Sunday, March 23, 2014

မိဘ(သို့)တုနှိုင်းမဲ့ မေတ္တာရှင်များ



သူတို့သည်

လောကကြီးကို မိတ်ဆက်ပေးသူများ ဖြစ်ကြသည်…

သူတို့သည်

ထာဝရမေတ္တာရှင်များ ဖြစ်ကြသည်…

သူတို့သည် တုနှိုင်းမရသူများ ဖြစ်ကြသည်…

သူတို့သည် ဘာကိုမှ ပြန်လည်မမျှော်လင့်ကြ…

သူတို့သည် ပေးဆပ်ခြင်းနဲ့ ပျော်မွေ့….

သူတို့သည်

အေးရိပ်ဆာယာ…

အကြင်နာပန်း

အစဉ်လန်းလျှက်

မောပန်းမမှု

ထုဆစ်အမြဲ

ကရုဏာအသည်း

မုဒိတာနှလုံး

မဆုံးတမ်း ချစ်ခြင်းများစွာဖြင့်…

ကမ္ဘာကို အလှဆင်သူများသာ ဖြစ်ကြပေသည်…

စမ်းချောင်းလေး

နံနက် ၁၀း၂၄ ၂၃.၃.၂၁၀၄

Saturday, March 22, 2014

ထွက်မသွားပါနဲ့



ကာရန်တွေရယ်

ဘယ်ကိုမှ ထွက်မသွားပါနဲ့

ကဗျာရဲ့ရင်ကွဲရှသွားမှာ စိုးလို့ပါ…..

နရီတွေရယ်

ဘယ်ကိုမှ ထွက်မသွားပါနဲ့

သံစဉ်ရဲ့ရင်ထိရှသွားမှာ စိုးလို့ပါ..

ချစ်ခြင်းတွေရယ်

ဘယ်ကိုမှ ထွက်မသွားပါနဲ့

နှလုံးသားတစ်ခု ပျောက်ရှသွားမှာ စိုးလို့ပါ……

စမ်းချောင်းလေး

နံနက် ၈း၃၀ ၂၂.၃.၂၀၁၄

Sunday, March 16, 2014

မျော်လင့်ခြင်း အရိပ်မဲ့ပန်းများ



ဆိုကြပါစို့

လောကကြီးသည် ဥယျာဉ်

ကလေးများသည် ပန်း

လန်းဆန်းစေချင်တာ ဓမ္မတာ…

ပမာမတင် စာမယဉ်

အကြင်နာလို ကရုဏာချိုတဲ့

ဟုတ်ကဲ့…အရိပ်မဲ့ပန်းလေးတွေ

မဝေတောင်မှ မကြွေစေချင်

အလှအယဉ်ဆင့်

ဘ၀အဆင် မြင့်စေ…

ဝေကြပါ မေတ္တာ

ခြွေချပါ မုဒိတာ

ထာဝရလန်း

မနွမ်းစေဖို့

ဖေးမလို့ ကူညီကြပါစို့လား…လေ…

တို့တတွေ စာနာမှုအပြည့်တွေနဲ့ပေါ့….

ကိုသူ(ကဗျာချစ်သူ)

နေ့လည်၁း၂၂ ၁၆.၃.၂၀၁၄