Friday, January 18, 2008

အချစ်ငတ်နှလုံးသား

နှလုံးသားရယ်
ဘာကြောင့်မွန်းကျပ်နေတာလည်း
မျက်လုံးများရယ်
ဘာကြောင့်မမှေးစက်နိုင်လည်းကွယ်
အတွေးများရယ်
ဘာကြောင့်မရပ်တန့်နိုင်ရပြန်ပြီလည်း
သတိရမှုများရယ်
ဘာကြောင့် ရင်ထဲဖွတ်ဝင်လာရတာလည်း
တမ်းတမှုများရယ်
ဘာကြောင့် စိတ်ထဲစိုးမိုးနေလည်းကွယ်...
လွမ်းဆွတ်မှုများရယ်
ဘာကြောင့်အသည်းထဲပြည့်နှက်နေလည်း
မွန်းကျပ်နေသော နှလုံးသား
မမှေးစက်နိုင်သော မျက်လုံးများ
မရပ်တန့်နိုင်သော အတွေးများ
အားလုံးဟာ မင်းကြောင့်ပါပဲ သိနေရင်တော့
သတိရတမ်းတလွမ်းဆွတ်နေတတ်သော
နူးညံ့တဲ့ နှလုံးသားရင်ခွင့်တစ်စုံကို
ရက်စက်စွာပစ်ထားနိုင်ဦးမလားလေ..
အငြိုးကြီးစွာ ညှင်းဆဲနိုင်ဦးမှာလားလေ...
အကြောင်းမဲ့သက်သက်စိမ်းကားနိုင်ဦးမှာလားလေ..
မတွေ့ရင် မနေနိုင်ခဲ့တာတွေ
မကြားရင်မနေနိုင်တဲ့ မင်းအသံလေး
မချစ်ရလို့နေမထိထိုင်မသာဖြစ်တဲ့ ကိုယ့်နှလုံးသား
အားလုံးဟာမင်းကြောင့်ပါပဲ...ကောင်မလေးရေ
ဖွင့်မပြောပေမယ့် ရှိနေတဲ့အချစ်တွေ
ဖော်မပြပေမယ့် တမ်းတသတိရမှုတွေ
မင်းမသိပေမယ့် ကြေကွဲလွမ်းဆွတ်မှုတွေ
လှည့်ကြည့်ရင်မြင်နိုင်ပါတယ် ကလေးရေ
မနေနိုင်လို့ ရေးမိတဲ့ ကဗျာတွေ
မဖြေနုင်လို့ ညည်းမိတဲ့ သီချင်းတွေ
မခံနိုင်လို့ ပေါက်ကွဲထွက်ခဲ့တဲ့ ခံစားမှုတွေ..
ကဗျာတွေဟာ ကာရံမဲ့ပြီ
သီချင်းတွေဟာ သံစဉ်မဲ့ပြီ
ခံစားမှုတွေဟာ ပျော်စရာဆိတ်သုံးပြီ
ထိရှလွယ်သော ဒီအသည်းနှလုံးကို
တစ်သက်လုံးပဲ မျက်ကွယ်ပြုပြီလား သခင်ရယ်......


ကိုသူ


Content 3 here.


No comments: