်အနမ်းမှာမူးမေ့
တမ်းတမိ ရောင်စဉ်နှုတ်ခမ်းတစ်စုံ
ကျန်ရှိနေ ဗလာရောင်ရင်ခွင်တစ်ခုမှာ
ရောင်စဉ်မဲ့ ငြိမ်းချမ်းရေးလိုအပ်နေဆဲအသည်းတစ်လွှာ
နံ့သာရောင်ရနံ့ထုံလို့ သူခိုလှုံဖို့ကြိုနေတယ် ။ ။
ကိုသူ(၁၇.၁၀.၀၈)
Posted by
wkthu
at
10:48 AM
0
comments
Thursday, October 16, 2008
တားမြစ်ချက်အမှတ် ၅၂၈
အကြောင်းမဲ့
ချစ်ခဲ့မိတယ်မင်းကို
အမုန်းမဲ့
တွယ်တာခဲ့ပြီ ခုထိ
အလင်းမဲ့
မင်းနဲ့ဝေးတဲ့ နေ့တွေ
အချစ်မဲ့
ချစ်တဲ့မင်းကလွဲရင်လေ
အလှမဲ့
ဘ၀ရဲ့အဖော်ပျောက်နေသူ
အတွေးမဲ့
ဆွေးခဲ့ရတဲ့ရက်များစွာ
သံစဉ်မဲ့
ရှိုက်ခဲ့ငိုမိ ကဗျာလွတ်
ကာရန်မဲ့
လွမ်းခဲ့ စကားလုံးတွေရှာမရလို့
အနာဂတ်မဲ့
အတိတ်ရဲ့ ပျော်ရွှင်ခြင်းကွယ်ပြီမို့
ဆက်လျှောက်ခဲ့
ယိုင်နဲ့နှလုံးသားလွင်တီးခေါင်
နေထိုင်ခဲ့
အသည်းမဲ့ရပ်ဝန်း အလွမ်းကမ္ဘာ
မလာခဲ့နဲ့
မင်းရဲ့ ငမိုက်သား ငါ့လိုကောင်ဆီ
ကိုသူ(၁၆.၁၀.၀၈)
Posted by
wkthu
at
9:57 AM
0
comments