
ကောင်မလေး(၆)လား အိမ်ထောင်ကျပြီးပြီပဲဗျ
ကလေးလည်းရနေပြီ...ထုံးစံအတိုင်းပေါ့
ကျော်ကျော်မကွဲဘူးတာဆိုလို့ အဲ့တစ်ခါပဲ
ချစ်မှမချစ်တာ ကွဲမလားဗျ
ကျော်ကျော်က သစ္စာရှိပါတယ်
မချစ်ရင် ဘယ်တော့မှ အသည်းမကွဲဘူး
ကျော်ကျော်အချစ်သစ္စာက အသည်းကွဲဒီဂရီနဲ့သာ ချိန်ဆကြည့်ပေတော့
ဘယ်လောက်ကွဲလည်း စမ်းကြည့်ပေါ့ဗျာ
အစမ်းသပ်ခံပါတယ် အသည်းကွဲတဲ့နေရာမှာ
ခွဲရဲရင် ခွဲကြည့်လိုက်လေဗျာ
ကွဲဖို့ရာ အာမခံတယ် အသည်း အသည်း
ပြောပြီးပြီလေဗျာ အသည်းကွဲတဲ့နေရာမှ ဇက်စ်ပတ်(အိပ်စ်ပတ်ထက်မြင့်တယ်)
ကွဲပြလိုက်မယ့် ကျော်ကျော်အသည်း ဒန့် တန့် တန့် ........အဟတ်ဟတ်......
Saturday, February 21, 2009
ကောင်မလေး(၆)နောက်ဆက်တွဲ
Posted by
wkthu
at
4:12 PM
0
comments
Thursday, February 19, 2009
အသဲကွဲဇာတ်လမ်း(၆)

ကောင်မလေး(၆)က ကောင်မလေး(၅)နဲ့တပြိုင်နက်တွေ့တာဗျ...
ကောင်မလေး(၅)လောက်တော့ ကျော်ကျော်မချစ်ဘူး ခင်တာပဲရှိတယ်...
ကောင်မလေး(၆၀က ကျော်ကျော်ကို အမြဲကူညီတယ်...လေးစားတယ်....
ကျော်ကျော်ကောင်မလေး(၆)ကို ချစ်တယ် သူငယ်ချင်းလို
သင်္ကြန်မှာ ကောင်မလေး(၆)က ကျော်ကျော်ကို ရေလောင်းတယ် ....
ကျော်ကျော်လည်း ပြန်လောင်းတယ်...
ရည်းစားစကားပြောလို့ရတယ် အဲ့အချိန်မှာ....ကျော်ကျော်မပြောဘူး ချစ်မှမချစ်တာကိုး.....
ကျော်ကျော်မချစ်ပဲ ရည်းစားစကားပြောဖူးတာဆိုလို့ ကောင်မလေး(၃)ပဲရှိတာပါ....
နောက်ပိုင်း မပြောတော့ဘူးဗျ.....ရည်းစားစကားကို မချစ်ပဲမပြောတော့ဘူး....
ကောင်မလေးတွေကို လေးစားသမှုရှိသွားတဲ့ သဘောပေါ့....
ကျော်ကျော်ရည်းစားစကားပြောရင် တကယ်ချစ်လို့သာမှတ်လိုက်တော့
ကျော်ကျော်အတွက် ကျော်ကျော်ကိုယ်တိုင်အာမခံတယ်....
အင်းလေ ကျန်တဲ့သူမှ အာမခံလို့မှ မရတာကိုး.....
ကျော်ကျော်မပြောခဲ့တဲ့အတွက် ကောင်မလေး(၆)နဲ့ ရည်းစားမဖြစ်ခဲ့ဘူးပေါ့ဗျာ....
သဘောပေါက်ပါတယ်နော့....ရှင်းနေတာကြီးကို.....
Posted by
wkthu
at
5:08 PM
0
comments
Wednesday, February 18, 2009
ကျွန်တော်နဲ့အပိုင်းအစများ

ဆရာတာရာမင်းဝေ
ကမ္ဘာနှစ်ထပ် ၀တ္တု
စောင်းကြိုးတန်းလန်းနဲ့လခြမ်း
စာအုပ်ကို ဖတ်မိပြီးရေးဖြစ်တဲ့ စာကြောင်းလေးတွေပါ
၁။အမုန်းက 'တကယ်တော့ အချစ်ဆိုတာ အလကားကောင်'တဲ့
အချစ်က 'တကယ်တော့ အမုန်းဆိုတာ ငါနဲ့ကျောချင်းကပ် သူငယ်ချင်းပါဟာ"တဲ့
အလွမ်းက "အချစ်နဲ့အမုန်းမရှိရင် ငါလည်းရှိမှာ မဟုတ်ပါဘူးကွာ"တဲ့
အနမ်းက "အချစ်ရှိရှိမရှိရှိ ငါကို တစ်ခါတစ်လေ သုံးကြတာဆိုးတယ်ကွာ"တဲ့
၂။အတိတ်က'ငါ့ကိုပြန်လှည့်ကြည့်မနေနဲ့ ဘယ်တော့မှ ပြန်မလာဘူး'တဲ့
ပစ္စပ္ပုန်က "ငါကလွဲပြီး ဘယ်သူမှမကြည့်နဲ့ ကြားလား"တဲ့
အနာဂတ်က "ငါဘယ်လိုဖြစ်မယ်ဆိုတာ မသိဘူးမို့လား"တဲ့
၃။အချိန်က" မင်းရပ်ချင်ရပ်နေ ငါမရပ်ဘူး"တဲ့
အသက်က " ငါလည်းကြီးပဲကြီးတတ်တာ ပြန်မငယ်တတ်တဲ့ကောင်"တဲ့
၎။စိတ်က "ငါု့ကို ဘယ်သူမှ မထိန်းချုပ်နိုင်ဘူး ငါ့ကိုငါပဲ ထိန်းချုပ်နိုင်တာပါ"တဲ့
ကိုယ်က "ငါ့ကို တွယ်တာမနေနဲ့ တနေ့နေ့စွန့်ခွာသွားမှာပါ 'တဲ့
၅။အလှက"ရုပ်ဆိုးတယ် အကျဉ်းတန်တယ်ဆိုတာလည်း ငါရဲ့ဘော်ဒါတွေပါ"တဲ့
၆။အမဲ့က "ငါလည်းဒီလိုနေချင်လို့ နေတာမဟုတ်ဘူး''တဲ့
အပြုံးက "ငါလည်းစိတ်မပါပဲ အကြာကြီးနေရင် ညောင်းတာပေါ့ကွာ" တဲ့
ခပ်တည်တည်က" ဒီလိုနေရတာကြာတော့လည်း ခံစားမှုမဲ့တယ် အထင်ခံမှာပေါ့"တဲ့
Posted by
wkthu
at
5:00 PM
0
comments