တစ်လှမ်းစာပါပဲ
လာခဲ့ပေမယ့် မရခဲ့သူ
အမူမထူးခဲ့ပါဘူး
ရူးသွပ်စွာချစ်
ရစ်နွယ်မိ သံယောဇဉ်
အစဉ်နှောင်တွယ်မိတယ်ဆိုတော့မှ
ထားရက်တယ် တစ်ယောက်တည်း
အသည်း တနုံနုံထိ
မချိတနင့်နင့် ရှိုက်ငို
ကြိုမသိခဲ့ပါဘု
အချစ်တစ်ခုနဲ့ ယုံစား
အပြေးအလွှားလာ သူပျော်စေဖို့
ရဲရဲတို့ သတ္တိတွေမွေး
အော် ခုတော့ ဆွေး...
မော်ကြပါစေ သူတို့နှစ်ဦး
ကြည်နူးစွာ အဝေးကနေ
ခိုင်မြဲစေ ဆုမွန်ကောင်းတောင်းလျက်သာပ
ဆောင်းတစ်ညမှ နှင်းတွေဝေသမျှ ငိုရ
(ကိုယ်က) နှောင်းနောက်ကျကျန်ခဲ့သူပါလေ.....
ကိုသူ
16.12.08
Wednesday, December 17, 2008
တစ်လှမ်းစာ
Posted by
wkthu
at
10:44 AM
0
comments
Saturday, December 13, 2008
အမှတ်တရ ခြေရာများ ကောင်းကင်မှာ ၀ဲပျံသွားစေချင်

အမြဲတမ်းမမေ့ပါ အထပ်ထပ်
မှတ်မိနေဆဲငါ နှလုံးသားထဲ တရစ်ပတ်ပတ်
တခါက အတိတ်တွေ တလည်လည်လည်နေ
ရခဲ့တဲ့ သင်ခန်းစာပြည့်နှက်တဝေေ၀
ခြေကျင်လျှောက် ဘ၀ခရီးကြမ်းများအလီလီ
ရာထောင်ချီ အတွေ့အကြုံတွေက တအားတအား
များပြားပြီ မရေနိုင်အောင်ထိ ကတည်းကတည်း
ကောင်းကောင်းကြီးတပွေ့တပိုက် အပုံအပုံ
ကင်သွားမယ် ကံကြမ္မာကဘ၀ကို အစုံအစုံ
မှာတမ်းခြွေ နောက်မဖြစ်စေဖို့ အကြောင်းအကြောင်း
ဝဲလည်နေ ဒီသံသရာမဆုံး တ၀ ကသောင်းကမျောင်း
ပျံသန်းဆဲလေ ကျွတ်တန်းမ၀င်သမျှ ဘ၀အဖုံဖုံ
သွားပါရစေ လွတ်လပ်စိတ် တဒင်္ဂအဖြစ်နဲ့ အလုံးအစုံ
စေလွှင့်ခဲ့ ရွက်လှေလေးတစ်စင်းနှယ် ပင်လယ်ပြင် မှာ လူးလွန့်
ချင်ခဲ့ပြီ အနန္တစကြာဝဠာ အနှံ့ဆီ အဆုံးအဆုံး…….
ကိုသူ
10.12.08
Posted by
wkthu
at
12:56 PM
0
comments
တရေးနိုးညကဗျာ ကွန့်မြူးခြင်း

လရောင်ရွှန်းပ ညတစ်ည
ကြည်လေးတွေစီ မှိတ်တုတ် မှိတ်တုတ်
လမ်းမမှာ ဖြတ်သွား ကားတစ်ီးပြီးတစ်စီး
မြို့ပြရဲ့ သန်းခေါင်ကျော်အလှကို တွေ့လိုက်
တရေးနိုးခိုက် ကဗျာတစ်ပုဒ်ရေးမိ
အော်…ဖတ်ကောင်းမကောင်းတော့ မသိပါလေ
စိတ်မှာပေါ်လာတော့ ရေးပါရစေ
အတွေးတွေကိုဆော့ ဖွဲ့ကာနေ
ကဲ…အဲဒါကတော့ ကဗျာသမားတစ်ယောက်ဘ၀ရဲ့ စိတ်ကဝေ…….
ကိုသူ
10.12.08
Posted by
wkthu
at
12:53 PM
0
comments