
မသိ၍ဆို
မလို၍ပြော။
သူ့စိတ်မှာ အလွန်ယဉ်လို့
သူ့ဥာဉ်မှာ အလွန်သန့်တယ်
ထူးချွန့်သဘော။
မသိ၍ထင်
မမြင်၍ပြော။
သူ့ဝိညာဉ် မသေပျောက်ပါဘူး
မိုးပေါက်လို အစဉ်ကြည်လို့
နေခြည်လို အစဉ်လန်းကာ
ဖျန်းဆွတ်စိတ်စော။
မင်းသုဝဏ်
Friday, February 13, 2009
ဗိုလ်ချုပ်အောင်ဆန်း(အတိတ်နှင့် ပစ္စုပ္ပန်)
Posted by
wkthu
at
2:10 PM
0
comments
Monday, February 9, 2009
ကောင်မလေး(၄)၏နောက်ဆက်တွဲ
ဒီတစ်ခါ ကျော်ကျော်ရတဲ့သင်ခန်းစာက
သင်္ကြန်တွင်းမှာ မူးပြီးရည်းစားစကားမပြောတော့ဘူး
ကလေးအမေနဲ့တိုးမှာစိုးလို့
ဘော်ဒါတို့ရေ သင်္ကြန်တွင်းမှာ ဖြစ်ပျက်တာ အတည်သွားထင်မိရင်တော့...
ကျော်ကျော်လို့ကလေးအမေနဲ့တိုးမိမှာစိုးလို့ဗျို့.....
ကောင်မလေးတွေလည်း သတိထားကြဦး.....
အပြောကောင်းတဲ့ ကလေးအဖေနဲ့တိုးနေဦးမယ်ဗျ...အဟီး....
ကျော်ကျော်မကဲဘူးလားဆိုတော့ ကဲပါသေးတယ်.....
စတ္ထုနှစ်လောက်ထိ...သူငယ်ချင်းတွေနဲ့မူးပြီးပျော်တာပဲရှိတယ်.....
သင်္ကြန်တွင်းမှာ ရည်းစားမရှာတော့ဘူး...အသေမှတ်သွားတယ်...
ကြောက်လောက်အောင် ကြုံလိုက်ရသကိုးဗျ......အဟေ့ဟေး....
ကျော်ကျော်ခုနောက်ပိုင်း မကဲတော့ဘူး...သင်္ကြန်မှာ ဘုန်းကြီးဝတ်ပြီး တရားထိုင်တယ်...
တရားတော့ ပေါက်သေးဟန်မတူဘူး...ဘာလို့လည်းဆိုတော့ သင်္ကြန်ပြီးရင် ပြန်ထွက်လာလို့...
အိမ်က ၀တ်ခိုင်းတာတော့မဟုတ်ဘူး သူ့ဖာသာသူဝတ်တာ...
စိတ်ငြိမ်းချမ်းအောင်နေတတ်သွားတာ သဘောကျလို့ဝတ်တာပါလို့တော့ ပြောတာပဲ...
ဟုတ်မဟုတ်ကတော့ ကျော်ကျော်ကိုယ်စောင့်နတ်မှပဲ သိမှာပါလေ.....
Posted by
wkthu
at
4:29 PM
0
comments
အသဲကွဲဇာတ်လမ်း(၄)
လာပြီ ကောင်မလေး(၄)အကြောင်း
ဒီတစ်ခါကျော်ကျော်အိုကေတယ်ဗျ
ကောင်မလေး(၄)ဆီက အဖြေရတယ်
အမှန်က ကျော်ကျော်မူးပြီး ရည်းစားစကားပြောတာ ချစ်လို့မဟုတ်ဘူး
သင်္ကြန်မှာပေါ့...ရေပက်ကျီစယ်ရင်း...မမပေါ့....သူလည်း ကျော်ကျော်ထက်ကြီးတယ်လို့ ထင်တာပဲ...
ဘာလို့လည်းဆိုတော့ သင်္ကြန်တွင်းလေးမှာဖြစ်တဲ့ ရည်းစားဆိုတော့ ....သူ့အကြောင်းကိုယ်မသိ ကိုယ့်အကြောင်းသူမသိလေ ကျော်ကျော်က အဲ့မမကို ကျွန်တော်နှင်းဆီပန်းတွေ ၀ယ်လာတယ်..ကျွန်တော်ကို ချစ်ရင် ပန်ပြပါပေါ့...ရေပက်ရင်းပြောတာ...နောက်နေ့ ကျော်ကျော်အဲ့မဏ္ဍပ်ရောက်တယ်...ပန်းယူလာခဲ့ဖို့မေ့သွားတယ်....စိတ်ကောက်တယ်ဗျ....ရေပက်မခံဘူး...အဲဒါနဲ့ သူငယ်ချင်းတွေကို သွားဝယ်ခိုင်းတယ်....
ပန်းရောက်လာတော့ အဲ့မမကို ပေးလိုက်တယ်...အဲ့ကျမှ ပြုံးတယ်...ပန်းကိုယူပြီး ခဏစောင့်ဆိုပြီး အထဲဝင်သွားတယ်..မဏ္ဍပ်နောက်ပေါ့...ကျော်ကျော်သိနေပြီလေ...အဖြေရပြီဆိုတာကို အေးဆေးပေါ့.....သင်္ကြန်ပြီးရင် ဘယ်မှာတွေ့မယ် ဘာညာ အိမ်တွေဘာတွေမေးတယ် ပြောပြတယ်...အော် မူးပြီး မချစ်ပဲပြောမှ ကျော်ကျော်ရည်းစားရဘူးသွားတယ်....
ဒီတစ်ခါလည်း မကွဲဘူးလားမထင်နဲ့
ကွဲတာပဲဗျို့
ကျော်ကျော် အိမ်လိုက်သွားတယ်...
အဲ့ မမထွက်လာတယ် ကလေးကြီးနဲ့ မေးကြည့်တော့ တူလေးပါတဲ့....အော် ဟုတ်ကဲ့ပါ မမပေါ့...တွေ့ကြမယ်ပေါ့......အိုကေပေါ့....ပြန်လာတယ် မမကို နှုတ်ဆက်ပြီး...အပြန်ကွမ်းယာဆိုင် ၀င်ဝယ်တယ်.....ကွမ်းယာဆိုင်က အစ်ကိုက...ညီလေးတဲ့ ဟိုကောင်မလေးဆီ ဘာလာလုပ်တာလည်းတဲ့.....ဗျာ အဲ့ဒါကျွန်တော်ရည်းစား မမလေဗျာ...သင်္ကြန်တွင်းက ဖြစ်သွားလို့ လာတွေ့တာဗျ...ကျော်ကျော်ခပ်ကြွားကြွားလေး ရင်ကော့ပြောလိုက်တယ်....ဟ ညီလေး မင်းတော့ သေတော့မှာပဲ အဲဒါ အပျိုမဟုတ်ဘူးကွ...ကလေးအမေကွတဲ့.....ဟိုက် ဆိုပြီး...ကျော်ကျော်သေချင်စိတ်ပေါက်သွားတယ်....ထူးဆန်းပါပေ့ ကျော်ကျော်ရယ်....ရှားရှားပါးပါး ရည်းစားလေးရဖူးပါတယ်....ကလေးအမေဖြစ်ရတယ်လို့....
ရေမရှိတဲ့ချောင်း နှာခေါင်းဖော် သေလိုက်ပေရော့
ကံမကောင်းလို့ ဒုသနသောမထိတယ်....
အသဲကွဲသမားကျော်ကျော်ကွဲပေဦးတော့ အသည်း....
Posted by
wkthu
at
4:27 PM
0
comments