Wednesday, October 24, 2007

ငှက်ကလေး၏အဘိဓာန်



ှအိုဘယ့် အသင်



အသင်ငှက်ကလေး



သင်ပျံသန်းရာ



ကောင်းကင်ပြာကား



ဆုံးမှာမရှိ



ကျယ်ပြောဘိလျက်



ပျံတက်အလျင်း



ခရီးပြင်းနှင်



အတင်းဘာကြောင့် ချီတက်နေသနည်း...



အိုဘယ့် အသင်



အသင်ငှက်ကလေး



ဖော်လည်းမပါ



တစ်ကိုယ်သာတည်း



ညည်းငြူမရှိ



မပျင်းရိပါ



ဧကစာသာ ဘာကြောင့်ပျံသန်းနေသနည်း....



အိုဘယ့်အသင်



အသင်ငှက်ကလေး



ဘေးရန်မမှု



ဖော်မပြုဘဲ



မုန်တိုင်းလဲနှင်



လေပြင်းဝင်သော်



သင်ဘယ်မှာနား



အားကိုးရှာမည်



သင်သည် အာဂသတ္တိရှင်ပါတကား...



အိုဘယ့်လူသား



အသင်လူသား



သင်မကြားဘူးသလော



ရှေးလူတွေပြောချက်



ငှက်သည် ပျံရင်းသေ၏



လူသည် ကြံရင်းသေ၏



ဆိုရိုးရှိဘိ



ငါ၏ ခရီးပြင်း



မရောက်မချင်းသာ



အတင်းငါဟာ ချီတက်ပါမည်



ဘေးရန်ဘာကို မှုမနေပါ



ကြောက်မွေးငါမှာ မပါပါပြီ



ဂဏာဟိ အသင်လူသား မှတ်ထားပါလော..



သင်ကားလူသား



သင်စွမ်းပကားကို



ဘယ်လို အခက်အခဲ



ကျော်ဖြတ်ရဲက



မုချသင်သည်



သင်ရည်မှန်းရာ



သင်လိုရာကို



ရကိုရမည်



ဇွဲ ၀ီရိယသာ အရင်းတည်လော



ရှေ့ဆက်ကာသာ ချီတက်ပါလော



အန္တရာယ်မှန်သမျှ ဖြိုခွင်းပါလော



အခက်အခဲဟူသမျှ ကျော်ဖြတ်ပါလော



စိတ်ဓာတ်ကိုသာ ပဓာနတည်လော.....



ကိုသူ

No comments: