ရှမ်းရိုးမတောင်တန်းတစ်နေရာက
နုပျိုအလှ ချယ်ရီမေ
ဝေဒနာတွေ ရင်မှာတိုး
အချစ်မိုးတွေ စွေမိ
သိတဲ့အချိန်က နောက်ကျ
ပြင်မရပြီ ဒီသံယောဇဉ်ကြိုး
စိုးမိုးပြီ အသည်းနစ်ထိ
စွဲငြိနေ နှလုံးသားအိမ်
အကြိမ်ကြိမ် ဒီရေအလွမ်းကဆိုး
ကျိုးပေါက်ပြီ နှလုံးသားသော့တံခါး
ခြားနားနေ ကမ္ဘာတစ်ခုစာ
လာချင်ရက်နဲ့ မလာဝံ့သူ
ခေါ်ချင်ရက်နဲ့ မခေါ်ခဲ့သူ
တွေ့ချင်ရက်နဲ့ မတွေ့ခဲ့သူ
မြင်ချင်ရက်နဲ့ မမြင်တတ်သူ
ကြားချင်ရက်နဲ့ မကြားတော့သူ
ဆုံချင်ရက်နဲ့ မဆုံရသူ
တောင်ပေါ်သူ ကိုယ့်အချစ်ပွင့်လန်း
ချယ်ရီပန်းလို မောင့်ချစ်သူ
ကိုသူ(၂၇.၁၀.၀၈)
Wednesday, October 29, 2008
ပန်းချယ်ရီလို ချစ်သူ
Posted by
wkthu
at
2:00 PM
0
comments
ပန်းချယ်ရီလို ချစ်သူ
ရှမ်းရိုးမတောင်တန်းတစ်နေရာက
နုပျိုအလှ ချယ်ရီမေ
ဝေဒနာတွေ ရင်မှာတိုး
အချစ်မိုးတွေ စွေမိ
သိတဲ့အချိန်က နောက်ကျ
ပြင်မရပြီ ဒီသံယောဇဉ်ကြိုး
စိုးမိုးပြီ အသည်းနစ်ထိ
စွဲငြိနေ နှလုံးသားအိမ်
အကြိမ်ကြိမ် ဒီရေအလွမ်းကဆိုး
ကျိုးပေါက်ပြီ နှလုံးသားသော့တံခါး
ခြားနားနေ ကမ္ဘာတစ်ခုစာ
လာချင်ရက်နဲ့ မလာဝံ့သူ
ခေါ်ချင်ရက်နဲ့ မခေါ်ခဲ့သူ
တွေ့ချင်ရက်နဲ့ မတွေ့ခဲ့သူ
မြင်ချင်ရက်နဲ့ မမြင်တတ်သူ
ကြားချင်ရက်နဲ့ မကြားတော့သူ
ဆုံချင်ရက်နဲ့ မဆုံရသူ
တောင်ပေါ်သူ ကိုယ့်အချစ်ပွင့်လန်း
ချယ်ရီပန်းလို မောင့်ချစ်သူ
ကိုသူ(၂၇.၁၀.၀၈)
Posted by
wkthu
at
2:00 PM
0
comments
ဖြူစင်သော မေတ္တာနှင့်ယှဉ်သောအချစ်
"မျိုးကြီးနဲ့ဒိုးကြီး မင်းတို့ချစ်ခြင်းမေတ္တာကို ဘယ်လိုမြင်လည်းကွာ.."
''အဲ...ခိုင်ကြီး နုလှပါလားကွ မင်းစကားလုံးတွေက.."
"အေးလေ..... ဘာတွေ ဓာတ်ပေါက်လည်း ခိုင်ကြီးရ...."
''ဘာရယ် မဟုတ်ပါဘူးကွာ ကောင်မလေး တစ်ယောက်ကို ငါ့ မေတ္တာရှိ မိနေလို့...."
"အာ... ချစ်ရင် ချစ်တယ်ပေါ့ကွာ မင်းဟာကလည်း...."
"အေးလေ... ခိုက်ရင်ခိုက်တယ် လုပ်စမ်းပါ......"
"ဒီလိုကွာ... မင်းတို့ပြောသလို ချစ်တော့ချစ်ပါတယ်.... ဒါပေမယ့် ငါသူ့ကို ပိုင်ဆိုင်လိုစိတ် ရယူလိုစိတ်နဲ့ မချစ်မိဘူးကွာ...သူ့ကို အရိပ်တ ကြည့်ကြည့် နေချင်တယ်.... သူ့ကို ဖေးမချင်တယ်... အေးမြစေချင်တယ်... ငြိမ်းချမ်း စေချင်တယ်... သူစိတ် ညစ်ညူးမှာကို မလိုလားဘူး...."
သူပျော်နေတာ အမြဲမြင် နေချင်တယ် သူဒုက္ခရောက် နေချိန်မှာ သူ့အနားမှာ အရာရာ ကူညီချင်တယ်.. သူ ငါ့ကို မလိုအပ်ဘူးဆိုတဲ့ အခါ ဝေးဝေးကနေ နေပေးမယ်.... သူကိုပိုင်ဆိုင် ချင်တဲ့ စိတ်တော့ ရှိတာပေါ့ ..ဒါပေမယ့် ..သူဘက်က ငါ့ကို အဲဒီလို ပြန်လည် မခံစားမိသရွေ့ ပေးဆပ်မှုနဲ့ပဲစောင့် နေချင်တယ်... သူရဲ့အချစ်မေတ္တာ ငါ့ဆီ ပြန်မလာသေးသမျှ ပေါ့လေ....."
"အင်း မင်းဟာက ရှုတ်နေတာပဲ"
"ဟုတ်ပ... ဝေ့လည်ကြောင်ပတ် ဇာတ်မျောကြီးပဲ..."
"အော်... မင်းတို့တောင် နားမလည်မှတော့ ငါမေတ္တာရှိမိ ချစ်မိတဲ့ ကောင်မလေးလည်း ငါ့ရဲ့ဖြူစင်တဲ့ အချစ်မေတ္တာ ခံစားမိပါ့ မလား ငါ့မျှော်လင့် မထားတော့ ပါဘူးကွာ....
ဘာပဲဖြစ်ဖြစ်လေငါ သူ့အပေါ်ထားတဲ့ အချစ်မေတ္တာကို သူငါ့ကို ချစ်ချစ်မချစ်ချစ် သူ့မေတ္တာငါ့ကို မတုန့်ပြန် ဆက်လက်ရှိနေ ဦးမယ်ကွာ...."
"အေးပါ ခိုင်ကြီးရာ ငါ့တို့ဆုတောင်း ပေးပါတယ်ကွာ မင်းမျှော်လင့်တဲ့ အချစ်မျိုးဖြစ်ပါစေလို့...."
"ငါ့လည်း မင်းအတွက် ကံကောင်းသောနေ့ရောက်ဘာပါစေလို့ ဆုတောင်းပါတယ်...."
"ကျေးဇူး မင်းတို့ဆုတောင်းပေး သလိုဖြစ်လာမယ်လို့ ယုံကြည်ရင်း သူ့ကို ဆက်လက်ချစ် မေတ္တာထား သွားမယ်ကွာ သူငယ်ချင်း တို့ရာ.........."
ကိုသူ(၂၇.၁၀.၀၈)
Posted by
wkthu
at
1:49 PM
0
comments