မှုန်ပြပြ နံနက်ခင်း
ဆီးနှင်းလေလား မြူလေလား
ဝိုးတိုးဝါးတား ပုံရိပ်များ
လှုပ်ရှားနေသော အရာဝတ္ထုများ
ပျောက်ကွယ်လုနီးပါးကောင်းကင်တစ်ခု
ဆောင်းသခင်ရတု ဖေဖော်ဝါရီ
နရီစည်းချက်သွက်လက် ရက်တစ်ရက်
အလှဖက် စုံမက်သူတွေအတွက်အထိမ်းအမှတ်
ပတ်သက်ပါဝင်နိုင်ပါစေ လူသားအားလုံး
ပြုံးရွှင်စွာ ရယ်မောစွာ
ငြိမ်းချမ်းစွာ သာယာစွာ
လှပစွာ အေးမြစွာ
ဖေးမစွာ တူယှဉ်စွာ
ကမ္ဘာတစ်ခွင်လုံး
စကြာဝဠာတစ်တိုက်လုံး
လွမ်းခြုံဖုံးအုပ်စောင့်ရှောက်လိုက်ပါ အို့ဘယ် နတ်သမီး...............
ကိုသူ(ကဗျာချစ်သူ)
ချစ်သူများနေ့အမှတ်တရ
၁၄.၂.၀၉
Saturday, February 14, 2009
ဖေဖော်ဝါရီနံနက်ခင်းတစ်ခု
Posted by
wkthu
at
4:46 PM
0
comments
Friday, February 13, 2009
ဗိုလ်ချုပ်အောင်ဆန်း(အတိတ်နှင့် ပစ္စုပ္ပန်)

မသိ၍ဆို
မလို၍ပြော။
သူ့စိတ်မှာ အလွန်ယဉ်လို့
သူ့ဥာဉ်မှာ အလွန်သန့်တယ်
ထူးချွန့်သဘော။
မသိ၍ထင်
မမြင်၍ပြော။
သူ့ဝိညာဉ် မသေပျောက်ပါဘူး
မိုးပေါက်လို အစဉ်ကြည်လို့
နေခြည်လို အစဉ်လန်းကာ
ဖျန်းဆွတ်စိတ်စော။
မင်းသုဝဏ်
Posted by
wkthu
at
2:10 PM
0
comments
Monday, February 9, 2009
ကောင်မလေး(၄)၏နောက်ဆက်တွဲ
ဒီတစ်ခါ ကျော်ကျော်ရတဲ့သင်ခန်းစာက
သင်္ကြန်တွင်းမှာ မူးပြီးရည်းစားစကားမပြောတော့ဘူး
ကလေးအမေနဲ့တိုးမှာစိုးလို့
ဘော်ဒါတို့ရေ သင်္ကြန်တွင်းမှာ ဖြစ်ပျက်တာ အတည်သွားထင်မိရင်တော့...
ကျော်ကျော်လို့ကလေးအမေနဲ့တိုးမိမှာစိုးလို့ဗျို့.....
ကောင်မလေးတွေလည်း သတိထားကြဦး.....
အပြောကောင်းတဲ့ ကလေးအဖေနဲ့တိုးနေဦးမယ်ဗျ...အဟီး....
ကျော်ကျော်မကဲဘူးလားဆိုတော့ ကဲပါသေးတယ်.....
စတ္ထုနှစ်လောက်ထိ...သူငယ်ချင်းတွေနဲ့မူးပြီးပျော်တာပဲရှိတယ်.....
သင်္ကြန်တွင်းမှာ ရည်းစားမရှာတော့ဘူး...အသေမှတ်သွားတယ်...
ကြောက်လောက်အောင် ကြုံလိုက်ရသကိုးဗျ......အဟေ့ဟေး....
ကျော်ကျော်ခုနောက်ပိုင်း မကဲတော့ဘူး...သင်္ကြန်မှာ ဘုန်းကြီးဝတ်ပြီး တရားထိုင်တယ်...
တရားတော့ ပေါက်သေးဟန်မတူဘူး...ဘာလို့လည်းဆိုတော့ သင်္ကြန်ပြီးရင် ပြန်ထွက်လာလို့...
အိမ်က ၀တ်ခိုင်းတာတော့မဟုတ်ဘူး သူ့ဖာသာသူဝတ်တာ...
စိတ်ငြိမ်းချမ်းအောင်နေတတ်သွားတာ သဘောကျလို့ဝတ်တာပါလို့တော့ ပြောတာပဲ...
ဟုတ်မဟုတ်ကတော့ ကျော်ကျော်ကိုယ်စောင့်နတ်မှပဲ သိမှာပါလေ.....
Posted by
wkthu
at
4:29 PM
0
comments